Extra-7[RL]

623 69 4
                                    

Unicode

"သားတော်လေး.."

Shayနှင့်ရုပ်ဆင်လှသော အမျိုးသားတစ်ယောက်ဟာ သိမ်မွေ့ပြေပြစ်သောခြေလှမ်းတို့ဖြင့် ရေကန်ထဲတွင်ရေစိမ်နေသောShayဆီသို့ လျှောက်လှမ်းလို့လာလေသည်။ Shayကမျက်လုံးမှိတ်ထားကာ ကန်ဘောင်ပေါ်သို့လက်နှစ်ဖက်တင်ကာကျောမီထားလျက် အတွင်းဝတ်အပါးဖြင့် ရေစိမ်နေလျက်ရှိပြီး ရေစက်ငယ်တို့က လည်ပင်းမှနေဝမ်းဗိုက်ကြွက်သားများရှိရာသို့လှိမ့်ခနဲဆင်းသက်နေကြသည်။ Shayဟာ သူ့ပါးပါး၏အသံကိုကြားတဲ့အခါ မျက်လုံးဖွင့်ကြည့်လျက် ပါးပါးရှိရာသို့လှည့်ကြည့်လိုက်သည်။

သူ့ပါးပါးကိုခေါ်လိုက်သော Shayရဲ့အသံကအက်ရှလို့နေသည်။

"ပါးပါး.."

Asaဟာကန်ဘောင်ပေါ်တွင်ဝင်ထိုင်လိုက်ပြီး သားဖြစ်သူကိုငုံ့ကြည့်လိုက်ကာ နူးနူးညံ့ညံ့စကားဆိုလိုက်သည်။

Asaဆိုတာ Shayရဲ့ပါးပါးနာမည်ပဲဖြစ်လေသည်။

"သားတော်လေး ရေစိမ်နေတာကြာနေပြီမဟုတ်ဘူးလား။စိတ်ညစ်စရာတွေအဲလောက်တောင်များနေတာလား.."

သူ့ရဲ့သားတော်လေး စိတ်ညစ်စရာတွေရှိပါက ရေအကြာကြီးစိမ်ကာစိတ်ဖြေတတ်တာကိုသိထားလို့ အခုလိုမေးလိုက်ခြင်းပဲဖြစ်သည်။ ထိုနောက် Asaကထပ်မေးလိုက်လေသည်။

"အခုထိသမက်ကလေးအပေါ် သားစိတ်ဆိုးနေသေးတာလား?"

"..."

Shayကသူ့ပါးပါးကိုတစ်ချက်မော့ကြည့်လိုက်ပြီးနောက် ခေါင်းကိုပြန်ငုံ့ချသွားလိုက်သည်။ သူကဘာစကားမှမပြောပဲ ရေကိုသာလက်ချောင်းလေးများဖြင့် အသာဝေ့ယမ်းလို့ဆော့ကစားလို့နေသည်။ ရေလှိုင်းလုံးလေးများက Shayရဲ့လှပသွယ်စင်းသောလက်ချောင်းလေးများကိုလာရိုက်ခတ်လေသည်။

Asaဟာသူ့သားလေးရဲ့လှပသောအနက်ရောင်ဆံနွယ်များကို လက်ချောင်းတို့ဖြင့်ဖီးသပ်ပေးလိုက်ပြီး ပြုံးပြုံးလေးဖြင့်သာကြည့်နေသည်။ သားဖြစ်သူကသူ့မေးခွန်းကိုပြန်မဖြေတာကိုလည်း စိတ်ဆိုးခြင်းမရှိချေ။ Asaရဲ့မျက်ဝန်းတစ်စုံ၌ အလိုလိုက်ချင်သောအငွေ့အသတ်တို့သာပြည့်လို့နေလေသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || Extra [RL](COMPLETE✔)Where stories live. Discover now