Part 6

79 7 1
                                    

UN

      အငြှိုးတကြီးရန်လိုနေသော white wolfကြီးရှေ့မှ ဖြူဖြူ နုနုဖယောင်းရုပ်လေးကျွင့်ကျယ်ကို  ရုကျောင်အော်ဟစ်သတိပေးနေပါသော်လည်း ကျောက်ရုပ်ကြီးအလား မလှုပ်မရှက် ရပ်နေဆဲပင်။

      ကျွင့်ကျယ် ကြောက်စိတ်လည်းမရှိသလို ထွက်ပြေးချင်စိတ်လည်းမရှိပေ။ ထိုအစား ရှေ့သို့သာ ဖြည်းဖြည်းချင်းတိုး၍သွားနေမိသည်။ ရုကျောင်မှာတော့ လှမ်းမဆွဲရဲ့သည်ကြောင့် ထိုင်လျက်သာ အော်နေတော့သည်။

"ကျွယ့်....ကျယ်!!..... ကော....ကော!!......

       ရုကျောင်သည်ကြောက်လွန်း၍ အသံများပင် တုန်ယင်နေလေရာ သူမအသံကိုကြားရသည်နှင့် ကျစ်ကွမ်းမည်မျှကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်ပေမည်။ ကျောင်မားမားသည် ခင်ပွန်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသော်လည်း ကျစ်ကွမ်းကိုမတားနိုင်ပေ။ ရုကျောင်သည်လည်း ယုန်ငယ်အလား ကြောက်လန့်ကာတုန်ယင်နေလေရာ ထိုကလေးမကို ဖတ်ထားဖို့ရန်သာရှိ၏။ ထိုအခိုက် တိုက်ဆိုင်စွာ အချိန်မှီရောက်လာသည်က လေးလေးနှင့် ချန်ဖေးဖြစ်၏။

        ကျစ်ကွမ်းသည် ရှေ့သို့ ပို၍တိုးကပ်လာရာ ချန်ဖေးက တားမည်အပြုတွင် ဤဖယောင်းရုပ်လေးကျွင့်ကျယ်၏လက်ဖဝါးက white wolfပါးပြင်နှင့် ထိတွေ့ပြီးဖြစ်သည်။ ချက်ချင်းပင် white wolf၏ မျက်ဝန်းများမှာ သိမ်မွေ့သွားပြီး အရှေ့မှ ဤဖယောင်းရုပ်လေးပခုံးတွင် မှေးတင်လျက်သား။ white wolf သည် တစ်ဖြည်းဖြည်းချင်း သေးငယ်လာပြီး လူသားအသွင်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုစက္ကန့်ပိုင်းအတွင်းနှစ်ယောက်သားမှာ ခွေယိုသွားလေရာ ချန်ဖေးက သူ၏ အဖိုးတန်ရတနာတုံး ဖယောင်းရုပ်ကလေးအား ပွေ့ထားလိုက်သည်။ ကျစ်ကွမ်းသည်လည်း လေးလေးရင်ခွင်ထဲ၌ဖြစ်၏။

         ကျွင့်ကျယ်က ရင်ဘတ်ကိုဖိလျက် အသက်ကိုပြင်းပြင်းရှူနေသလို ကျစ်ကွမ်းကလည်း မူးဝေနေသကဲ့ ခေါင်းကိုဘယ်ညာခါရမ်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် ကျွင့်ကျယ်အနားလျှောက်လာကာ မျက်နှာကိုထိလိုက်သည်။ ချန်ဖေးသည် မတားလိုက်သော်လည်း ကျစ်ကွမ်းအား စက္ကန့်မလပ် စိုက်ကြည့်နေ၏။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now