Part 11

48 3 0
                                    

UN

        မနက်ပိုင်းသည် ကြည်ကြည်လင်လင်နိုးထလာနိုင်သော်လည်း 100%နိုးသွားသည်နှင့် ယနေ့သည်၇ရက်မြောက်နေ့ရှိပြီမို့ စိတ်မပျော်ရွှင်ပေ။ မိမိရင်ခွင်ထဲမျက်နှာလေးဟတ်ကာ ခါးကိုဖက်တွယ်လျက်အိပ်မောကျနေသော မြတ်နိုးရသူလေးကို နိုးသွားမည်စိုးရိမ်၍ ခဏမျှငြိမ်နေလိုက်သေးသည်။

"ကလောင်!...
ကလောင်!......

         နှစ်ကြိမ်ဆင့်ဝင်ခါသော မက်ဆေ့ချ်ကြောင့် ဖုန်းကိုဖြည်းဖြည်းလေးလှမ်းယူလိုက်၏။ ရုကျောင်ဆီမှဖြစ်သည်။

"အစ်ကိုကွမ်း
နိုးပြီလား...

"သွားဖို့အသင့်ပြင်ထား
ဒီနေ့ကအစ်ကိုကွမ်းအတွက်နောက်ဆုံးခွင့်ရေးဖြစ်နိုင်တယ်နော်....

        စာကိုမြင်ပြီးသော် ဆက်အိပ်နေ၍မရတော့သည်ဖြစ်ရာ မိမိခါးပေါ်ရှိနေသော ကျွင့်ကျယ်၏လက်ကလေးအား အသာအယာ ဖယ်လိုက်ပြီး ရေချိုးခန်းထဲအလျင်အမြန်ဝင်ရသည်။ သွားဖို့အသင့်ဖြစ်နေသည့်တိုင် ကျွင့်ကျယ်ကအိပ်ပျော်နေဆဲဖြစ်တာကြောင့် ပန်းရောင်းသန်းစပြုနေပြီဖြစ်တဲ့ နှုတ်ခမ်းလေးကို ဖွဖွနမ်းလိုက်ကာ ကောင်တာသို့ဆင်းလာခဲ့သည်။

"အစ်ကိုကွမ်း
သွားကြမယ်.......

"အစ်ကို
ညီမတို့ကားတစ်စီးတည်းမသွားဘူး
အစ်ကိုအဲဒါကိုယူပြီးတာနဲ့ ညီမကအရင်ပြန်လာမှာ......
အစ်ကိုက ခဏပြီးမှနောက်ကလိုက်ခဲ့......

"မင်းဆိုလိုချင်တာက
မင်းပြန်သွားလို့ အစ်ကိုက လိုက်ခဲ့တဲ့ပုံစံပေါက်အောင်လို့လား.....

"အစ်ကိုတကယ်တွေးတတ်တာပဲ
ဒါဆိုညီမတို့သွားရအောင်လေ.....

"ကောင်းပါပြီ....

        ထွက်မသွားခင် လှေကားပေါ်မှ ခပ်သွက်သွက်ဆင်းလာသောခြေသံကြောင့် ကျစ်ကွမ်းလှေကားရင်းသို့ ပြန်ပြေးသွားလိုက်သည်။ ဆင်းလာသူမှာ အမှန်ပင် ကျွင့်ကျယ်ဖြစ်၏။

"ဘာလို့အလျင်တလိုဆင်းလာတာလဲ
သက်တောင့်သက်သာနေတာမဟုတ်ဘူး

        ကျွင့်ကျယ်က ခေါင်းကိုသာဖြည်းဖြည်းလေးခါရင်း စကားတော့ပြောမလာပေ။ ဟိုတယ်ရှိလူများကတော့ သူတို့နှစ်ယောက်အား ပုံမှန်ထက်ပို စိတ်ဝင်စားနေပုံရသည်။ ဝူချီတစ်ယောက်တော့ ထိုသို့မြင်ရသည်နှင့် ပွစိပွစိပြောနေပေရာ တုန်းယွမ်မှာ ဗီလိန်လုပ်၍ 'မနက်စာစားရန်'ဆိုကာ ဂုတ်မှဆွဲခေါ်သွားတော့သည်။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now