Extra-1[RL]

2.4K 117 2
                                    

Unicode

ထရစ်ဗစ်ဟာနိုးထလာခဲ့သည်။သူကဂူတစ်ခုဆီကျောက်ဖြာကြီးတစ်ခုတွင်လှဲလျောင်းနေခြင်းဖြစ်ပြီး နိုးထလာသည်နှင့်ချက်ချင်းထလိုက်ပြီး ဘေးဘီကိုလှည့်ကြည့်လိုက်သည်။ သူ့ရဲ့ဘေးဘက်တွင်လည်း ကျောက်ဖြာကြီးတစ်ခုရှိကာ ထိုပေါ်တွင်ချောမောကြည့်ကောင်းသည့်အမျိုးသားလေးဟာလှဲလျောင်းလို့နေလေသည်။ သူ့ရဲ့ပိတ်ကျနေသောမျက်ဝန်းတစ်စုံနှင့်ဖြူဖတ်ဖြူလျော်မျက်နှာအသွင်အပြင်ကြောင့် အသက်ဝိညာဥ်မဲ့နေသည့်အလောင်းလို့ပင်ထင်ရစေသည်။ အမှန်တကယ်ကအားနည်းနေခြင်းသာဖြစ်ပေသည်။

ထရစ်ဗစ်ဟာကျောက်ဖြာပေါ်မှဆင်းလိုက်ပြီး သူ့ရဲ့ကြင်ယာတော်ဆီသို့လျှောက်သွားလိုက်သည်။ ထိုနောက် ကြင်ယာတော်၏မျက်နှာလေးကိုငေးကြည့်လိုက်ကာ နူးနူးညံ့ညံ့ပြုံးလိုက်ပြီး မျက်နှာလေးကိုထိတွေ့လိုက်သည်။ ထိုနောက် သူလက်တစ်ချက်အဝေ့မှာ စွမ်းအင်ဓာတ်လုံးနှစ်လုံးပေါ်လာသည်။ တစ်ခုကမှတ်ဉာဏ်အမြူတေဓာတ်လုံးဖြစ်ပြီး နောက်တစ်ခုကအသက်ဝိညာဥ်အမြူတေဓာတ်လုံးသာဖြစ်သည်။

ထရစ်ဗစ်ဟာထိုအမြူတေဓာတ်လုံးနှစ်လုံးကိုယူကာ ကြင်ယာတော်၏ရင်ဘတ်ပေါ်တင်လိုက်သည်။အမြူတေဓာတ်လုံးနှစ်လုံးဟာ ပိုင်ရှင်ကိုတွေ့တဲ့အလား ခန္ဓာကိုယ်အတွင်းထဲသို့အမြန်ဆုံးတိုးဝင်ကာ ပျောက်ကွယ်သွားကြသည်။

ခဏနေတော့ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့်ကြင်ယာတော်၏မျက်နှာလေးဟာ သွေးရောင်လွှမ်းလာကာ အရင်ကထက်ပိုပြီးအလှအပတို့ပေါ်လွင်လာသည်။ နှုတ်ခမ်းလေးဟာလည်း ဆေးဆိုးထားခြင်းမရှိပဲသဘာဝအတိုင်းပန်းသွေးရောင်သမ်းဝေလို့နေလေသည်။

ထရစ်ဗစ်မှာမနေနိုင်ပဲ ခေါင်းကိုငုံ့လိုက်ကာ ထိုနှုတ်ခမ်းလေးအပေါ်အနမ်းခြွေလိုက်မိသည်။ ထိုစဥ်-

[အရှင်!]

၇နှဈသားအရှယျရှိသောနတျသူငယျလေးတဈပါးဟာ ဂူအတွင်းသို့ဝင်ရောက်လာလေသည်။ ထိုနတ်သူငယ်လေးရဲ့ဆံနွယ်တို့ဟာအဖြူရောင်ရှိပြီး မျက်ဝန်းသားအနက်ရောင်လေးနှင့်နီနီရဲရဲသွေးကြည်ဥနေတဲ့ပါးဖောင်းဖောင်းလေးတို့ကချစ်စဖွယ်ကောင်းလှသည်။ ထိုနတ်သူငယ်လေးက ထရစ်ဗစ်ကိုအရိုအသေပြုလာပြီးနောက် ကျောက်ဖြာထက်တွင်လှဲလျောင်းနေသောကြင်ယာတော်ကိုခြေဖျားလေးထောက်လျက် လှမ်းကြည့်ကာ..

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now