"ကဲ ကဲ မင်းတို့ကလေးတွေ ဦးသာအေးတို့အိမ်မှာ အုန်းလက်တွေ ကိုကြီးမှာထားတယ် သွားယူကြ "
"ဟုတ် ကိုကြီးဖြိုး ဟေမာန်တို့သွားယူလိုက်မယ်"
လူကြီးတွေ ဦးဆောင်ပီး ရေကစားမဏ္ဍပ်ကိုဝိုင်းဝန်းဆောက်ကြပီး ဟေမာန်တို့ ရက်ကွက်က လူငယ်အဖွဲ့ကလဲ ဝိုင်း၀န်းကူညီပေးနေလေသည်။
"ဟဲ့ မြူနှင်းဝေ အဲ့လိုလုံးရတာမဟုတ်ဘူးလေ နင့်ဟာကသေးသေးလေး"
"ဘာကိုလဲ မမခက်ရဲ့"
"နင့် မုန့်လုံးရေပေါ်လုံးနေတာကိုပြောနေတာ မလုံးဖူးဘူးလား ဒီလောက်အရွယ်အစားလေးလုံးလေဟယ်"
"ဟာ မမခက်ကလည်း ပီးရင် ပါးစပ်ထဲရောက်မဲ့ဟာကို ကြီးတယ်သေးတယ်လုပ်နေ"
"ဟဲ့ ရှင်နှောင်း ဦးဝေရော မဏ္ဍပ်မှာဘဲလား"
"ဟုတ်တယ် တီလေးခက် ရှင်နှောင်းခေါ်ပေးရမလား"
"ရတယ် ရတယ် ရှိရင်ပီးရော"
ထိုအခါ မြနှင်းရည်မှ"အောင်မလေး မမခက်တို့များနော် ယောင်္ကျားကိုမျက်စိအောက်ကကို အပျောက်မခံဘူး"
"ဘာဖြစ်လဲ နင်တို့မှာမရှိလို့မလား ဟွန့်"
"ကျန်ကျန် ညီမချင်းကို ကပ်ပီးဖဲ့သွားတာ ယောင်္ကျားယူတာ အ' လို့ယူတာ နော့်မမြူရာ"
"ဟုတ်ပါ့"
"အောင်မယ် နင်တို့ကရော မယူကြဘူးလား"
"မယူပါဘူး မြတို့က ယောင်္ကျားမယူတော့ဘူးလို့ဆုံးဖြတ်ထားပီးသား"
"ဟဲ့ မြနှင်းရည် နင်မယူပေမဲ့ ငါယူချင်ယူမှာပေါ့"
မြူနှင်းဝေရဲ့ထိုသို့ပြောစကားကြောင့် ရေနွေးတည်ရန် ရေခက်လာသော ရှင်နှောင်းမှာ မျက်နှာပျက်ခဲ့လေသည်။
"အောင်မယ် ဒီအပျိုကြီးညီမတွေနဲ့တော့နော် ငါတို့လဲ အားနားပါဦး တစ်ကတည်းမှဘဲ"
"အောင်မယ် နင်တို့က ဘာအားနာစရာရှိလို့လဲ "
"ယျောင့် ရှင်နှောင်း အုန်းလက်တွေ မင်းဆိုင်ကယ်နဲ့ဆွဲလာကြမယ်ကွာလာ' ယျောင့်လာလို့ ! ဟဲ့ နင်ဘာဖြစ်နေတာလဲ"
YOU ARE READING
ဂယက်ပေါင်း သောင်းခြောက်ထောင်
Humorအမြဲပင်၀တ်တဲ့ ငါဘလူးဂျင်းရယ်... ငါ့အသည်းလောက် အသက်လောက်ချစ်တဲ့ အသည်းလေးချစ်ရေ..... ဘလူးဂျင်းဟောင်းလေး ဟောင်းတဲ့ထိ၀တ်တဲ့သူ......" နှလုံးသွေးများ ရပ်တဲ့အထိ မင်းကိုချစ်မဲ့ငါ".....