Part 7

78 8 0
                                    

UN

         လအလင်းရောင်အလျင်းမရှိ သစ်ပင်ကြီးများအရိပ်ကို ကြယ်ရောင်လေးများ အဘယ်သို့ထိုးဖောက်နိုင်အံ့။ ဤလူငယ်၏အကြောက်အလန့်မရှိလိုက်ပုံမှာ ဖယောင်းရုပ်ကလေးကဲ့သို့ နို့နှစ်ရောင်အသားအရေ ၊ ပိုးလုံးကလေးကဲ့သို့ ချစ်စဖွယ်မျက်နှာကလေးများနှင့်ပင်မလိုက်ပေ။ အမှန်ပင်လိုလူငယ်သည် ကျွင့်ကျယ်ဖြစ်ပြီး အရိပ်မဲတို့ပိတ်ဖုံးနေသော တောကြီးထဲ ကျိန်စာနယ်မြေဆီဦးတည်လျှောက်လှမ်းနေသည်။

        သစ်တောသည် အမှန်တကယ်အားဖြင့် အတွင်းပိုင်းထဲထိမဝင်စေရန် အာဏာပိုင်များကိုယ်တိုင် သတိပေးဆိုင်းဘုတ်တို့ဖြင့် တားမြစ်ထားသည်။ ခေတ်အဆက်ဆက်ကပင် အသေအပျောက်များသောနေရာဖြစ်၍တစ်ကြောင်း ဝံပုလွေတို့၏ရန်ကြောင့်တစ်ကြောင်း အတွင်းပိုင်းသို့မဝင်ရန် ဆိုင်းဘုတ်များစွာဖြင့် သတိပေးထားမြစ်ထားခဲ့ကြသည်။

         ဤသို့သောတောထဲသို့ ဖြူဖြူနုနု ချစ်စရာကောင်လေးက တစ်ယောက်တည်း ဝင်ထွက်သွားလာနေသည်မှာ ထိုကောင်လေးအလယ်တန်းကျောင်းသားဘဝကပင်ဖြစ်သည်။ ဒဏ္ဍာရီ ဆိုသော စာရွက်ပေါ်မှအရာများထက် မိမိမျက်လုံးဖြင့်မျက်ဝါးထင်ထင်မြင်လိုက်ရမှယုံချင်သော ဤmerfolkလေးသည် ချန်ဖေးပင်မသိအောင် အန္တရာယ်များသောသစ်တောထဲသို့ မကြာမကြာဝင်ထွက်သွားလာသည်။

         မှတ်တန်းများအရ ဟွမ်နှင့်ရှ အတိတ်ဇာတ်ကြောင်းအားလုံးကို ပြန်ကြည့်နိုင်သော ယင်ယန်ပုံစံမှော်ဝင်ပစ္စည်းသည် ဟွမ်မျက်နှင့် ရှနှလုံးသွေးတို့မှ ဖြစ်တည်လာခြင်းဖြစ်သည်။ အမှန်ပင်တစ်ခြမ်းမှာ merfolkမျက်ရည်ကဲ့သို့ပြာနုနုရွဲနေသော ပုလဲနှစ်ဖြစ်ပြီး ကျန်တစ်ခြမ်းမှာ ရဲရဲတောက်ကာရွဲနေလေ၏။ ကံမကောင်းစွာ ဤပစ္စည်းအား အသက်မသွင်းနိုင်ခင် အနီရောင်အပိုင်းမှာပျောက်ဆုံးသွားရပြီး ကျွင့်ကျယ်လက်ထဲတွင် ပြာနုနုအပိုင်းတစ်ပိုင်းသာကျန်တော့၏။

        လကွယ်ညသည် ထူးခြား၏။ လကွယ်ညတွင် ဝံပုလွေများကို အရိပ်ပင်တွေ့ရလိမ့်မည်မဟုတ်ချေ။ ထို့ပြင် ကျိန်စာနယ်မြေသည် နယ်မြေအစမှသည် ဆုံးသည်ထိ နန်းဆောင်ထဲရောက်နေသကဲ့သို့ ထိန်ထိန်လင်းကာ နက်မှောင်နေသောရေကန်သည်ပင် ကြည်လင်ရှင်းသန့်နေ၏။ ဤနေ့မျိုးသည်မှ ရေကန်ကြမ်းပြင်သို့ သွားရောက်စူးစမ်းရန်အကောင်းဆုံးမဟုတ်လျင် မည်သို့သောရက်မျိုးကမှတတ်နိုင်တော့မည်မဟုတ်။ ထိန်ထိန်လင်းနေသော အလင်းရောင်တို့ကြား ရေကန်တွင်းသို့လူတစ်ယောက်ကျသွားသံမှလွဲ၍ အရာအားလုံးငြိမ်သက်လျက်။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now