DoYoung ကောင်းကောင်းကြီးပေါက်ကွဲပစ်ခဲ့ပြီးကာမှ ကားထဲဝင်ထိုင်ကာ နင့်နင့်သည်းသည်းကို ငိုချမိတော့သည်။
အနောက်ကလိုက်လာတဲ့ JaeHyukကလဲ ဘေးခုံမှာဝင်ထိုင်လိုက်ပြီး DoYoungငိုနေသည်အား တိတ်စေရန် ချော့ပြောနေရသည်။"တိတ်ပါတော့.. DoYoungရယ် မင်းပြောချင်သမျှ ပြောခဲ့ပြီးပြီမလား မငိုနဲ့တော့လေကွာ"
"ဟင့်..Hyung.. ကျွန်တော်ဒီနေရာက သိပ်နာတယ် "လက်ညှိုးလေးနဲ့ ဘယ်ဘက်နှလုံးသားနေရာအားထောက်ပြရင်းမျက်ရည်တွေနဲ့ကြည့်ကာပြောလာတဲ့ ညီလိုသူငယ်ချင်းလိုချစ်ရတဲ့ကလေးကြောင့် JaeHyukဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိဖြစ်ရသည်။
"အင်းပါ..Hyung သိပါတယ်"JaeHyuk DoYoungရဲ့ခေါင်းလေးကို အသာပွတ်ကာပြောလိုက်သည်။
"Hyung...သိလား ကျွန်တော် သူ့ကိုသိပ်ချစ်တာ။
အခုလိုလမ်းခွဲပေးလိုက်တာက ကျွန်တော်ပျော်နေတယ်ထင်လား Hyung?
မပျော်ဘူးဗျ... လုံးဝကိုမပျော်တာ ရင်ဘတ်ထဲက သေမတတျနာရတယျဗြ "ရင်ဘတ်ကို တဗုတ်ဗုတ်ရိုက်ကာ ငိုပြောပြောလာတာကြောင့် JaeHyuk မှာ လက်ကိုလှမ်းဆွဲကာ"မလုပ်ရဘူးလေ DoYoung ya..Hyung မင်းဖြစ်နေတာကိုသိတယ် နားလဲလည်တယ် မင်းအခုငိုချင်တယ်မလား ငိုချလိုက်။
ပြီးရင်တော့ မင်းဘာမှမဖြစ်ခဲ့သလို...သူနဲ့ပတ်သက်ခဲ့သမျှတွေကိုမေ့ပစ်ပြီး အသစ်ကပြန်စဖို့ကြိုးစား...မင်းဘေးမှာ Hyung တို့ရှိသေးတယ်။
မင်းကိုချစ်တဲ့သူတွေအများကြီး မင်းနားမှာရှိပါသေးတယ် ဟုတ်ပြီလား "JaeHyuk လေပြေလေးနဲ့ပြောတော့ DoYoung ကနှာတရှုံ့ရှုံ့လုပ်ကာ ခေါင်းငြှိမ့်ပြသည်..မျက်ရည်တွေလဲကျနေသေးတုန်းပင်။အချိ်န်တန်ကြာငိုလိုက်ပြီးမှာတော့ DoYoung စိတ်တွေ အရင်ကထက်ပေါ့ပါးလာသည်။
DoYoung အငိုရပ်သွားတာမြင်တော့မှ JaeHyuk က"DoYoung... အဆင်ပြေပြီလား?"
"ဟုတ်ကဲ့..Hyung "DoYoung မျက်ရည်တွေသုတ်ပစ်လိုက်ကာ ပြန်ဖြေလိုက်သည်။
"ဒါဆိုလဲ Hyung တို့်ပြန်ကြမယ်လေ" JaeHyukie Hyung ပြောသည်အား DoYoung ခေါင်းငြှိမ့်ပြလိုက်ကာ ကားကိုမောင်းထွက်လိုက်သည်။
.....................................................................
YOU ARE READING
Regret
FanfictionJust my imagination!! So,don't blame my idols(Myanmar not english)