(6)Unicode

431 81 8
                                    

"ဝေ........ဝူးးး"

"မောင်မင်း ခိုင်ဖုန်းရုံးတော်ရှေ့စည်တီးပြီး မတရားမှုကိုတိုင်ကြားခဲ့ပါသလား"

ပေါင်လူကြီးမင်းရဲ့ အသံ​ကျယ်ကျယ်ကြောင့် သူ့ပခုံးဖျားလေး ဆတ်ခနဲတုန်သွားရတယ်။ သူက ကြမ်းပြင်ပေါ် ပုံ့ပုံ့ကလေးထိုင်နေပြီး ခမောက်အကြီးကြီးကို အကာအကွယ်ယူလို့ ဟိုဒီဝေ့ဝဲကြည့်နေတာရယ်။ နဂါးခေါင်းဓားစက်၊ ကျားခေါင်းဓားစက်နဲ့ ခွေးခေါင်းဓားစက်တွေကို ကြည့်ချင်ပေမဲ့ ပိတ်စဝါဝါ အုပ်ထားတာမို့ ဘာတွေမှန်းတော့ မရေရာပါဘူး။ အခုတော့ ပေါင်လူကြီးမင်းရဲ့ မေးခွန်းကိုဖြေရပါဦးမယ်။

"ဟုတ်ကဲ့...တိုင်ကြားခဲ့ကြောင်းပါ "

"မောင်မင်းနာမည်ပြော"

"ရှောင်ဝါးဝါ...အယ်...ရှောင်ဝမ်......အွန်"

သူ့တုံ့ပြန်စကားအဆုံးမှာ ပေါင်လူကြီးမင်းက မေးမြန်းလာပါတယ်။ရုတ်တရက်မို့ သူလည်း နာမ်စားတချို့ လွှတ်ခနဲထွက်သွားပေမဲ့ တကယ်တမ်းကျ ဘယ်လိုပြန်ဖြေရမယ်မှန်း မသိတော့ဘူးရယ်။ အဲ့ဒါမှ ကောင်းရော၊ သူ့နာမည်အရင်းကို သူကိုယ်တိုင်တောင်မသိဘူး။

"ပေါင်လူကြီးမင်းမေးနေတာကို တလေးတစားဖြေစမ်း...မင်းခမောက်ကြီးကရော ခုထိမချွတ်သေးဘူးလား ဟမ်"

ပြောပြောဆိုဆိုနဲ့ ဆွဲချွတ်လာတဲ့ လက်ကြမ်းကြမ်းကြောင့် သူ့ခမောက်ကြီး လွင့်ထွက်သွားရပြီပဲဖြစ်တယ်။သူလည်း အလန့်တကြားဖြစ်သွားရပြီး ဖျတ်ခနဲမော့ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံဝတ် အမှုထမ်းတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူလည်း တကယ့်ကို လန့်ဖျပ်သွားရပြီမို့ ခေါင်းကိုအမြန်ငုံ့ချပစ်လိုက်ပြီး လေသံတိုးတိုးလေးနဲ့ပြောလိုက်တာက...

"ကျွန်တော်မျိုးနာမည်က...ရှောင်...ရှောင်ဝါးဝါ ပါ ပေါင်ကုန်း"

"........."

သူ့စကားအဆုံးမှာ ဘာတုံ့ပြန်သံမှ မကြားရဘူး။ တလေးတစား သုံးနှုန်းလိုက်လို့ပဲလားတော့မသိပေမဲ့ ရုံးတော်တစ်ခုလုံး တိတ်ဆိတ်သွားတာပဲဖြစ်ပါတယ်။သူလည်း ဘာဖြစ်သွားမှန်းမသိတာမို့ ခေါင်းလေးမော့ကြည့်မယ်အလုပ်မှာပဲ ပေါင်လူကြီးမင်းဆီက စကားသံထွက်ပေါ်လာပါတော့တယ်။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now