Roommate or Soulmate

139 19 3
                                    

ဒီနေ့ချွဲဆွန်းချော အဆောင်ကနေအိမ်ပြန်မည့်နေ့...
အကုန်ထုတ်ပိုးသိမ်းဆည်းပြီးတော့ ညနေပင်အတော်စောင်းနေပြီ..
နောက်တလဆိုရင် ဘဝရဲ့တက်လမ်းအတွက် overseaသွားရတော့မည့်သူမို့ ဆွန်းချောဟျောင်းအတွက်သူဂုဏ်ယူမိသည်...

သို့သော်...အခန်းဖော်အဖြစ်နေလာတာလည်းကြာပြီအစ်ကိုရင်းတယောက်လိုလည်းဖြစ်နေသူမို့ Myungho ဝမ်းတော့နည်းမိတယ်...

အခန်းထဲကနေအဆောင်ရှေ့ထိ သူနဲ့ဆော့မင်း
ဟျောင်းအထုပ်အပိုးတွေလိုက်သယ်ပေးလိုက်တယ်..

" အဆောင်မှူးချွဲ ဒီမှာအခန်းသော့ပါ...အမြဲဂရုစိုက်ပေးခဲ့လို့​ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..."

" ဒီကကျောင်းသားတွေအကုန် ကိုယ့်တူတွေလိုဖြစ်နေပါပြီ ထူးထွေပြီးဂရုစိုက်ပေးခဲ့တာမဟုတ်ပါဘူး...
မင်းလည်းဟိုရောက်ရင်အစစအရာရာဂရုစိုက်ကွ.."

" ဟုတ် ဦးလေးချွဲ...ဒါနဲ့အဆောင်နေမယ့်ကျောင်းသားသစ်ကဒီနေ့လာမှာလား..."

" လာမှာ သူကအခန်းရဖို့စောင့်နေတာကြာပြီ နှစ်စထဲကပဲ..."

" ဟုတ်ကဲ့..."

အဆောင်မှူးကိုနှုတ်ဆက်စကားပြောပြီး ဆွန်းချောဟျောင်းကသူ့နားရောက်လာသည်...

" Myungho ရား ကျန်းမာရေးဂရုစိုက်နော်...မင်းကပိန်တယ်...အစားလည်းအချိန်မှန်စား..."

" ကျွန်တော့်ကိုစိတ်မပူနဲ့ ဟျောင်းသာရေခြားမြေခြားမှာ တယောက်ထဲသတိထားပြီးနေ.."

" အေးပါကွာ..."

" ဟျောင်း...ကျောင်းပေါက်ဝထိလိုက်ပို့ရမလား..."

"ရတယ် ဟိုမှာလာကြိုပြီ...အဲ့ကား..."

အဆောင်ရှေ့ကားတစီးထိုးရပ်ပြီး ဖြူဖြူသွယ်သွယ်လူတယောက်ဆင်းလာသည်...
ဝတ်စားထားပုံကလည်းစတိုင်ကျကျ...
ရုပ်ရည်ကလည်း နတ်သားလေးတပါးအလား...

" ဂျောင်ဟန်ဟျောင်း...ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ.."

" ဘယ်လိုရောက်ရမလဲ ကားမောင်းလာတာပေါ့ Myungho ရဲ့ .."

ဆွန်းချောကသဘာဝကျကျပဲ ဂျောင်ဟန့်ပုခုံးကိုဆွဲဖက်ရင်း..

" ငါ့ကိုလာကြိုတာပါဆို..ဒါငါ့ချစ်သူလေ..ဟီးးး "

Love of My LifeWhere stories live. Discover now