Adam & His Apple

181 22 5
                                    


အားကစားရုံထဲမှာ trainingဆင်းပြီး ခဏအမောဖြေနေရင်း ဟိုနေ့မနက်ကအဖြစ်အပျက်ကိုပဲ Mingyu ပြန်တွေးမိနေသည်

Myungho မျက်နှာလေးကတကယ်ကို ကြည့်လေလှလေ ယောကျ်ားလေးတယောက်ဒီလောက်လှတာကို ဒီအသက်ရွယ်ထိသူတခါမှမမြင်ဖူးခဲ့
အေးတိအေးစက်စကားပြောပုံလေးကိုလည်း သူသဘောကျသည်...
ပထမဆုံးစတွေ့တဲ့နေ့ထဲက Myungho အကြောင်းတွေပဲလိုက်စုံစမ်းနေခဲ့တာ လေ့ကျင့်ရေးတောင်အချိန်မှီမလာနိုင်

Myungho ကအင်မတန်အေးပြီးစကားနည်းသည်
ရေကူးမလေ့ကျင့်တဲ့အားလပ်ချိန်တွေကို တယောက်ထဲ သီချင်းနားထောင်လေ့ စာအုပ်ဖတ်လေ့ရှိသတဲ့..
ကျောင်းအဆောင်တွင် Weight Lifting Majorမှ
ချွဲဆွန်းချောဆိုသောSeniorနှင့်အတူနေသည်တဲ့

ဘယ်ကသိလဲဆို Juniorလေး ဆွန်းဂွမ်ဆီမှ..
ဆွန်းဂွမ်က Myunghoရဲ့အတန်းဖော် ဆော့မင်းနဲ့ရင်းနှီးသည်ဟုဆိုကာ အသည်းသန်သွားမေးလာခြင်းဖြစ်သည်
သူမသွား သွားအောင်လည်း Myunghoအကြောင်းမသိရရင်သေတော့မလို Mingyuကငိုယိုပြနေလို့ဖြစ်သည်
ကျောင်းဝန်းအကျယ်ကြီးထဲ လိုက်ရှာနေလိုက်
Swimming Centerနားသွားချောင်းလိုက်နဲ့မို့
Mingyuကိုသနားလာမိတဲ့ဆွန်းဂွမ်ကပဲ ပါရမီဖြည့်လိုက်ရသည်

အဲ့သတင်းတွေသိသိချင်း နောက်နေ့မနက်ထဲက
ကျောင်းကိုအစောကြီးလာကာ အဆောင်သွားတဲ့လမ်းတလျှောက် Mingyuတယောက်
အပြေးလေ့ကျင့်တာ ၃ရက်​မြောက်နေ့မှပြေးရကျိုးနပ်တော့တယ်...

အံမယ် သူ့ကိုတွေ့ချင်လို့ဒီလမ်းကိုလာပါတယ်ဆို
သူကပုန်းနေသတဲ့ သူ့အပြစ်နဲ့သူလန့်နေတာတွေ့တော့ စချင်လာတာရော မျက်နှာလေးထပ်မြင်ချင်တာကြောင့်ရော ဘေးကတောက်လျှောက်လိုက်,လိုက်တာ Myunghoရှက်ပြီးပြေးပါလေရော..

ချစ်လိုက်တာ အဲ့ဖြူဖြူသွယ်သွယ်ကောင်လေးကို
ယောကျ်ားလေးတယောက်အပေါ် ပုံမှန်မဟုတ်တဲ့ စိတ်ဝင်စားမှုမျိုးရှိလာတာ Mingyuအတွက်ဒါပထမဆုံးပေမယ့် သူ့ကိုယ်သူမြန်မြန်ဆန်ဆန်ရိပ်မိခဲ့သည်
သူMyunghoနဲ့ မျက်လုံးချင်းဆုံလိုက်ထဲက မြင်မြင်ချင်းချစ်ခဲ့မိတာ....

ပြန်တွေးကြည့်ရင်းသတိရလာပြန်ပြီ...
ဘက်စကက်ဘောကစားနေတာကိုလက်စသတ်ပြီး Myunghoတို့နား သွားချောင်းဦးမှပါ..

Love of My LifeWhere stories live. Discover now