Run To You

99 19 0
                                    

ဆိပ်ခံဘောတံတားနဲ့ခပ်လှမ်းလှမ်းမှာ အီချန်းတို့လှေကိုရပ်လိုက်ကြသည်...
လှေပေါ်တွင် အီချန်း ဟုန်းဂျီဆူး မွန်းဂျွန်ဟွီး အီဆော့မင်းတို့အပြင် လှေမထွက်ခင်အမှီရောက်လာသော ဘူဆွန်းဂွမ် ချွဲဟန်ဆိုး အီဝူဂျီအပြင် ဂျယ်ဂျူစခန်းမှ စုံထောက်နှစ်ယောက်လည်းပါလာသည်...

တဦးမှာသူ့ကိုယ်သူကျားလို့ပြောပြီး...နောက်တဦးကတော့ ကျားဆရာကြောင်ဟုပြောလေသည်...

" Sam ဒါကျွန်တော်တို့ဂျယ်ဂျူကိုစောင့်ရှောက်ပေးနေတဲ့ ရဲစုံထောက်တွေ "

" ဟုတ် ဆရာကူညီပါဦးဗျ "

" ဟုတ်ကဲ့ဆရာ ကျွန်တော်ကဂွမ်ဆွန်းယောင်းပါ ကျားတကောင်လိုလျှင်မြန်ဖြတ်လတ်တဲ့အကြည့်တွေနဲ့ လူဆိုးတွေကိုဖမ်းတဲ့ ဟိုရှီလို့သိကြတယ် "

" ကျွန်တော်ကဂျောင်ဝန်ဝူးပါ သူရှာသမျှပြသနာလိုက်ရှင်းရတဲ့သူပါ "

" အော် ဟုတ်ကဲ့ဗျ..."

အီချန်းခမျာပါးစပ်အဟောင်းသားနှင့်ဖြစ်ရသည်...
အလျင်လိုနေပါတယ်ဆိုမှ dramaတွေထဲကလိုလာမိတ်ဆက်နေတယ်...

" ဂျွန်နီးဟျောင်း ဘာလို့အဝေးကြီးလာရပ်တာတုန်း လမ်းပြန်လျှောက်ရတာနဲ့တင်မောလာပြီ "

" ရား ဆွန်းဂွမ်ရား အဲ့နားကပ်ရပ်မှတော့ ငါတို့လာမှန်းသိသွားမှာပေါ့ကွ "

" အာ့လည်းဟုတ်သား "

အပင်တွေကျောက်ဆောင်တွေကြား ပုန်းလျှိုး ကွယ်လျှိုးသွားရင်း ဂိုဒေါင်တခုနားရောက်လာကြသည်...

" Sam... Sam... တွေ့ရပြီ ဟိုလူတွေမလားခေါ်သွားတာ "

" အေး ဟုတ်တယ်ဂျီဆူး အမျိုးသမီးတယောက်ပါသေးတယ်ကွ "

" အထဲကိုမမြင်ရဘူးနော် အပြင်မှာစောင့်နေတာနှစ်ယောက်ပဲရှိတယ် အီချန်းshiပြောသလိုသာဆို အထဲမှာလူမိုက်၄ယောက်ထပ်ရှိရမယ် "

ချွဲဟန်ဆိုးစကားကြောင့် ဝူဂျီတချက်စဥ်းစားကာ

" ပေါင်းမှ၆ယောက်ထဲလား ကြာတယ် ဝင်ကွာ "

ပြောပြောဆိုဆို ဝူဂျီ ဂျွန် ဟိုရှီ ဝန်ဝူး လေးယောက်သား လူမိုက်တွေဆီပြေးသွားကြတော့သည်...

Love of My LifeWhere stories live. Discover now