"မမလေး မမလေးသူငယ်ချင်းက တွေ့ခွင့်တောင်းနေပါတယ်"
၀န်ထမ်းတစ်ယောက်မှ ခန်းမ၌ပြင်ဆင်နေသော မူယာနွယ်အား အပြေးလေးလာပြောလေသည်။ ထိုအခါ မိခင်ဖြစ်သူ ဒေါ်မဏိခက်မှ ဟန့်တားခဲ့သည် " သူတို့ကဘယ်သူတွေလဲ ဘယ်သူမှမတွေ့ရဘူး ပြန်လွှတ်လိုက် မအားဘူးလို့ အရေးမပါတဲ့သူတွေအတွက် အချိန်မပေးနိုင်ဘူးလို့"
"အမေ ဘယ်လိုပြောလိုက်တာလဲ မူယာတွေ့ပါ့ရစေ မေမေတို့စိတ်တိုင်းကျဖြစ်နေပီဘဲ နောက်ဆုံးအခွင့်အရေးလေးတော့ပေးပါ သေမိန့်ကျပီးသားသူတောင်နောက်ဆုံးအခွင့်အရေးတောင်းခွင့်ရှိတာဘဲ မူယာ့ကို သူတို့နဲ့ တွေ့ခွင့်ပေးပါ"
"အရေးမပါတာတွေလုပ်မနေစမ်းနဲ့မူယာ တစ်ခုခုမှားယွင်းသွားလို့မဖြစ်ဘူး"
"မေမေကအရမ်းအတ္တကြီးတယ် မူယာ့အမေဖြစ်ပီး ဘယ်တုန်းကမှ မူယာ့ခံစားချက်ကိုနားလည်မပေးဘူး"
ထိုအခါ ခန်းမထဲသို့ ဦးမာန်ပြည့်နှင့် ဒေါ်မြတ်ခက်သွယ်' တို့ရောက်လာခဲ့သည်။ မြတ်ခက်သွယ်လဲ အစ်ကိုဖြစ်သူ ဦးမာန်ပြည့်အကူအညီနဲ့ ခန်းမသို့အလွယ်တကူ၀င်ရောက်လာခဲ့သည်။
"အန်တီမြတ်!! " မူယာဟာ အဖြူရောင်ဂါ၀န်လေးကိုမကာ အဒေါ်ဖြစ်သူ မြတ်ခက်သွယ်ထံသို့ပြေးသွားခဲ့သည်။ထို့နောက် အကူအညီကင်းမဲ့ကာ ဖက်ပီးငိုကြွေးခဲ့လေသည်။
"မငိုပါနဲ့ကွာ မိတ်ကပ်တွေပျက်နေပီ တော်ကြာမလှဘဲနေလိမ့်မယ် "
ဒေါ်မဏိခက်လဲ မြတ်ခက်သွယ်အနားသို့သွားကာ "ဟင့် ! နောက်ဆုံးတော့ ယောင်းမလေးလဲ အမြင်မှန်ရသွားတာဘဲ "
"ဟုတ်တာပေါ့ ကျွန်မကအမြင်မှန်ရသွားပီ အစ်မသာ အမြင်မှန်မရသေးတာ"
မြတ်ခက်သွယ်ရဲ့ထိုအပြောတွေကြောင့် ဒေါ်မဏိခက်လဲ ဒေါသထွက်သွားခဲ့သည်။ "မိန်းမ ဧည့်သည်တွေရောက်နေတယ် အရင်သွားနှုတ်ဆက်ထားကြမယ်လေ ခနနေရင် ညီမခက်' မူယာ့ကိုခေါ်လာလိမ့်မယ်"
မင်္ဂလာပွဲစရန် အချိန်ကား သိပ်မလိုအပ်တော့တာကြောင့် ဦးမာန်ပြည့်နှင့်ဒေါ်မဏိခက်လဲ ပြင်ဆင်သည့်အခန်းမှထွက်လာခဲ့သည်။ ထို့နောက် တစ်ဖက်မှ ဒေါ်မြတ်ခက်သွယ်လဲ ပြတင်းပေါက်မှ ဟေမာန့်အား အချက်ပြပီး ဒေါ်မြနှင်းရည်တို့အား ၀င်လာခိုင်းခဲ့သည်။ အခန်းထဲသို့၀င်လာသော သူများမှာ ဟေမာန်နွေဦး' ရှင်နှောင်းနှင့် မြနှင်းရည်တို့ပင်ဖြစ်သည်။
YOU ARE READING
ဂယက်ပေါင်း သောင်းခြောက်ထောင်
Humorအမြဲပင်၀တ်တဲ့ ငါဘလူးဂျင်းရယ်... ငါ့အသည်းလောက် အသက်လောက်ချစ်တဲ့ အသည်းလေးချစ်ရေ..... ဘလူးဂျင်းဟောင်းလေး ဟောင်းတဲ့ထိ၀တ်တဲ့သူ......" နှလုံးသွေးများ ရပ်တဲ့အထိ မင်းကိုချစ်မဲ့ငါ".....