Our Bluming Night

192 19 4
                                    

ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲနောက်ဆုံးနေ့
Mingyu တို့ Basketball အသင်း Final ပွဲယှဥ်ပြိုင်ရမည့်နေ့ရောက်လာလေပြီ...

" ကိုကို ဘာမှမကြောက်နဲ့ စိတ်အေးအေးထားနော် ပွဲကြည့်စင်မှာငါတချိန်လုံးရှိနေမှာ ဘာမှစိတ်မပူနဲ့ အဆင်ပြေသွားမှာနော် "

" အွန်းပါ Myunghoဘယ်မှမသွားနဲ့နော် ကိုကို့ကိုပဲကြည့်နေပေးနော် "

" စိတ်ချ ကြည့်နေမှာ...ဟိုနေ့ကလိုပဲအားပေးနေမှာမို့ ငါ့အသံကိုနားစွင့်နေ..."

တကယ်ဆို Championship ပြိုင်ပွဲမှမဟုတ်တာ... Mingyu တအားစိတ်လှုပ်ရှားနေမိတယ်...ပြိုင်ဘက်အသင်းက Seoul University Basketball Teamဖြစ်နေလို့လည်းပါမယ်ထင်ပါရဲ့...

Mingyu တို့လိုအားကစားသမားတွေဆိုတာက စာဘက်သိပ်မလိုက်နိုင်လို့ ကိုယ်အားသန်ရာအားကစားကိုရွေးချယ်ခဲ့သူတွေများတယ်လေ..
ဝါသနာအရရွေးချယ်ခဲ့သူတွေလည်းရှိတော့ရှိတာပေါ့

သို့သော်...Seoul တက္ကသိုလ်ဆိုတာက CSAT examမှာပါ အမှတ်အမြင့်ဆုံးရသူတွေ စာတော်သူတွေတက်တဲ့ကျောင်းမလား...
ဒီလောက်စာပဲလုပ်နေကြတာတောင် ခုအားကစားပွဲလည်း Finalထိတက်လာနိုင်တယ်ဆိုတာ နည်းတဲ့skillတော့မဟုတ်...

" ဟိုမှာနည်းပြခေါ်နေပြီ Dressing Roomထဲသွားတော့ Fighting Mingyu ရား "

" အွန်း Myungho ရား ဆားရားငဲ "

" အွန်း နာတူးရော "

Final ပွဲစပြီ..ပထမပိုင်းမှာထဲကနှစ်ဖက်လုံး အပြန်အလှန်ဂိုးသွင်းနေကြပြီး လက်ရည်တူနေပြီး ၁မှတ်သာကွာသည်...

Final Roundရောက်ပြီမို့အားပေးသံများပိုမိုဆူညံလာသည်...
KNSU 7 : 9 Seoul University

" Kim Mingyu အတော်ဆုံး "
" ငါ့အချစ်လေး Mingyu Fighting "
" ဟုန်းဂျီဆူး ကြိုးစားထား "
" Best Leader ဟုန်းဂျီဆူး... ဆားရားငဲ "

ဒီနေ့အော်ဟစ်အားပေးတဲ့ထဲမှာ Myungho သာမက အကဲလေးအီဆော့မင်းပါ,ပါလာပြီ...
ဆရာအီချန်းလည်း နားရက်မှာပျင်းနေလို့ဆိုကာ သူတို့နဲ့အတူBasketball ပွဲလာကြည့်သည်...
ဒါမယ့်...နေကာမျက်မှန်အမဲကြီးတပ်ပြီးကြည့်တာ..
ဟိုတခါလည်းအဲ့လိုကြီးတပ်ပြီးလျှောက်သွားနေလို့ Myungho မျက်မှန်ကိုတက်နင်းမိပြီးကျိုးပြီးပြီ...

Love of My LifeWhere stories live. Discover now