Part3

656 47 0
                                    

ကဲ ကဲ လာကြဟဲ့ နင်တို့အလုပ်တွေကြီးဘဲ လက်မှတ်ကတန်းစီ‌နေရဦးမယ် ကြည့်ချင်တော့လည်းသူတို့အပြင်နှစ်ယောက်မရှိဘူး တကယ်တည်းမှဘဲ"

ဒေါ်စောမြခက်ကတော့ အဝါရောင်ပါတိတ်၀မ်းဆက်ကို၀တ်ဆင်ပီးဖိနပ်ကိုလည်းအဝါရောင် ကတီပါလေး၀တ်ဆင်ထားတယ် " လည်ပင်တွင်လည်း အဝါရောင်ပုလဲလည်ဆွဲလေးကို၀တ်ဆင်ထားပါသေးတယ်" ‌ဦးခေါင်းထက်မှာတော့ ခြံထဲတွင်အလှစိုက်ထားသော သနားခါးပန်းလေးကိုပန်ဆင်ထားသည်ကား ၀င်းဝါတောက်ပနေလျက်" ထွန်းလင်းတောက်ပနေတဲ့ နေမင်းကြီးတောင်အရှုံးပေးရလောက်ပါပေတယ်။

"မမခက်ရယ် မြကပီးပါပီ မမမြူကိုစောင့်နေတာ  အဲ့မှာရေချိုးနေတာဘဲ တစ်နာရီလောက်ရှိတယ် " တစ်နိုင်ငံလုံးကရေတွေများ သူတစ်ယောက်ထည်းအလိုလိုချိုးနေသလိုဘဲ "

မြသည် အထက်တန်း ‌သိပ္ပံဆရာမဖြစ်တယ်" ကလေးတွေကိုအရမ်းချစ်တတ်သလိုကလေးတွေကလည်း မြဆို အရမ်းချစ်ကြတယ်"ဟေမာန့်ရဲ့အချစ်တုံးကြီးပေါ့" ဒီနေ့မှာသူမဟာ ပန်းဆီရောင်ပါတိတ်အစင်းလေးကို၀တ်ဆင်ထားတယ် ဦးခေါင်းထက်မှာလဲ စံပယ်ပန်လေးကိုပန်ဆင်ထားတယ်" ရှည်လျားတဲ့ဆံပင်ကို ဆံတုန်းထုံးထားတာဟာ သေသပ်လှပလွန်းလှပါတယ်"

"ဟော့ ဆင်းလာပါပီတော် နတ်မိမယ်မလေး"

ဒေါ်စောမြခက်မှထိုသို့ဆိုလိုက်တော့ မြူနှင်းဝေတစ်ယောက် ရှက်သွေးဖြာပီး ရဲသွားတဲ့ပါးမို့လေးတွေဟာ  အူယားစရာကောင်းလှပေတယ်"
မြူဟာ   မိုးပြာရောင်ပါတိတ်၀မ်းဆက်ကိုဝတ်ဆင်ထားကာ ခါးလောက်ရှိတဲ့ဆံပင်ရှည်တွေကို ချထားကာ နှာဖူးသာလှန်တင်စည်းထားပါတယ်" ထိုအမျိုးသမီးလေးဟာလည်း ကံ့ကော်ပန်းတစ်ပွင့်တည်းတာ ပန်ဆင်ထားပါတယ်" ရယ်လိုက်ရင် သွားတတ်လေးနဲ့  အလွန်ပင်ချစ်ဖို့ကောင်းလွန်းလှပါ‌ပေလေရဲ့။

(ညီမတွေဟာ ပန်းကိုတော့အထူးတလည်၀ယ်စရာမလိုပေ" နေအိမ်ခြံ၀န်းထဲတွင် မိမိတို့နှစ်သက်ရာ ပန်းမျိုးစုံကိုစိုက်ပျိုးထားပါတယ်" )

"ဟေမာန်ကော ဆင်းမလာသေးဘူးလား တကယ်ပါဘဲ ဒီနေ့ရုပ်ရှင်ရုံကိုသွားဖြစ်ကြဦးမှာလားပြော စောင့်‌လိုက်ရတာဟယ်" ပြောရင်းဆိုရင်းဆင်းလာပါပီ"

ဂယက်ပေါင်း သောင်းခြောက်ထောင်Where stories live. Discover now