ဟေမာန်သည် မြတ်ခက်သွယ်ကြောင့် ငိုရသည်ကတစ်ကြောင်း သူတန်ဖိုးထားရသော မဂ္ဂဇင်း ပျက်စီးသွားရာကတစ်ကြောင်း ထို နှာချေးပေသွားသော မဂ္ဂဇင်းအားကြည့်ပီး အားရပါးရထိုင်ငိုနေခဲ့လေသည်။
ထိုအခါ ရှင်နှောင်းလဲ အနားရှိရာအင်္ကျီကိုကောက်ကိုင်၍ ဟေမာန့်အားမျက်ရည်သုတ်ရန်ပေးလေသည်။ ဟေမာန်သည် ထို အင်္ကျီပေါ်တွင် နှာချေးပါညှစ်ချလိုက်သည်။
"ဟာ....!ဟာ....!ယျောင့်တွေ ဒါဘာလုပ်တာလဲ ဒီအင်္ကျီ ဘယ်လောက်ပေးရလဲ သိလား ဟမ် ရက်စက်လိုက်ကြတာကွာ ကြည့်ပါဦး ငါ့အင်္ကျီလေး !!ငါ့အင်္ကျီလေးး!!"
ထိုအချိန် မြူနှင်းဝေသည် သန့်ရှင်းရေးလုပ်ဖို့အတွက် ဟေမာန့်အခန်းအရှေ့၌ဖြတ်သွားချိန် ပွကြဲနေသော ဟေမာန့်အခန်းကိုတွေ့လိုက်ရသည်။ ဟေမာန်လွှတ်ပစ်လိုက်သော တစ်ရှူးများဟာလဲ အခန်းအပြင်ထိ ပွကြဲနေလေသည်။
ဒေါသထွက်သွားသော မြူနှင်းဝေသည် တံမြတ်စည်းကြီးကိုင်၍ ဟေမာန် ရှင်နှောင်းနှင့် မူယာတို့ဆီ ၀င်သွားခဲ့လေသည်။
"ဟေမာန်!!ရှင်နှောင်း!!မူယာ!! ဒါဘယ်လိုဖြစ်တာလဲ ဟမ်! ကြည့်ဦး အခန်းတစ်ခန်းလုံး
ပေပွနေတဲ့အပြင် အခန်းအပြင်မှာပါ ဟမ်! တွေ့မယ် လွတ်အောင်သာပြေးကြစမ်း"မြူနှင်းဝေသည် တံမြတ်စည်း
ဂျိုင်းညှပ်၍အင်္ကျီကို ခေါက်တင်ကာ ဟေမာန်တို့အားရိုက်ရန်ပြင်နေလေသည်။"ယျောင့်တွေ ဘာလုပ်နေတာလဲ အဲ့တာပြေးရမှာ ပြေးရမှာ "ဟေမာန်သည် ချက်ချင်း ရှင်နှောင်းနှင့်မူယာအားခွကျော်၍ အခန်းအပြင်ဘက်သို့ပြေးထွက်သွားလေသည်။
အခန်းအတွင်းတွင် ကြောင်ပီး ကြည့်နေသော ရှင်နှောင်းနှင့်မူယာ"
မြူနှင်းဝေ တံမြတ်စည်းဖြင့် လှမ်းရွယ်လိုက်သောအချိန်တွင် မူယာထပြေးလေသည်။မပြေးသေးဘဲ မြူနှင်းဝေရဲ့ ဒေါသအလှကို ကြည့်နေသော ရှင်နှောင်းတော့ ဒေါ်မြူနှင်းဝေရဲ့ တံမြတ်စည်းတံစားလိုက်ရသည်။"အော် မပြေးသေးဘဲ ငါ့ကိုတောင် ပြုံးပီးကြည့်နေသေးတယ်ဟက်လား အင်းဟယ်"
YOU ARE READING
ဂယက်ပေါင်း သောင်းခြောက်ထောင်
Humorအမြဲပင်၀တ်တဲ့ ငါဘလူးဂျင်းရယ်... ငါ့အသည်းလောက် အသက်လောက်ချစ်တဲ့ အသည်းလေးချစ်ရေ..... ဘလူးဂျင်းဟောင်းလေး ဟောင်းတဲ့ထိ၀တ်တဲ့သူ......" နှလုံးသွေးများ ရပ်တဲ့အထိ မင်းကိုချစ်မဲ့ငါ".....