Hello Jeju

167 21 8
                                    

နေရောင်နွေးနွေးအောက်ဝယ် လေပြည်အေးအေးတိုက်ခတ်လျက်ရှိသော ဂျယ်ဂျူရာသီဥတုသည် ပူလောင်မွန်းကြပ်ဖွယ်မြို့ပြလေထုထက်စာရင် အလွန်နေချင်စဖွယ်ကောင်းလှပေသည်...

" ဆိုဂျူ... မက်ဂျူ...ဂျယ်ဂျူ...Wowwww...."

ဂျယ်ဂျူလေဆိပ်ရှေ့တွင် လာကြိုမည့်ကားကိုစောင့်နေသော လူအုပ်ထံမှထွက်လာသောရင်ခေါင်းသံကြီး...

" ဆော့မင်းရား...တိတ်တိတ်နေလေ လူတွေဝိုင်းကြည့်ကုန်ပြီ "

" အာ..Nae ဟျောင်း "

ဂျီဆူးဟျောင်းဆူလိုက်၍မျက်နှာငယ်လေးဖြစ်သွားသော အီဆော့မင်းပါလေ...
ခုထိအီစီကလီမကျ ရည်းစားမကျပေမယ့် ဂျီဆူးဟျောင်းကိုတော့ဆော့မင်းကြောက်ရသည်...စိတ်တိုရင်အဖြေမရမှာစိုးလို့လည်းပါတာပေါ့...

ဒီခရီးကိုစဖန်တီးတာကလည်းသူ ဆွန်းဂွမ်ကိုအကူညီလှမ်းတောင်းပြီး ဟျောင်းဆီဖုန်းဆက်ခိုင်းကာ ပိုနီးစပ်လာအောင်ဇာတ်လမ်းဆင်ထားရတာ..

အရာရာအဆင်ပြေပြီလို့ထင်ရပေမယ့် ပြသနာကလူပိုနှစ်ယောက်ပါလာခြင်းပင်...
Mingyu Myungho coupleမဟုတ်ဘဲ ထပ်ပါလာသောလူနှစ်ယောက်ရှိသောကြောင့်ဖြစ်သည်...

" ဝါးးး ရာသီဥတုကနေလို့ကောင်းပေမယ့် နေရောင်ကမျက်စိနည်းနည်းစူးတယ်.."

ပြောပြောဆိုဆို နေကာမျက်မှန်ထုတ်တပ်နေသောနည်းပြအီချန်း.....

" အဲ့ဒါကြောင့်ကျွန်တော်ဆိုsunglassesချွတ်ကိုမချွတ်တာဗျ "

" အဆောင်မှူးချွဲဟန်ဆိုး မျက်မှန်ချွတ်ထားတဲ့ရုပ်လည်း ကျွန်တော်တခါမှမမြင်ဖူးပါဘူးဗျာ "

" အာ...အဲ့ဒါက...ကျွန်တော်ကမျက်နှာကိုပြရတာသိပ်မကြိုက်လို့..."

" ဟုတ်ကဲ့..ဆက်တပ်ထားလိုက်ပါဗျ..ဘယ်သူမှလည်းမမြင်ချင်ပါဘူး "

Mingyu တို့ခရီးသွားမှာမို့ အဆောင်ကနေ၅ရက်တပတ်ပျောက်နေမည်ဖြစ်ကြောင်း သွားအသိပေးရာမှ...သူပါလိုက်မည်ဆိုကာ ပါလာသောချွဲဟန်ဆိုးနှင့်
အမေ့ကိုစိတ်ကောက်ကာအိမ်ပေါ်ကဆင်းပြီး ကျောင်းကဆရာနားနေခန်းထဲလာနေ,နေရသော ဆရာအီချန်းကိုတော့ သနားလို့ခေါ်လာခဲ့ရခြင်းသာ...
အိမ်ပေါ်ကဘာလို့ဆင်းလဲဆို " အမေက ငါးဟင်းပဲချက်နေလို့ " ဆို၏...

Love of My LifeWhere stories live. Discover now