Unexpected Love

350 32 0
                                    

မနက်ခင်းရဲ့ကောင်းကင်ယံက သာမန်ထက်ပိုကြည်လင်နေပြီး
တလောကလုံးလှပနေသယောင် အရာရာအဆင်ပြေတော့မယ်လို့ထင်ရတဲ့ နွေဦးရဲ့မနက်ခင်းလေး....

ငှက်ငယ်လေးတို့တေးသီသံ ကျောင်းဝန်းထဲကစုံတွဲတွေရဲ့ လက်ချင်းတွဲကာလမ်းလျှောက်ရင်း ချစ်ကြည်နူးတစ်တီတူးနေသံ လေ့ကျင့်ရေးကွင်းထဲကအားကစားသမားတို့ရဲ့အသံများနဲ့
KNSUရဲ့ပုံရိပ်ကပိုမိုကြွရွလို့နေသည်..

Kim Mingyuတယောက်အတွက်လည်း
ဒီလိုမနက်ခင်းလေးဟာလှပ.....

ဘုန်း.....

အော် ဖြစ်ပြန်ပြီအလွဲတွေ တနေ့တလေလောက်မလွဲဘဲနေပေးလို့မရဘူးလားကွာလို့သူ့ကိုယ်သူပြောရင်း
ရှေ့ကဝင်တိုက်မိသူကိုတောင်းပန်ဖို့လုပ်လိုက်သည်

"ဆောရီးပါဗျာ ကျွန်တော်လည်းနောက်ကျနေလို့ပြေးလာရင်း ပတ်ဝန်းကျင်ကိုငေးတာများပြီး မမြင်မိလိုက်လို့ စိတ်မရှိပါနဲ့နော်"

သူ့ကိုယ်လုံးကြီးနဲ့တိုက်မိလို့ လဲကျသွားတဲ့လူကိုဆွဲထူရင်း တောင်းပန်စကားဆိုကာကြည့်လိုက်မိတော့...

ဝါး...လှလိုက်တာ
ဂုတ်ထိရှည်တဲ့ဆံနွယ်တွေနဲ့ဖုံးအုပ်ထားတဲ့လည်တိုင်ကျော့
ဆွဲထူလိုက်တဲ့သူ့လက်ထဲမှာပါလာတဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေ
နှုတ်ခမ်းထူထူဖူးဖူးလေးနဲ့
မျက်ရစ်မရှိတဲ့ မျက်ဝန်းနက်တစုံ

"ဟုတ် ရပါတယ်ဗျ ကျွန်တော်လည်းအငေးလွန်သွားတာပါပဲ ဒီမနက်ရှူခင်းကအရမ်းလှလို့လေ.."

Long Coatအရှည်ကြီးဝတ်ကာ မျက်မှန်ဝိုင်းလေးတပ်ထားသော ပိန်ပိန်ပါးပါးထိုသူရဲ့အသံလေးကအစ ကြည်လင်ပြီးချစ်စရာလေးဖြစ်နေတော့တာ...

" ကျွန်တော် Kim Mingyu ပါဗျ
Basketball Major ကကျောင်းသားပါ "

ထိုချစ်စရာလေးထံလက်ကမ်းပေးရင်း သူကပဲစစကားဆိုလိုက်သည်

" Seo Myung Ho ပါဗျ ရေကူးနည်းပြပါ "

"အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ နောက်လည်းလမ်းတွေ့ရင်နှုတ်ဆက်မယ်နော်ဆရာ "

" ဟုတ် " တလုံးထဲပြောပြီးသူ့ကိုကျောခိုင်းထွက်သွားသည့် ကောင်လေး၏ပုံရိပ်ကိုငေးကြည့်ရင်း သွားဖုံးများပေါ်သည်အထိပင် အူမြူးကာပြုံးရယ်နေမိသည်

Love of My LifeWaar verhalen tot leven komen. Ontdek het nu