Part 9

61 5 0
                                    

UN

"အ့....

         ကျစ်ကွမ်း နာကျင်လွန်း၍ မြေပေါ့သို့ ဒူးထောက်လျက်သား လဲကျသွားရသည်။ ထိုအခိုက် နားထဲပဲ့တင်လာသောအသံသည် ကျွင့်ကျယ်၏ အလွန်မြန်ဆန်သောနှလုံးခုန်သံနှင့် လဲပြိုကျသံဖြစ်၏။ ကျစ်ကွမ်းသည် ချက်ချင်းကျွင့်ကျယ်ရှိရာဆီ ပြန်ပြေးလာခဲ့၏။ အခန်းထဲတွင် ချန်ဖေးရင်ခွင်ထဲတွင် နုံးခွေစွာလဲလျှောင်းနေသော ကျွင့်ကျယ်ကိုမြင်လိုက်ရတော့သည်။

        အမြုတေ၏နာကျင်မှုသည် အချိန်အတော်ကြာမှ ပျောက်ကွယ်သွားသည်။ အချိန်လင့်နေသည့်တိုင် လေးလေးသည်အိမ်မပြန်သေးပေ။ ချန်ဖေးနှင့်လေးလေးသည် ဧည့်ခန်းတွင်ထိုင်လျက် ခေါင်းချင်းရိုက်နေကြသည်။ ကျစ်ကွမ်းသည်တော့ အိပ်ပျော်နေသော ကျွင့်ကျယ်အနားတွင်သာ ကျန်ခဲ့၏။ ကျွင့်ကျယ်အိပ်ပျော်နေပုံမှာ ကလေးငယ်ကဲ့သို့ လွန်စွာအပစ်ကင်းလှ၏။ ထိုသို့မျက်နှာလေးပေါ်တွင် ပင်ပန်းမှုတို့ကြောင့် ဖျော့တော့နေသည်မှာ ကျစ်ကွမ်းနှလုံးသားကို နာကျင်စေသည်။

"တောင်းပန်ပါတယ်

ကျစ်ကွမ်းကို မထိန်းချုပ်နိုင်ခဲ့ဘူး"

       လေးလေးစကားကြောင့် ချန်ဖေးခေါင်းခါလိုက်သည်။

"အဲလိုလည်းဘယ်ဟုတ်မလဲ ကျောင်ပါးပါး

ကံကြမ္မာကိုပြောင်းလဲဖို့ ကျွန်တော်တို့ မတတ်နိုင်ဘူးလေ

ခုချိန်ကျမှာ သူတို့ကို အထိမနာအောင် ကာကွယ်ပေးဖို့ကလွဲပြီး အခြားတတ်နိုင်တာ မရှိတော့ဘူး"

"ကျိန်စာပယ်ဖျက်တာက လိုအပ်တယ်ရှိသေးတယ်

နောက်ထပ်ယင်ယန် တစ်စုံပဲ......

"နောက်ထပ်တစ်စုံ?......

ဒါကတကယ်ရှိနေသေးတာလား?...

      ချန်ဖေးသည် လွန်စွာအံ့ဩောသွားရသည်။ ကျိန်စာပယ်ဖျက်ခြင်းအတွက် ယင်ယန်တစ်စုံသည် ဟွမ် ချန်ခဲ့ပြီး၍ မျိုးဆက်တစ်ခုသာခြားလိုက်သည်။ အစရှာမရအောင်ပျောက်ကွယ်သွားလေရာ မှတ်တန်းများတွင်ပင် တည်နေရာ ရေးသားထားခြင်းမရှိခဲ့ပေ။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now