Extra-8[RL]finale

716 84 4
                                    

Unicode

ထရစ်ဗစ်ဟာနောက်ဆုံးတော့ Shayရဲ့အခန်းဆောင်ထဲသို့ရောက်ရှိလာသည်။ နေ့ရက်တွေဆက်တိုက်စောင့်နေခဲ့ရတဲ့အကျိုးကျေးဇူးကြောင့် အခုလိုအခန်းဆောင်ထဲသို့ဝင်ကာစောင့်ရတဲ့အဆင့်သို့တက်လာခဲ့သည်။ ဒါကယောက္ခမကြီးကိုကျေးဇူးတင်ရမည်။ ယောက္ခမကြီးရှေ့မှာသနားကမားမျက်နှာကိုပြလိုက်ပြီး ယောက္ခမကြီးရဲ့သနားကြင်နာပေးမှုကြောင့်ဖြစ်သည်။

ထရစ်ဗစ်ကနှစ်ယောက်အိပ်ခုတင်အကျယ်ကြီးပေါ်မှာတက်ထိုင်လိုက်ပြီး အခန်း၏အပြင်အဆင်ကိုကြည့်လိုက်သည်။Shayနှင့်လက်ထပ်ထားတာနှစ်တွေကြာမြင့်လာပြီဖြစ်ပေမဲ့ Shayရဲ့အခန်းထဲကိုတော့ဒါပထမဆုံးရောက်ဖူးတာပဲဖြစ်သည်။

ထိုစဥ် တံခါးကဖွင့်လာပြီး Shayတစ်ယောက်အခန်းထဲကိုဝင်လာသည်ကိုမြင်လိုက်ရသည်။ ထရစ်ဗစ်ကပျော်ရွှင်သွားကာ ခုတင်ပေါ်မှအမြန်ထလိုက်ပေမဲ့ Shayရဲ့ပုံစံကိုမြင်တဲ့အခါ တခဏအတွင်းမှာပဲထရစ်ဗစ်မျက်နှာထက်ကအပြုံးကပျောက်ကွယ်သွားပြီး တင်းမာသွားလေတော့သည်။

Shayကထရစ်ဗစ်ကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်ပြီး ထရစ်ဗစ်ဆီသို့လျှောက်သွားလိုက်ကာ ရန်ဖြစ်ဖို့ပြင်လိုက်ပေမဲ့ ထရစ်ဗစ်ကရုတ်တရက်သူ့ရဲ့လက်မောင်းကိုဆုတ်ကိုင်လာပြီး သူ့တကိုယ်လုံးကိုအထက်အောက်စုံကြည့်ကာ အော်ပြောနေခြင်းမဟုတ်သည့်တိုင် ဒေါသငွေ့တို့ကိန်းအောင်နေသောအသံဖြင့်ပြောလာသည်။

"ဒီပုံစံကဘယ်လိုဖြစ်နေတာလဲ!"

Shayဟာ ဝတ်ရုံကြိုးကိုခပ်ပျော့ပျော့ချည်ထားပြီး ဝတ်ရုံရဲ့ရင်အကွဲ၌ ဖြူဖွေးနေသောရင်ဘတ်တစ်စုံဟာအတိုင်းသားပေါ်လွင်နေသည်။ ခြေတံရှည်တစ်စုံဟာလည်း ပေါ်လွင်နေပြီး ရေစက်ရေပေါက်ကလေးများက လိမ့်ခနဲကျဆင်းနေလျက်ရှိကာ ဒါကအရမ်းကိုဆွဲဆောင်မှုရှိလွန်းသည်။

ဆံနွယ်နက်များကကျောပြင်လေးထက်ဝဲကျနေပြီး ရှေ့ဆံနွယ်စတချို့ဟာ ပါးပြင်တို့ထက်မှာကပ်တွယ်နေတော့သည်။ ရေချိုးပြီးခါဖြစ်တာမလို့ အသားအရည်လေးကပန်းရောင်သမ်းကာဖြူအုနေပြီး နှာခေါင်းထိပ်ကလေးနှင့်နှုတ်ခမ်းသားတို့ကရဲလို့နေကာ တမျိုးချစ်စရာကောင်းနေသည်။

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now