Part19

2K 136 4
                                    

"မအောင်မြင်ခဲ့ပါဘူးဆရာ"

"တောက်! အဲ့စကားပြောတာ ဘယ်နခါရှိသွားပီလဲ ဟမ် ဘာတစ်ခုမှကိုအဆင်ပြေမလာဘူး
ဟူးးးးးးးးးးး"

"အမှန်တော့ ခင်မေနိုင် ၀င်ရှုပ်သွားတာပါ ကျွန်တော် သေချာလုပ်ခဲ့ပေမဲ့ လူချိန်းလိုက်တဲ့အချိန်မှာ ကျွန်တော်ကြောင်သွားတာပါ "

"အဲ့ဆို ခင်မေနိုင် ဖြစ်သွားတာလား"

"အဲ့လိုလဲ မဟုတ်ဘူးဆရာ ဥက္ကဌကြီး ကယ်ပေးလိုက်တာပါ"

"အေးရောပေါ့ ....ကဲမင်းသွားလို့ရပီ "

"ဟုတ်ကဲ့ပါဆရာ"

"ဟူးးးးး ငါဘယ်လိုလုပ်ရမလဲ "

ဦးဘခက်မြိုင်ကို နောက်ကကြိုးကိုင်ပီးလုပ်ကြံနေတဲ့သူမှာ တစ်ခြားသူမဟုတ်ချေ။ညီအရင်းဖြစ်သူ သစ္စာမြိုင်သာဖြစ်သည်။

~~

"ဟက်တော်....မူယာ အိမ်အပြင်မှာ ရပ်ပီး ဘာလုပ်နေတာလဲ အထဲ၀င်မလာဘဲနဲ့"

"ဟို....ဟိုလေ..."

"ပြောလေ မူယာ "

"ဟိုလေ အန်တီမြ မူယာလေ အန်တီမြတော့ အိမ်မှာ ‌ဟို.....နေလို့ရမလား"

မူယာသည် သူရဲ့ခြေထောက်အနောက်တွင်
အင်္ကျီထုတ်ကိုချထားလျက် ဘာမှမစားရသေးတဲ့ ပေတိပေစုတ်ပုံစံလေးဖြင့်
မြနှင်းရည်မြင်တွေ့လိုက်ရသည်။

"ဟက်တော်!" ဘယ်ဖြစ်မလဲ မူယာ့အိမ်ကဘာဖြစ်နေလို့လဲ"

"ဟိုလေ.....အဲ့တာတွေ နောက်မှမေးပါလား မူယာ့ကို ထမင်းကျွေးပါလား မနက်ကတည်းကမူယာ ဘာမှမစားရသေးဘူး"

"ဟက်တော်!....လာလာ"

မူယာထမင်းစားပီးနောက် ဧည့်ခန်းတွင် အိမ်ရှိလူကုန် စုဝေးကာ ဆွေးနွေးပွဲထုတ်နေတော့သည်။

"ဟိုလေ....အထုတ်ကြီးနဲ့ဆိုတော့ မပြန်တော့ဘူးလား" ဒေါ်မြူနှင်းဝေ စကားဆိုလိုက်သည်။

"မပြန်လို့ရမလား ပြန်မှာပေါ့ ဟုတ်တယ်မလား မြနှင်းရည်" စောမြခက်မှ ထိုသို့ပြောလိုက်တော့ မြနှင်းရည်ခေါင်းလေးကုတ်နေတော့သည်။

"မူယာ မင်းနောက်နေတာလား စနေတာလား မင်းက ကိုယ်ပိုင်တိုက်ခန်းနဲ့မဟုတ်လား ကားတောင် ဇိမ်ခံကားအကောင်းစားစီးတဲ့သူက ငါတို့အိမ်မှာ ဘာလို့!"

ဂယက်ပေါင်း သောင်းခြောက်ထောင်Where stories live. Discover now