နောက်ရက်တွေမှာတော့ DoYoung ပုံမှန်အတိုင်း သင်တန်းတက်လိုက်၊ assignmentတွေလုပ်လိုက်၊သူငယ်ချင်းနဲ့အတူ လျှောက်သွားလိုက်နဲ့ ဖြတ်သန်းနေလိုက်သည်...လေးလံြပီး လစ်ဟာသလိုြဖစ်နေတဲ့ ရင်ဘတ်ထဲကဒဏ်ရာ သက်သာလိုသက်သာငြားပေါ့။
သင်တန်းပိတ်ရက်ဆိုရင် ကိုိကိုနဲ့အတူလိုက်ကာ လုပ်ငန်းအတွေ့အကြုံ သင်ဖြစ်သည်။
ဘွဲ့ရပြီးနေပြီဖြစ်ပေမဲ့ လုပ်ငန်းခွင်မဝင်ချင်သေးတာကြောင့်ရော အခြားလေ့လာချင်တာတွေရှိသေးတာကြောင့် သင်တန်းတွေပတ်တက်ကာ လူငယ်သဘာဝလွတ်လပ်မှုကိုခံစားနေဆဲ။အခုလဲ သင်တန်းကအပြန် JaeHyukie Hyungနဲ့အတူ သင်တန်းနားက ကော်ဖီဆိုင်မှာ မုန့်ဝင်စားဖြစ်သည်။
JaeHyukie Hyung က DoYoung ထက် အသက်ကြီးပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ပြောလို့ဆိုလို့ကောင်းတာကြောင့် သူငယ်ချင်းအရင်းကြီးတွေလိုပေါင်းဖြစ်သွားကြတာဖြစ်သည်။
JaeHyukie Hyung ကိုယ်တိုင်ကလဲ DoYoung ကို သူ့ညီလေးတစ်ယောက်လို ဂရုစိုက်ပေးပြီး ဘော်ဒါလိုလဲလွတ်လပ်စွာနေပေးသည်။DoYoung တို့နှစ်ယောက်သား စကားလေးပြောလိုက်၊မုန့်လေးစားလို်က်နဲ့ သာယာနေတုန်း အနားမှာလာရပ်ကာ
"အတော်မှပျော်နေပါရဲ့လား..Kim DoYoung shi?"ဆိုတဲ့အမေးသံကြောင့် DoYoung မော့ကြည့်လိုက်လေလျှင် ဒေါသထွက်နေဟန် လည်ပင်းကြောတွေပါထောင်နေတဲ့ JungHwanကိုတွေ့လိုက်ရသည်။
"ဪ..JungHwanကိုး...မုန့်လာစားတာလား?" DoYoung ဘာမှမဖြစ်သလို ဟန်လုပ်လို့ လေသံအေးအေးလေးနဲ့ဲပြောလိုက်ပေမဲ့လည်း စားပွဲအောက်က သူ့(DY)လက်တွေကတော့ တဆတ်ဆတ်တုန်လို့နေသည်..JungHwanဒေါသထွက်ရင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူအသိဆုံးပဲမလား။
ဒါပေမဲ့ အမှန်ဆို သူတို့နှစ်ယောက်က ဘာမှမဆိုင်တော့တာလေ လမ်းခွဲထားတာပဲတစ်ပတ်ကျော်နေပြီဟာ.. So JungHwanတို့ဘာဖြစ်ချင်နေတာလဲ။DoYoung မျက်နှာချင်းဆိုင်က JaeHyukကတော့ သူ့အအေးကိုဆက်သောက်ရင်းသာ အခြေအနေကိုစောင့်ကြည့်နေသည်..သူဝင်ပါလို့မှမသင့်ဘဲကို။
"အပိုတွေမေးမနေနဲ့... Kim DoYoung ကျုပ်မေးတာကိုအရင်ဖြေ ဒီကောင်ကဘယ်ကကောင်လဲ"JaeHyukကိုလက်ညှိုးထိုးကာမေးလာသည်။
YOU ARE READING
Regret
FanfictionJust my imagination!! So,don't blame my idols(Myanmar not english)