(9)Unicode

494 84 7
                                    


မနက်ခင်းနေရောင်ခြည်က အရှိန်အဝါလျော့နည်းနေလေရဲ့။တိမ်စိုင်တိမ်လိပ်တွေဟာတော့ ကောင်းကင်လွင်ပြင်မှာ ဟိုဒီပြေးလွှား ကစားနေကြတုန်းပဲဖြစ်ပါတယ်။

မနက်စာကို အဝလွေးထားတာမို့ သူ့ဗိုက်ကလေးက စူစူတင်းတင်း။အစားများသွားလို့နဲ့တူရဲ့၊ ရင်ထဲတောင် တင်းတောင့်တောင့်ကြီး ဖြစ်လာတဲ့အထိ။ဒီလိုနဲ့ပဲ အစာကြေဖို့ရာ လမ်းလျှောက်ဖို့ပြင်ရတော့တာပဲ။ဟိုလူကြီးက မနက်စာအတူတူလာမစားဘူးရယ်။အိပ်ရာထကတည်းက မတွေ့ရတာမို့ အလုပ်ရှုပ်နေပြန်ပြီလားပဲ။

"ဟာ့..."

သူ အိမ်တော်ဝန်းထဲ ဟိုဟိုဒီဒီလျှောက်လှမ်းနေတုန်းမှာ သမားတော်ကျိုက အူယားဖားယားပြေးဝင်လာပါတယ်။ ရုတ်တရက်မို့ သူ့ကိုပါ ဝင်တိုက်မိတော့မလိုနဲ့ရယ်။ သူအသာလေးရှောင်တိမ်းလိုက်ရပေမဲ့ သတိမမူမိတဲ့ သမားတော်ကျိုကတော့ အဆောင်ငယ်တစ်ခုဆီကို ဦးတည်​လို့ အပြေးသွားပြီပဲဖြစ်ပါတယ်။

သမားတော်ကျိုနောက်ကနေ အိမ်တော်အစေခံတချို့လည်း တန်းစီလိုက်သွားကြပြီး သူ့ကိုပါ ကမန်းကတန်းဦးညွှတ်သွားကြပါသေးရဲ့။ သူ ယောင်နနကလေးနဲ့ ခေါင်းလေးပတ်ချာလည်ကြည့်လိုက်တဲ့အခါ တခြားအစေခံတွေ ကိုယ်စီအလုပ်ရှုပ်နေကြတာတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အမူအရာတွေကတော့ ပုံမှန်အတိုင်းပါပဲ။ပျာယာခတ်နေကြတာဆိုလို့ သမားတော်ကျိုတို့အုပ်စုပဲရှိပါလိမ့်မယ်။

"မျက်စိကိုနောက်နေတာပဲ"

သူအသံသေးသေးလေးနဲ့ တီးတိုးရေရွတ်လိုက်ချိန်မှာတော့ သမားတော်ကျိုတို့လူစုဟာလည်း အဆောင်ငယ်ထဲဝင်သွားပြီရယ်။ဒါကြောင့်မို့ သူလည်း လက်နောက်ပစ်ရင်း ခန္ဓာကိုယ်လေးကို ဟိုဒီယိမ်းလို့ ခြေလှမ်းတွေကို မြောက်ကြွမြောက်ကြွဆက်လှမ်းနေလိုက်တာပါပဲ။​တဖြည်းဖြည်းနဲ့ အိမ်တော်ပေါက်ဝဆီ ရောက်လာတဲ့အခါမှာတော့ သူ့မျက်လုံးလဲ့လဲ့လေးတွေကို အလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

လူတိုင်းကအလုပ်ကိုယ်စီနဲ့ဆိုပေမဲ့ သူနဲ့မလှမ်းမကမ်းမှာ ရှိနေကြတာချည်းပါပဲ။သူ အိမ်တော်ဝန်းအပြင်ဘက်ဆီ မသိမသာခြေချလိုက်ပေမဲ့ ဘယ်သူမှ တားမြစ်မလာဘူးရယ်။သူ့ကိုသတိမထားမိတာပဲလား ဒါမှမဟုတ် ဟိုလူကြီးမှာထားလို့ပဲလားတော့မသိပေမဲ့ သူ့ကို အားလုံးကလျစ်လျူရှုနေကြပါတယ်။အခုလို ဂရုစိုက်မခံရတာကြီးက နည်းနည်းတော့ ဝမ်းနည်းဖို့ကောင်းသားပဲ။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now