Part 1

141 17 8
                                    

ဆိတ်ငြိမ်ပြီးထိုင်လို့ကောင်းတဲ့ Treasure Coffee shopလေးဟာ ဆိုင်အပြင်အဆင်ကြောင့်ရော မုန့်နဲ့ကော်ဖီကောင်းတာကြောင့်ပါ စားပွဲဝိုင်းတွေဆိုတာလဲ နေရာအလွတ်မရှိ စားသုံးသူတွေနဲ့ ပြည့်နှက်နေကာ စကားသံတွေဟာလဲ ဟိုမှသည်မှ ထွက်ပေါ်လျက် အမြဲမပြတ်စည်ကားလျက်ရှိသည်။

ထိုအခြေအနေနဲ့ကွဲလွဲစွာထောင့်ဘက်ကျတဲ့ဝိုင်းမှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကတော့တိတ်ဆိတ်နေခဲ့သည်။

"ကိုယ်တို့လမ်းခွဲရအောင်"ဤသည်အား ကောင်လေးနှစ်ယောက်အနက်မှ JungHwanအမည်ဖြင့်ကောင်လေးမှပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားသံကြောင့် မျက်နှာချင်းဆိုင်မှ ကောင်လေးဖြစ်သူ DoYoungက အရှေ့မှ ကိတ်တစ်ဇွန်းအား အရင်ခပ်စားလိုက်ပြီးမှ

"အင်း...မင်းသဘောပဲ"လေသံအေးအေးဖွငျ့ပွနျဖွသေညျ။

ထိုအခါ JungHwanမှာ ကြားလိုက်ရတဲ့ အဖြေအား သဘောမကျသည့်နှယ် မျက်ခုံးအစုံတွန့်ချိုးကာ ရှေ့ကလူအားစိုက်ကြည့်လိုက်ရင်း မေးလို်က်သည်။

"အဲ့လောက်တောင်လွယ်လား ဖြေရတာ..ဟမ်?ဘယ်ကတည်းက ငါနဲ့ပြတ်ချင်နေတာလဲ Kim DoYoung!!" ဒေါသထွက်လာသည်မို့ အသံကျယ်သွားသော်လည်း ပတ်ဝန်းကျင်ရဲ့ဆူညံသံတွေကိုတော့တိုးမဖောက်နိုင်ခဲ့ပေ။

"မင်းပဲငါနဲ့ပြတ်ချင်ပါတယ်ဆို အဲ့တာကြောင့်ငါပြတ်ပေးတာလေကွာ"

"မချစ်ခဲ့ဘူးလား..မချစ်ခဲ့လို့ အဲ့လောက်ပြတ်ဖို့လွယ်ကူနေတာလား မင်း"JungHwanကသာ ဒေါသတကြီးပြောနေတာ...Kim DoYoung ကတော့ တုံဏှိဘာဝေပုံစံဖြင့် အေးအေးဆေးဆေး ကိတ်ဆက်စားနေခဲ့သည်။

"ဟမ်လို့...ငါမေးတာဖြေလေ Kim DoYoung!!"

"ဟင်းး..ချစ်ခဲ့တယ် သေချာပေါက်ကိုချစ်ခဲ့တာပေါ့ So JungHwanရဲ့ "

"အဲ့ဒါဆို ဘာလို့ လွယ်လွယ်လေးပြတ်ပေးနိုင်ရတာလဲ ဖြေစမ်းပါ"

"ဒါကတော့ မင်းမှ ငါ့နားနေရတာမပျော်တော့တာ မပျော်လို့လဲမင်းဘက်က စပြီးလမ်းခွဲဖို့ပြောတာပေါ့ မဟုတ်ဘူးလား?
ငါအခု ပြတ်ပေးနေပြီလေ.. မင်းပျော်လိုက်တော့ပေါ့ ဘာတွေထဖြစ်နေရတာလဲ မင်း.."

Regret Tempat cerita menjadi hidup. Temukan sekarang