Extra-6[RL]

644 76 0
                                    

Unicode

ထရစ်ဗစ်ရဲ့စူးရှသည့်အကြည့်တို့ဖြင့် ဆုံလိုက်သည့်အခိုက်အတန့်မှာ ပန်းနတ်သမီးတစ်ယောက်လိပ်ပြာမလုံမလဲဖြစ်ကာ မျက်နှာမှာလည်းပျက်ယွင်းသွားပြီး အမှန်တရားကိုထုတ်ပြောလာတော့သည်။ သူ(မ)ကစိတ်လွတ်သွားတာကြောင့်ပဲလား၊ သူ(မ)ရဲ့လုပ်ရပ်တွေကဖုံးဖိမရဖြစ်သွားတာကြောင့်ပဲလားတော့မသိချေ။

"ကျွန်မသူ့ကိုသတ်ပစ်လိုက်တာ အဲဒီတော့ဘာဖြစ်လဲ?သူကရှင့်ကိုကျွန်မဆီကနေလုယူသွားတာလေ၊သူသာရှင်နဲ့ကျွန်မကြားမှာ ဝင်ပြီးမနှောင့်ယှက်ခဲ့ရင် ရှင်ကကျွန်မရဲ့အပိုင်ဖြစ်နေတော့မှာပဲ၊ သူ့ကြောင့်ပဲ ရှင်နဲ့ကျွန်မဝေးကွာသွားရတာလေ။ သူသေသင့်တာပဲ!"

အကုန်လုံးမှာတိတ်ဆိတ်သွားကြပြီး ပန်းနတ်သမီးအားမယုံကြည်နိုင်မှုတို့ဖြင့်ကြည့်နေကြတော့သည်။ နူးညံ့သိမ်မွေ့လှသောပန်းနတ်သမီးက အခုဆိုရင်တော့ဖြင့် ရုပ်ဆိုးအကျဥ်းတန်ကာအပြောအဆိုတို့ကကြမ်းတမ်းဆိုးယုတ်နေတော့သည်။

နောက်ဆုံးမှာတော့ ပန်းနတ်သမီးတစ်ယောက် ဘာကြောင့်များကြင်ယာတော်ကိုသတ်ခဲ့တာလဲဆိုတာကိုအကုန်လုံးကနားလည်သိရှိသွားကြတော့သည်။ ပန်းနတ်သမီးဟာ အရှင့်သားအပေါ်မှာခံစားချက်ရှိနေပြီး အရှင့်သားကိုသူ(မ)ပိုင်ဆိုင်ခွင့်ရမည်ထင်ထားခဲ့ပေမဲ့ ကြင်ယာတော်ပေါ်လာတဲ့အခါမှာတော့ သူ(မ)ရဲ့ထိုအခွင့်အရေးတွေဆုံးရှူံးခဲ့သည်။ ကြင်ယာတော်ကိုရွေးချယ်သွားသော အရှင့်သားကိုသူ(မ)ကမကျေနပ်သော်လည်း မုန်းတီးခြင်းတော့မဖြစ်ချေ။ အဲဒီအစား သူ(မ)ဆီမှအရှင့်သားကိုလုယူသွားသော ကြင်ယာ်တော်ကိုသာသတ်ပစ်ချင်ရလောက်အောင်အထိ သူ(မ)ကမုန်းတီးလွန်းလေသည်။ ကြင်ယာတော်သာမပေါ်လာခဲ့ရင် အရှင့်သားဟာသူ(မ)ရဲ့အပိုင်ဖြစ်လာလိမ့်မည်ဟုသူ(မ)ကအပိုင်တွက်ထားပြီး ကြင်ယာတော်ကိုသတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ ပန်းနတ်သမီးမသိတာက အရှင့်သားဟာ သူ(မ)အပေါ်မှာမည်သည့်ခံစားချက်မျှမရှိချေ။ ကြင်ယာတော်မပေါ်လာခဲ့ရင်တောင်မှ အရှင့်သားဟာပန်းနတ်သမီးအား လုံးဝချစ်လာလိမ့်မှာမဟုတ်ဘူး။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now