I Will Always Protect You

137 24 6
                                    

စားသောက်ဆိုင်တံခါး​ကခေါင်းလောင်းမြည်သံနဲ့အတူ ဆွန်းဂွမ်တို့ရှိရာစားပွဲသို့ဆရာအီချန်းရောက်လာသည်...

" ကလေးတို့ ပြသနာတော့တက်ပြီ...Myungho နဲ့ Mingyu ပြန်ပေးဆွဲခံလိုက်ရတယ် "

" ဗျာ Sam...မနောက်နဲ့နော် ဘယ်မှာလဲ ဟိုနှစ်ယောက် "

ဘုန်း...ဆိုသောအသံနှင့်အတူ ဆရာအီချန်းလက်က ဆော့မင်းဇက်ပိုးဆီရောက်သွားသည်...

" သောက်ခွက်မပြောင်နဲ့ဟေ့ကောင်ရဲ့ ငါတကယ်ပြောနေတာ "

အရိုက်ခံလိုက်ရတော့မှ အီဆော့မင်းအသိတရားဝင်လာပြီး...

" ဘာ တကယ်လားဆရာ "

" ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာ "

" အင်း ဂျီဆူးရား...ဆရာတို့စိတ်အေးအေးထားပြီးတွေးကြမယ် ခုလောလောဆယ်သူတို့ဘယ်ကိုခေါ်သွားခံရလဲအရင်သိအောင်လုပ်ရမယ် "

" ပြီးတော့ရဲတိုင်ရမယ်ဆရာ "

ရေဘူးထဲကရေတွေနဲ့အတင်းမျက်နှာသစ်နေတဲ့ ဆွန်းဂွမ်ဆီကအသံထွက်လာသည်...

" မင်းတို့နှစ်ကောင်အမူးပြေပြီလား ပြေပြီလား ဟမ် "

" ဟုတ် ပြေပြီဆရာ...ပြေပြီ "

" အေး ဒါဆိုတရုတ်စကားဘယ်သူတတ်လဲ ငါအသံသွင်းလာတယ် နေရာလေးဘာလေးများသိရမလားလို့ "

" ဟုတ် Sam "

" ပြီးတော့ ဒါကကားနံပါတ် ပုံရိုက်ရင်flashကြောင့် ငါရှိမှန်းသိမှာစိုးလို့ ဒီတိုင်းမှတ်လာတာ "

" အီချန်းSam ရပြီ ဘာသာပြန်ဖို့လူ ဒီမှာ "

" ဟ မြန်လှချည်လား "

" ဘေးကစီချွမ်ကြက်သားခေါက်ဆွဲဆိုင်ပိုင်ရှင်သူဌေး ကျွန်တော်နဲ့အရမ်းရင်းနှီးတယ် ယုံလို့ရတယ် "

" မွန်းဂျွန်ဟွီးလို့ခေါ်ပါတယ်ဗျ တွေ့ရတာဝမ်းသာပါတယ် "

" ဟုတ် အချိန်မရလို့ဒါလေးမြန်မြန်နားထောင်ပေးပါလားခင်ဗျာ "

" အော် ဟုတ် ဟုတ် "

ဆရာအီချန်းလက်ထဲကဖုန်းကိုယူပြီး ခေါက်ဆွဲဆိုင်ပိုင်ရှင်ဂျွန်စနားထောင်တော့သည်...

Love of My LifeWhere stories live. Discover now