Part 10

56 4 0
                                    

UN

၆ရက်မြောက်နေ့ဖြစ်၏။ မော်ကွမ်းတိုက်၏အတွင်းပိုင်းသည် ကျစ်ကွမ်းတွက်ဆထားသည်ထက် ပိုမိုရှုပ်ထွေးပေရာ ခဏချင်းတွင် ယင်ယန်၏တည်နေရာကိုရှာရန် ခက်ခဲပေသည်။ သည်နေ့မှသာ ယင်ယန်၏တုန့်ပြန်မှုကို ကျစ်ကွမ်းခံစားမိသည်။ ဤနေရာသည် အတွင်းပိုင်း၌ ချောင်ကျကာမှောင်မိုက်နေသော သိုလှောင်ရာနေရာ ဖြစ်နေ၏။ မနက်ပိုင်းတိုင်းတွင်ဦးကြီးရှိနေလေရာ သူ့အတွက်အဆင်မပြေလှပေ။ ထို့ကြောင့် ညနေပိုင်းတွင်သာ အချိန်ရ၏။ ယနေ့ ယင်ယန်ရှာမတွေ့ပါက မပြန်ရန်ဆုံးဖြတ်ထားရာ မှောင်မိုက်နေသောထိုချောင်တွင် အချိန်ယူကာရှာဖွနေ၏။

ဤနေရာသို့ရောက်သည့်ချိန်မှသည် ယခုချိန်ထိ နှလုံးသားနေရာမှ တစ်ဆထက်တစ်ဆတိုးလာသော နာကျင်ကိုခံစားမိနေသည်။ အစပိုင်းတွင် တောင့်ခံနိုင်သော်လည်း ယခုတွင်တောင့်ခံနိုင်ဖို့ခက်ခဲလာတော့သည်။ ခန္တာကိုယ်မှအဖြူရောင်အမွှေးများပင် တစ်ခါတစ်ခါပေါ်လာနေသည်။ ထိုအခြေနေမျိုးတွင် ကျစ်ကွမ်းမျက်လုံးရဲရဲများထက်တွင် ဝိုးတဝါးအရောင်တောက်နေသော အရာတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာကို သူလက်လှမ်းလိုက်သော်လည်း လက်သည် ထိုအရာဆီသို့မရောက်နိုင် လေထဲတွက်ရပ်တန့်သွားသည်။ သူကိုယ်လည်း ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွား၏။ ထိုအခိုက်..........

အငွေ့သက်တစ်ခု........

ထိုအငွေ့သက်သည် သူ့အတွက်အဝေးကပင်သတိထားမိစေသော အငွေ့အသက်ဖြစ်သည်။ ထို့နောက် ပြေးလာနေသော ခြေသံတစ်စုံကိုပါခံစားလိုက်ရသည်။ ထိုခြေသံသည် မော်ကွမ်းတိုက်ဆီ ဦးတည်လာနေ၏။

"ကျွင့်ကျယ်! .......

ကျစ်ကွမ်းအလန့်တစ်ကြား အပြင်လို့ ပြေးထွက်လာမိသည်။ နှလုံးသား(အမြုတေ)ဆီမှပြင်းထံသောနာကျင်မှုကြောင့် အမြင်အာရုံများ ဝေဝါးလျက်ရှိနေသည်။ အပြင်ဘက်မှ မိမိထံဦးတည်ပြေးလာနေသောအရိပ်သည် လျှင်လျှင်မြန်မြန်ပင် အနားရောက်လာခဲ့သည်။

"ကော......ဟင့်....

အဟင့်.....

ကော..... ကော......

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now