Part 10

37 7 1
                                    

JungHwan ကော်ဖီဆိုင်ကပြန်ရောက်ကတည်းက အေးဆေးမထိုင်နိုင်ဘဲ အခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေသည်။

'Youngနဲ့အဲ့ကောင်ကဘာတွေလဲ ဘယ်လိုပတ်သက်နေတာလဲ... အရင်ကတစ်ခါမှမတွေ့ဖူးပါဘူး Youngနဲ့အဲ့ကောင်နဲ့တွဲနေတာများလား...'လို့တွေးလိုက်မိသည့်အခါ တင်းကျပ်သွားသည့်ခံစားချက်ကြီးနဲ့ လူကနေရခက်လာသည်။

'Youngကိုဖုန်းဆက်ကြည့်ရမလား'အတှေးနဲ့အတူ လက်က အလိုလိုနှိပ်မိပြီးသား...သို့သော် မအားသေးပါဆိုတဲ့အသံသာကြားရသည့်အခါ

"ကျစ်"သေချာပေါက် JungHwan ဖုန်းနံပါတ် Blockခံထားရခြင်းဖြစ်သည်။

"JeongWooကိုဆက်ပြီး JaeHyuk Hyungကိုမေးခိုင်းလိုက်ရင်ရော..."ရေရွတ်ရင်း JeongWooဆိီ ဖုန်းခေါ်လိုက်တော့ အသံရှညျသုံးခါလောကျဝငျပွိီးမှ တစ်ဖက်ကဖုန်းကိုင်သည်။

"Hello..."

"အေး...JeongWoo ya.."

"JungHwan... ဘာဖြစ်လို့လဲ "

"ဟိုလေ..ဟို...ဟို...ကျစ်!"တကယ့်တကယ်ပြောဖို့ကျ JungHwan ပြောမထွက်။

"ဟေ့ရောင်...ဘာဖြစ်နေတာလဲ ငါ့ကိုဘာပြောမလို့လဲ တဟိုဟိုနဲ့"

"ဟိုဟာကွာ.... ကောျဖိီဆိုငျမှာတုနျးက Youngနဲ့ပါလာတဲ့တစ်ယောက်လေ "

"Haruto....Harutoလေ ဘာဖြစ်လို့လဲ"

"အဲ့တစ်ယောက်နဲ့ Youngနဲ့ဘယ်လိုပတ်သက်လဲ ငါသိချင်လို့"

"ဟမ်...ငါလဲဘယ်သိပါ့မလဲဟ အဲ့ဒါကျ"

"ဟာ..မင့်လဲမမေးဘူး JaeHyuk Hyungကို တဆင့်မေးခိုင်းတာ Hyungများသိနေမလားလို့"

"ဪ...ငါမေးပေးမယ်လေ ဘာလဲ မင်းက DoYoungie Hyungနဲ့Harutoက အတွဲတွေလို့ထင်နေတာမလား"

"မဟုတ်ဘူး!!...ဒီ..ဒီတိုင်းသိချင်လို့ အရင်မေးပေးစမ်းပါကွာ ပြီးရင်ငါ့ကိုဖုန်းပြန်ဆက်ပေး"

"ဖြေးဖြေးပြောပါဟ..နားတောင်အူသွားတယ်
မေးပြီးရင်ပြန်ဆက်ပေးမယ် ဒါပဲ"

"အေး" တစ်ဖက်က ဖုန်းချသွားသည်။

JungHwan ပြန်ဆက်လာမဲ့ JeongWoo ဆီကဖုန်းကိုမျှော်နေသည်မှာ ၁၅မိနစ်ရှိသွားပြီ...မိနစ်ပိုင်းလေးက သူ့(JH)အတွက်တော့ နှစ်နဲ့ချီကြာသလို.....

Regret Where stories live. Discover now