Extra-5[RL]

671 77 1
                                    

Unicode

ထိုမျက်ဝန်းတွေနဲ့အကြည့်ဆုံလိုက်မိသည့်အခိုက် ပန်းနတ်သမီးရဲ့ခန္ဓာကိုယ်ဟာတုန်ရီလာတော့သည်။

"မ..မဟုတ်ဘူး..ထရစ်ဗစ် ကျွန်မမဟုတ်ဘူး..ဟင့်အင်း"

"အိုး..မင်းကဘာကိုမဟုတ်တာလဲ?ငါတို့မင်းကိုဘာမှတောင်မမေးရသေးဘူးလေ"

နတ်ဆိုးဘုရင်ကြီးဟာ ထရစ်ဗစ်ရဲ့ဘေးဆီမှာဝင်ရပ်လိုက်ပြီး ပန်းနတ်သမီးကိုခက်ထန်စွာစိုက်ကြည့်လိုက်သည်။ ထိုနောက် ထရစ်ဗစ်ကို"စလို့ရပြီ"ဟူ၍မေးငေါ့ကာပြောလိုက်သည်။ ပန်းနတ်သမီးကထိုမြင်ကွင်းကိုကြည့်ပြီး နောက်ဆုံးမှာတော့ သူ(မ)ဟာနတ်ဆိုးဘုရင်နှင့်ထရစ်ဗစ်တို့ရဲ့ထောင်ချောက်ထဲကကြွက်ငယ်လေးတကောင်သာဖြစ်ကြောင်းကိုသိရှိသွားတော့သည်။

သူတို့ကအစကတည်းက သူ(မ)ကြင်ယာတော်ကိုသတ်လိမ့်မယ်ဆိုတာကို သိထားကြတာပဲ။ တမင်သူ(မ)ကိုဖမ်းချင်လို့ မသိချင်ယောင်ဆောင်ပြီး ထိုအခန်းထဲမှာသရုပ်ဆောင်ခဲ့ကြတာပဲ။ ဒါကြီးက တအားယုတ်မာလွန်းကြသည်။ သူတို့ကသူ(မ)ကိုလှည့်စားပြီး ထောင်ဖမ်းခဲ့ကြသည်။ သူ(မ)အခုဘာဆက်လုပ်ရတော့မှာလဲ။

"ဘာတွေဖြစ်နေတာလဲ..ဘာလို့ပန်းနတ်သမီးကိုအဲလိုလုပ်တာလဲ?"

"အရှင့်သား..အဲဒါပန်းနတ်သမီးလေ၊ အခုကိစ္စနဲ့သူကဘာဆိုင်လို့လဲ?"

အကြောင်းအရင်းမသိကြသော နတ်ဘုရားများက ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ သူတို့က နတ်ဆိုးဘုရင်ကြီးဟာ ပန်းနတ်သမီးအပေါ်ကြမ်းတမ်းစွာတွန်းချလိုက်တာကြောင့် မကျေနပ်ကြချေ။ နတ်ဆိုးတစ်ပါးက ကောင်းကင်ဘုံလာပြီး ကောင်းကင်ဧကရာဇ်မင်းရှေ့မှာတင် နတ်ဘုရားတစ်ပါးကိုလာရောက်ထိခိုက်နေသည်။ သူကတကယ်ပဲ ငြိမ်းချမ်းရေးစာချုပ်ကိုဖျက်သိမ်းချင်နေတာနဲ့တူသည်။ အဲဒီတော့ သူတို့ကလည်းဘာကိုဂရုစိုက်ရမှာလဲ၊ဖျက်မယ်ဆိုတော့ဖျက်ကြတာပေါ့၊ မိစ္ဆာတွေနဲ့စစ်ပွဲစမယ်ဆိုလည်းစကြတာပေါ့။ သူသေကိုယ်သေတိုက်ကြတာပေါ့ ၊ဘာကြောက်နေရမှာလဲ။

နတ်ဆိုးဘုရင်ဟာသူ့ကိုလာစိုက်ကြည့်နေသော နတ်ဘုရားငယ်များအား သူ့ရဲ့သွေးနီရောင်မျက်ဝန်းဖြင့်ခပ်စူးစူးစိုက်ကြည့်လိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now