Part 5

72 9 0
                                    

UN

        ထိန်းချုပ်နိုင်မှုက အကန့်အသတ်ရှိ၏။ ဤအကန့်အသတ်ကိုမကျော်မချင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။ ကျစ်ကွမ်းတွင်တော့ အကန့်အသတ်လည်းမရှိသေးသလို ထိန်းချုပ်နိုင်စွမ်းလည်းမရှိသေးပေ။ ယခုရက်ပိုင်း ပို၍ပို၍ ဆိုးဝါးလာလေသည်။ ရေခိျုးနေစဉ်တွင်ပင် မှန်ထဲ၌ မိမိကိုယ်တစ်ပိုင်းမှာ အမွှေးဖြူများဖုံးလွှမ်းနေသော အကောင်တစ်ကောင်ဖြစ်နေပြီး ရုပ်ချည်းဆိုသလို မူလပုံစြံပန်ရောက်သွားပြန်သည်။ ဒေါသကိုထိန်းချုပ်နိုင်စွမ်းလည်း နည်းနေသည်။ အထူးသဖြင့် ထိုအမွှေးဖြူများပေါ်လာခိျန်တွင် အရာရာကို ကို''က်ဖြ"တ် ဆု''တ်ဖြဲ ချင်စိတ်များက ထိန်းမနိုင်သိမ်းမရဖြစ်ပေါ်လာတတ်သည်။

"ချလွန်!!!!!............

        စားပွဲပေါ်မှ နံ့သာခြက္က အဖုံးနှင့်အလုံး တစ္စစီ ကြမ်းပြင်ပေါ်သို့ လွင့်ကျသွား၏။ ကျစ်ကွမ်းသည်လည်း ခြေကုန်လက်ပန်းကျသည့်နှယ် ခွေယိုင်လဲကျနေပြီ။ မနက်စောစောမို့ ထိုအသံသည် တစ်အိမ်လုံး ကြားရစေမည်ထင်။

"ရှောင်ကွမ်း!!....

"ကျစ်ကွမ်း မင်းဘာဖြစ်တာလဲ!!.....

     ခဏချင်းပင် အခန်းပြင်မှ တံခါးကို ထုသံနှင့်အတူ အော်ခေါ်သံတို့ ထွက်ပေါ်လာသည်။

"ဒီတိုင်း ချောလဲတာပါ
ဘာဖြစ်ရမှာတုန်း......

     လဲနေရာမှ အလျင်အမြန်ထ၍ တံခါးလာဖွင့်၏။ လေးလေးကသူ့ကိြုကည့်ကာ အကောင်းပကတိတိုင်းမြင်ရပြီဆိုမှ စိတ်အေးသွားဟန်ရှိသည်။ တုန်းယွမ်တို့ကတော့ 'လန့်သွားတာပဲ' ဟူသောအကြည်ြ့ဖင့် သက်ပျင်းချကာ ထွက်သွားကြတော့သည်။ မိမိခံစားမိသည်မှာတော့ လေးလေးသည် တစ်စုံတ်ရာပြေါပြချင်နေပုံရပြီး အခြါးသူများကလည်း အတည်ကြီး စိုးရိမ်နေပုံရသည်။ သို့မဟုတ်ပါလျင် တိတ်ဆိတ်နေစေဦးတော့ ချောလဲစာလောက် အသံလေးကြားရုြံဖင့် ၍မျှရေးကြီးသုတ်ပြါရောက်လာပြီး အလန့်တကြားဖြစ်စရာမလိုပေ။

       ကိုယ်ပေါ်သို့ကျရောက်နေသော ဆီးဆာရောင်ခြည်၊ မျက်နှာပေါ်ဖြတ်ပြေးနေသော လေရူးှများ ၊ ကျောက်တုံးများကို ရို"က္ခ"တ်လာနေသော ရေလှိုင်းသံ .....
ထိုအရာအားလုံးက သာမန္လူအဖို့ အာရုံစူးစိုက္ကာ စိတ်တည်ငြိမ်အေးချမ်းစေမည်မှန်သော်လည်း ကျစ်ကွမ်းကတော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရေလှိုင်းတို့၏ အသံက နားစည်ထဲတွင် ကျယ်လောင်စွာမြည်ဟိန်းနေပြီး စိတ်အာရုံတို့ကလည်း အစအနဆွဲမရအောင် မျောလွင့်နေကြသည်။ ကြွက်သားနှင့် အရွတ်တို့မှသည် ရိုးတွင်းချဉ်ဆီတိုင် စူးစူးဝါးဝါးနာကျင်မှုကို ခံစားနေရပြီး အဖြူရောင် အမွှေးတို့ကလည်း ကိုယ်ပေါ်၌ ပျောက်ချီပေါ်ချီပင်။ အတော်အသင်ြ့ကာပြီးသော် စိတ်ကိုထိန်းချုပ်နိုင်မှုအလျင်းမရှိတော့ဘဲ white wolfအဖြစ်ပြေါင်းလဲကာ ရေပြင်ကျယ်ကြီးဆီသို့ အရှိန်ဖြင့် ကျသွားလေတော့သည်။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Onde histórias criam vida. Descubra agora