Part 7

40 8 0
                                    

JungHwanတစ်ယောက် စောစောထကာ ရေမိုးချိုးပြင်ဆင်ပြီး အဝတ်အစားကိုခြေဆုံးခေါင်းဆုံးကိုမှ အလန်းဆုံးဆိုတာကိုရွေးဝတ်လိုက်သည်။
အနံ့မပြင်းဘဲ မွှေးရနံ့သင်းသင်းလေးသာရှိတဲ့ ရေမွှေးကိုပါဆွတ်လိုက်သေးသည်။
ဘာလို့ဒီလောက်ထိသူ(JH)ပြင်ဆင်နေရသလဲဆို သူ့(JH)နှလုံးသည်းညှာကလေးYoungကို ဒီနေ့ကစပြီးပြန်လိုက်တော့မှာဖြစ်တာကြောင့်ပင်။

JungHwanအတိတ်မှာအမှားတွေ တောက်လျှောက်ကျူးလွန်ခဲ့မိပြီး Youngကိုအများကြီးနာကျင်ပင်ပန်းစေခဲ့မိပြီးပြီ။
ခုနေမှ JungHwanသေချာနားလည်မိသွားတာက သူ(JH) Youngမရှိဘဲအသက်မရှင်နိုင်ဘူးဆိုတာကိုပေါ့...အဲ့ဒါကြောင့်လဲ JeongWooအကြံပေးသလို အသစ်ကနေပြန်စလို့ရအောင် Youngကို ပြန်လိုက်ပိုးပန်းတော့မှာဖြစ်သည်။

Youngခွင့်မလွှတ်နိုင်လောက်တဲ့အမှားတွေပဲပြုမိခဲ့တဲ့အပြင် အနားမှာရှိစဥ်က တန်ဖိုးမထားပေးခဲ့မိတာတွေအတွက် သေချာတောင်းပန်ပြီး ရွှေလက်ပြန်တွဲနိုင်အောင် JungHwan ကြိုးစားတော့မည်။
ဒီလိုကြိုးစားဖို့အရေးကို နှစ်ပတ်လောက်ကြာအောင် စဥ်းစားခဲ့ပြီး Youngကိုလက်မလွှတ်နိုင်တဲ့ သူ့စိတ်သူသေချာသွားမှ အကောင်အထည်ဖော်ဖို့ပြင်တော့သည်။

*i want your love ...yeah wany your want your love ..Don't kill my vibe yaeh*
မြည်လာတဲ့ဖုန်းသံကြောင့် ကြည့်မိတော့ ခေါ်ဆိုသူက JeongWooဖြစ်နေသည်။
JungHwanကိုင်လိုက်တော့ တစ်ဖက်မှJeongWooက

"Hello.."

"အေး..JeongWoo ပြော..."

"မင်းဒီနေ့အားလား JungHwan?"

"အာ..ငါဒိီနေ့ Youngကို ပြန်စလိုက်တော့မလို့လေ..ဘာကိစ္စရှိလို့လဲ"

"ဘာရယ်မဟုတ်ပါဘူး ဒီနေ့ငါ ငါ့ကောင်လေးနဲ့ချိန်းထားတာ အဲ့ဒါမင်းနဲ့တစ်ခါတည်းမိတ်ဆက်ပေးမလို့ အဆင်ပြေရင်လာခဲ့လေ"

"အေး..ငါYoungဆီက အပြန်ကျ အဆင်ပြေရင်လာမယ်လေ မင်းတို့Dateမဲ့နေရာက..."

"ဟိုရက်ကမင်းနဲ့ငါသွားတဲ့ကော်ဖီဆိုင်လေ အဲ့နားကသင်တန်းမှာ ငါ့ကောင်လေးတက်တာလေ။"

"အင်း..ငါသိပြီ အဲ့သင်တန်းမှာ ငါ့Youngလဲတက်နေတာဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့"

Regret Where stories live. Discover now