Extra-4[RL]

598 73 1
                                    

Unicode

နတ်ဘုရားများအကုန်စုံလင်စွာဖြင့် ညီလာခံသို့တက်ရောက်လာကြပြီး ကိုယ်စီနေရာတွင်ရပ်ကြလျက် ညီလာခံထဲ၌ စကားသံများဖြင့်ပွက်လောရိုက်နေတော့သည်။ သူတို့ဟာ စစ်နတ်ဘုရား၏ဘေးတွင်ရပ်နေသောနတ်ဆိုးဘုရင်ကြီးကို ကြည့်၍လည်း ပွစိပွစိပြောဆိုနေကြသည် ။ နတ်ဆိုးဘုရင်ကြီးရောက်လာသည်က ငြိမ်းချမ်းရေးဖျက်သိမ်းဖို့လားဟုတွေးနေကြတော့သည်။

ထိုနတ်ဘုရားများကြားထဲတွင် ပန်းနတ်သမီးလည်းရှိနေပြီး သူ(မ)ကခပ်ပြုံးပြုံးနှင့်ရပ်နေလေသည်။ တကယ်လို့ မိစ္ဆာတွေနဲ့နတ်ဘုရားတွေကြား စစ်ဖြစ်ခဲ့ရင်လည်း အဆင်ပြေသည်။ ဒီရွံရှာဖို့ကောင်းသော မိစ္ဆာတွေကိုရှင်းထုတ်ပစ်မည်။အစကတည်းက ကောင်းကင်ဧကရာဇ်မင်းဟာ မိစ္ဆာနဲ့နတ်ဘုရားတွေကြား၌ငြိမ်းချမ်းရေးစာချုပ်ကိုမချုပ်ဆိုခဲ့သင့်ပေ။ ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုခဲ့တဲ့အပြင် နတ်ဆိုးတကောင်ကိုတောင် ကြင်ယာတော်အဖြစ်လက်ခံလိုက်သေးသည်။ ဒါကတကယ်ကို စိတ်ပျက်စရာနှင့်ဂုဏ်သိက္ခာကျစရာအဖြစ်အပျက်ပဲဖြစ်သည်။ သူတို့နတ်ဘုရားတွေက ဒီမိစ္ဆာတွေထက်အစစအရာရာသာလွန်တဲ့ဟာကို ဘာကြောင့်များဒင်းတို့ကသူတို့နဲ့တန်းတူဆက်ဆံခံရခွင့်ရှိမှာလဲ။ ဒင်းတို့မိစ္ဆာတွေကမြေတွင်းထဲမှာ ကြွက်တွေလိုနေသွားရသင့်တဲ့ဟာတွေ။

ကောင်းကင်ဧကရာဇ်မင်းကြီးဟာ ပလ္လင်တွင်ထိုင်နေရာမှထလိုက်ပြီး သူဟာစိတ်အခြေအနေမကောင်းပေမဲ့ တည်တည်ငြိမ်ငြိမ်ဖြင့်စကားဆိုလိုက်သည်။

"အားလုံးကို ညီလာခံကိုခေါ်ရတဲ့အကြောင်းအရင်းက ကိစ္စရပ်တစ်ခုဖြစ်ပွားခဲ့လို့ပဲ။ အဲဒီကိစ္စကအရမ်းအရေးကြီးပြီး မိစ္ဆာနဲ့နတ်ဘုရားကြားကငြိမ်းချမ်းရေးစာချုပ်ကိုပျက်သွားစေနိုင်တဲ့အထိပါပဲ.."

အကုန်လုံးကပွက်လောရိုက်ကုန်ပြီး နတ်ဆိုးဘုရင်ကြီးကိုလည်းကြည့်ကာ သို့လောသို့လောဖြင့်ပြောဆိုနေကြသည်။ နတ်ဆိုးဘုရင်ကြီးကတော့ မျက်နှာခပ်တည်တည်ဖြင့်သာ လက်ပိုက်ပြီးရပ်နေလေသည်။ဒါပေမဲ့ သူ့အနားတဝိုက်၌ဒေါသအငွေ့အသတ်သို့ထုတ်လွင့်ထားတာကြောင့် စစ်နတ်ဘုရားကလွဲပြီး သူနဲ့နီးသောနတ်ဘုရားငယ်တချို့မှာ အဝေးသို့ဆုတ်သွားကြသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now