"ဟေမာန် မျက်လုံး ဖွင့်ကြည့်ပါဦး ဘယ်သူလဲလို့"
ဟေမာန်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်လေသည်။
"အန်......အန်တီမြတ်!"
"အမ်း ဘာလို့အဲ့လောက်တောင်ဖြစ်သွားရတာလဲ အကျိုးအကြောင်းတောင် လာမမေးပါလား"
"မဟုတ်ပါဘူး အန်တီမြတ်ကို !မေမေ ဘယ်လိုဖြစ်ပီး"
ဟေမာန်ဟာ ခေါင်းလေးစောင်း၍ မျက်ခုံးလေးပင့်ကာ အမေဖြစ်သူ ခင်မေခအား နားမလည်နိုင်သော မျက်၀န်းများဖြင့် ကြည့်နေတော့သည်။
"အော် ညီမမြတ် သူဘာမှမစားတာ ၆ရက်ရှိပီ ဆေးသွင်းနေလို့ သူခံနိုင်နေတာ အဲ့တာ ပြောပါဦး ကျွန်မတို့လဲ မနိုင်ဘူး"
"ဟို ဆန်ပြုတ်ပြုတ်ထားတယ် မေမေခင် ရှင်နှောင်းယူပေးရမလား"
ဟေမာန်ဟာ ရှင်နှောင်း၏ မျက်နှာထားသို့ကြည့်ပီး သူသိလိုက်ရသည်။
"မေမေ ဆန်ပြုတ်က မဟုတ်မှလွဲရော အန်တီမြူ!"
"အောင်မယ် ဘာလို့ အဲ့လေသံနဲ့လာပြောနာ ရှင်နှောင်းနေမကောင်းနေတာတောင် တီမြူပြုတ်ပေးတာ ကောင်းလို့တဲ့"
"ဟေမာန်ရယ် ဂျီးများမနေနဲ့ ဆန်ပြုတ်မသောက်ချင်ရင် နေကောင်းအောင်နေရမှာပေါ့"
မြတ်ခက်သွယ်ထိုသို့ပြောလိုက်အချိန်တွင် ဟေမာန်တစ်ယောက် အကြပ်ရိုက်နေတော့သည်။
""ကဲ ရပီ အန်တီမြတ် ရော့!"
"ယျောင့် မြန်လှချည်လား"
"အဆင်သင့်ယူထားပီးသားလေ ဟီး သောက်သောက်! "
"ကဲ ရော့ နွေးနွေးလေး ဟ' "
မြတ်ခက်သွယ်ကိုယ်တိုင် တိုက်ရသည့်အတွက် ဟေမာန်ဟာ သောက်လိုက်ရတော့သည်။
("ကောင်းတယ် ကောင်းတယ် ငါ့အလှည့်ကြ ကြိုသတိမပေးတဲ့ကောင် အဲ့တာ ၀ဋ်လည်တာ ခံခံ ခိခိခိခိ")
("အေး ရယ်ထားဦးပေါ့ကွာ တွေ့မယ် ငါနဲ့ ဟွန့်")
"ဘယ်ကိုကြည့်နေတာလဲ သောက် "
"အန်တီမြတ် ဟေမာန် ! ဟေမာန် မရတော့ဘူး ! "
"ဘာ ...ဘာဖြစ်တာလဲ"
YOU ARE READING
ဂယက်ပေါင်း သောင်းခြောက်ထောင်
Humorအမြဲပင်၀တ်တဲ့ ငါဘလူးဂျင်းရယ်... ငါ့အသည်းလောက် အသက်လောက်ချစ်တဲ့ အသည်းလေးချစ်ရေ..... ဘလူးဂျင်းဟောင်းလေး ဟောင်းတဲ့ထိ၀တ်တဲ့သူ......" နှလုံးသွေးများ ရပ်တဲ့အထိ မင်းကိုချစ်မဲ့ငါ".....