(7)Zawgyicode

115 4 0
                                    


ပြတင်းကနေဖြတ်ကျော်လာတဲ့ နေခြည်ဖျော့ဟာ မဟော်ဂနီရောင်စားပွဲပေါ် လွှားခနဲပြိုကျလာတယ်။အနီသွေးပေါ် ရွှေအိုရောင်အလွှာတစ်ထပ် သုတ်လိမ်းလိုက်သလိုမျိုး။ငှဲ့ထားတဲ့ လက်ဖက်ရည်တွေ အေးသွားခဲ့ပြီ။ စကားဝိုင်းကတော့ အရှိန်ကောင်းနေဆဲ။

"လက်စသတ်တော့ ရှောင်ဝမ်ရယ်က အတိတ်မေ့နေတာပေါ့...ဒါကြောင့်မို့ ကျုပ်လည်း ထူးဆန်းတယ်ဆိုပြီး တွေးနေတာ..."

"ကျွန်တော်တို့ရှောင်ဝမ်ရယ်က အတိတ်မေ့ပြီးနောက်မှ ထူးထူးဆန်းဆန်းတွေ လုပ်နေတာမို့ လူကြီးမင်းကို အလုပ်ရှုပ်စေမိပါပြီ"

ရိပေါ်ပြောလိုက်တော့ ပေါင်လူကြီးမင်းက လက်ကာပြီး ဟန့်တားလာပါတယ်။နောက်တော့ ရေနွေးခွက်ကို တစ်ချက်မော့သောက်လိုက်ပြီး စကားဆက်လာလေရဲ့။

"ကျုပ်အတွက်အပန်းမကြီးပါဘူး...ဒါပေမဲ့ ရှောင်ဝမ်ရယ်အနေနဲ့ ရုံးတော်ကိုလာတိုင်ကြားတာက တခြားသူတွေအမြင်လွဲသွားစေနိုင်တယ်..."

"ကျွန်တော်နားလည်ပါတယ်...ရှောင်ဝမ်ရယ်ကို အမြဲထိန်းချုပ်ထားဖို့ကလည်း မဖြစ်နိုင်တာမို့ ခဏလောက်အလွတ်ပေးလိုက်မိတာနဲ့ အခုလိုတြွေဖစ်ကုန်ရတာပါပဲ..."

ရိပေါ်ရဲ့အားတုံ့အားနာစကားအဆုံးမှာ ပေါင်လူကြီးမင်းက ခေါင်းတဆတ်ဆတ်ညိတ်တယ်။ နောက်တော့ ခပ်ဖွဖွပြုံးလိုက်ပြီး...

"ဘာအကြောင်းကြောင့်ရယ်လို့ မသေချာပေမဲ့ ရှောင်ဝမ်ရယ်က ကွာရှင်းခွင့်တောင်းခဲ့တာနော် အိမ်တော်သခင်"

"........."

"အဲ့ဒါနဲ့ မယားပြိုင်စနစ်အကြောင်းပါရှင်းပြပေးလိုက်ရတာကတော့ ကျုပ်အတွက် နည်းနည်း........."

ပေါင်လူကြီးမင်းဘက်က စကားဆက်မလာ​တော့သလို ရိပေါ်ခမျာလည်း တကယ်ကို အားနာသွားရပြီပဲဖြစ်ပါတယ်။ မယားပြိုင်စနစ်။ဒီစနစ်က မင်းဆွေစိုးမျိုးနဲ့ အထက်တန်းလွှာသခင်ကြီးတွေ လက်ခံကျင့်သုံးနေတဲ့စနစ်ပါပဲ။ကိုယ်လုပ်တော်၊ တရားဝင်မယားနဲ့ တရားမဝင်မယားအစရှိသဖြင့် သူ့ထက်ငါအပြိုင်အဆိုင် လက်ထပ်ကြပြီး ယှဉ္ပြိုင်ကြွားဝါလေ့ရှိကြတာပဲဖြစ်တယ်။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now