DoYoung အိမ်သို့ပြန်ရောက်လို့ ဧည့်ခန်းထဲဝင်လိုက်တာနဲ့ ဆိုဖာမှာထိုင်ကာစာရင်းစစ်နေတဲ့ အကိုဖြစ်သူကိုမြင်လျှင် ဝမ်းနည်းစိတ်တို့ပိုဖြစ်လာရပြီး အကို့နားအပြေးသွားကာ ရင်ခွင်ဝယ် ခေါင်းတိုးလို့ ရှိုက်ကြီးတငင်ငိုချမိတော့သည်။
JunKyuမှာ စာရင်းအေးဆေးစစ်နေတုန်း ရုတ်တရက်အနားပြေးလာပြီး ဖက်ကာငိုလေတဲ့ ညီငယ်ဖြစ်သူကြောင့် ကြောင်အမ်းအမ်းရယ်။
ဘာဖြစ်လို့ဖြစ်လာမှန်းလဲမသိရတာမို့ မေးရန် လက်မောင်းမှအသာတွန်းလို့ ရင်ခွင်မှထုတ်ရန်ကြံသော်လည်း အတင်းဖက်ထားကာရှိုက်ငိုနေတာကြောင့် ဒီတိုင်းသာမေးရန်ပြင်လိုက်သည်။"Young ငယ်...ဘာဖြစ်လာတာလဲ ကိုကို့ကိုပြော"
"ဟင့်..ကိုကို.."
"အင်း..ကိုကိုရှိတယ် ပြောလေ ဘာဖြစ်လို့ငိုရတာလဲ"
"ဒီတစ်ခါ...ဒီတစ်ခါတော့ အတည်ပြတ်ပြီဗျ အတည်ပြတ်ပြီ အီးဟီး... "ပြောကာ ပိုငိုလာတဲ့ညီတော်မောင်ကြောင့် JunKyuမှာ ပြာသွားရသည်။
"ဟမ်..ဘာ ဘာဖြစ်တယ် ပြတ်ပြီ...ဆိုတော့ JungHwan နဲ့.."
"ဟုတ်တယ်..ကိုကို သူနဲ့သားပြတ်ခဲ့ပြီ"
"ဘာဖြစ်လာတာလဲ Youngငယ်ရယ်... ကိုကို့ကိုသေချာရှင်းပြစမ်းပါအုံး "JunKyuထိုသို့ဆိုတော့ ရင်ခွင်ထဲမှထွက်ကာ မျက်ရည်တွေကျလျက်
"သူ..သူက လမ်းခွဲရအောင်တဲ့"
"ဟော.. ဒါကအရင်လဲ ဒီလိုပြောပြီးရင်ပြန်တည့်နေကြမဟုတ်လား အခုက ဘယ်လိုဖြစ်ရတာလဲ"
"သား..သားဘက်က ဒီတစ်ခါတော့ ပြတ်သားလိုက်ပြီ ကိုကို ဟင့်...ကိုယ့်ကိုကစားစရာလိုသဘောထားနေတဲ့သူနဲ့ ဆက်ပြီးလက်မတွဲချင်တော့ လို့"
"ဟင်းးးး..."JunKyu သက်ပြင်းသာချလိုက်မိသည်...ကလေးတွေတယ်ခက်တယ် မချစ်ကြတာလဲမဟုတ်ပါဘဲနဲ့ကို။
ထိုစဥ် DoYoung ဆီမှ မြည်လာတဲ့ ဖုန်းသံကြောင့် JunKyu ညီဖြစ်သူကိုကြည့်လိုက်တော့
"JungHwan ဆီက... ကိုကို"
"ကိုင်လိုက်လေ..."JunKyu မေးငေါ့ကာ ပြောတော့ DoYoung ကခေါင်းခါသည်။
YOU ARE READING
Regret
FanfictionJust my imagination!! So,don't blame my idols(Myanmar not english)