Part 11

34 8 0
                                    

DoYoungနောက်ရက်သင်တန်းတက်ရတော့လဲ Rutoလိုက်ပို့ပေးသည်။
မနက်ဆိုတာနဲ့ YoShi Hyungက ကိုကိုနဲ့အလုပ်လိုက်သွားပြီး DoYoungက သင်တန်းသွားဆိုတော့ Rutoက ပျင်းသည်ဆိုကာ သူတို့တွေဒီမှာရှိနေစဥ်အတွင်းတော့ DoYoungသင်တန်းအကြိုအပို့ကို Rutoကပဲတာဝန်ယူမည်ဖြစ်သည်။

အခုလဲ သင်တန်းရှေ့ချပေးပြီးတာနဲ့ DoYoungကိုနှုတ်ဆက်ကာ ပြန်သွားသည်...အိမ်ကိုတော့မဟုတ် ကားလျှောက်ပတ်မောင်းရင်မောင်း... မဟုတ်လဲ YoShi Hyungဆီလိုက်သွားလိမ့်မည်ပင်။

DoYoung Rutoကားမောင်းထွက်သွားသည်အား ကြည့်ပြီး သင်တန်းထဲဝင်ရန်အလှည့်

"အမလေး!!" အနောက်မှာ လာရပ်နေတဲ့ JaeHyuk Hyungကြောင့် လန့်ကာအော်မိသွားသည်။

"Hyungရယ်...ဘယ်လိုဖြစ်ပြီး အနောက်မှာ လာရပ်နေတာလဲ လန့်သွားတာပဲ"DoYoungရင်ဘတ်ဖိကာ ပြောလိုက်တော့

"အရမ်းလန့်သွားတာလား sorryပါကွာ Hyungတမင်လုပ်တာမဟုတ်ပါဘူး"

"ဟုတ်ပါပြီ...ဒါနဲ့ Hyungက သင်တန်းထဲမဝင်ဘဲ ဒီမှာဘာရပ်လုပ်နေတာလဲ"

"မင်းကိုစောင့်နေတာ..."

"ကျွန်တော့်ကို...??"DoYoungမိမိကိုယ်ကို လက်ညှိုးပြန်ထိုးကာမေးတော့ JaeHyuk Hyungက ခေါင်းငြှိမ့်ပြပြီး

"ခုနက မင်းကိုလာပို့်သွားတာ Harutoဆိုတဲ့ ကလေးမလား DoYoung"

"ဟုတ်တယ်လေ...Hyungရဲ့ ဘာလို့လဲ"

"Hyungတစ်ခုလောက်မေးလို့ရမလား DoYoungie"

"ဟုတ်..မေးလေ Hyung"

"မင်းနဲ့Harutoကဘာတွေလဲ DoYoungie"

"ဟင်??..ကျွန်တော်နဲ့Ruto??"

"အင်း..မင်းတို့ကတွဲနေကြတာလား"

"ဟာ...ဘယ်ကသာ Hyungရာ Rutoက ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ကောင်လေးဗျ နှစ်ယောက်လုံးကဂျပန်ကနေလာတာ။
ကျွန်တော့်အစ်ကိုဝမ်းကွဲ YoShi Hyung က ဒီမှာ ကျွန်တော့်ကိုကိုနဲ့ အလုပ်စပ်တူလုပ်မလို့လာတာကို သူ့ကောင်လေးဖြစ်တဲ့ Rutoကပါ လိုက်လာတာ...နှစ်ယောက်လုံးက နောက်နှစ်ဆိုလက်ထပ်ကြတော့မှာလေ။
Rutoက ကျွန်တော့်ယောက်ဖဝမ်းကွဲဖြစ်လာမယ့်သူပါဗျာ.."

"ဪ...Hyung မသိလို့မေးမိတာ စိတ်မရှိပါနဲ့ကွာ"

"ရပါတယ်...Hyung အခုသိပြီမလား နေပါအုံး ဘယ်လိုလုပ်ပြီး ကျွန်တော်နဲ့Rutoကိုတွဲနေတယ်လို့ထင်သွားရတာလဲ Hyung က"

Regret Where stories live. Discover now