Extra-2[RL]

831 89 0
                                    

Unicode

"ကြင်ယာတော်ကတကယ်ပဲမနိုးသေးတာဟုတ်ရဲ့လား၊ သူကတမင်နင့်ကိုအဝင်မခံတာများလား။ ဒါဆိုရင်တော့ အရမ်းရိုင်းပြတဲ့အပြုအမူပဲနော်။ နင်ကတော့စိတ်ပူပြီး သတင်းသွားမေးတဲ့ဟာကို.."

"ပန်းနတ်သမီးကအရင်ကတည်းက ကြင်ယာတော်ကိုခင်မင်ခဲ့တယ်။ဒါပေမဲ့ ကြင်ယာတော်ကပန်းနတ်သမီးကိုအမြဲအေးစက်စက်နဲ့ပဲ..ပန်းနတ်သမီးရဲ့လူကိုလုယူသွားပြီးတော့ အားနာတတ်မှုလဲမရှိဘူး"

"ပန်းနတ်သမီးရဲ့ကြင်နာမှုနဲ့ကြင်ယာတော်ကမထိုက်တန်ဘူး"

ပန်းနတ်သမီးနှင့်သူ့ရဲ့အပေါင်းအပါနတ်သမီးတချို့က ညီလာခံပြီးသွားတဲ့အခါမှာတော့ တနေရာမှာစုဝေးကာပြောဆိုနေကြသည်။ သူတို့ကအသံကိုမတိုးထားတာကြောင့် တချို့နတ်ဘုရားတွေကကြားနေရတော့သည်။ဒါပေမဲ့ သူတို့ကဘာမှဝင်မပြောကြပဲ ခေါင်းတယမ်းယမ်းဖြင့်သာထွက်သွားကြသည်။ထိုထဲတွင် ရပ်ကြည့်မနေနိုင်သောနတ်ဘုရားငယ်တစ်ပါးက ဝင်ပြောလာသည်။

"မင်းတို့ပြောနေတဲ့လူက အရှင့်သားရဲ့ကြင်ယာတော်ဆိုတာမမေ့ပါနဲ့။ ပြီးတော့ အရှင့်သားကပန်းနတ်သမီးရဲ့လူဘယ်တုန်းကဖြစ်သွားတာလဲ?ပန်းနတ်သမီးနဲ့အရှင့်သားကဘာမှမပတ်သတ်တာအကုန်လုံးသိတာပဲလေ။ ပြီးတော့ အရှင့်သားကိုယ်တိုင်က ကြင်ယာတော်ကိုလိုက်ပိုးပန်းခဲ့တာလဲအကုန်လုံးသိကြတယ်။ ဘယ်တုန်းကကြင်ယာတော်ကအရှင့်သားကိုလုယူလို့လဲ အစကတည်းက အရှင့်သားကကြင်ယာတော်ရဲ့လူပဲလေ"

"ဘာပြောတယ်!ဒီကိစ္စရှင်နဲ့ဘာဆိုင်နေလို့ဝင်ပြောနေတာလဲ!"

ထိုနတ်ဘုရားငယ်ကရာထူးနိမ့်တာကြောင့် နတ်သမီးတွေကမကြောက်ကြချေ။

"မင်းတို့ဘာသာအဆောင်ပြန်ပြီး တိုးတိုးပြောဆိုရင်တော့ ငါကဝင်ပြောမှာမဟုတ်ဘူး။ဒါမဲ့ မင်းတို့ကညီလာခံအပြင်မှာ အကုန်လုံးကြားတဲ့အထိပြောဆိုနေမှတော့ ငါကငြိမ်ခံနေနိုင်ပါ့မလား။"

ပန်းနတ်သမီးကထိုလျှာဝင်ရှည်သည့်နတ်ဘုရားငယ်ကို စိတ်ထဲ၌မကျေနပ်ဖြစ်နေပေမဲ့ အပြင်ဖက်မှာတော့ သူ(မ)ကဘာမှမဖြစ်ဟန်ဖြင့် အလှပဆုံးအပြုံးလေးတစ်ခုကိုဆင်မြန်းလိုက်ကာ..

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now