Part 8

71 8 0
                                    

UN

       ယနေ့ညသည် လေးလေးတို့ဇနီးမောင်နှံ၏ နှစ်၂၀ပြည့်မင်္ဂလာနှစ်ပတ်လည်ဖြစ်သည်။ ဧည့်သည်တော့များများဖိတ်မထားသလို ခန်းခန်းနားနားပွဲလုပ်ခြင်းမဟုတ်ပေ။ လေးလေး၏စီးပွားဖက်မိတဆွေအနည်း၊ အိမ်ကလူငယ်လေးတစ်သိုက်နှင့် သူငယ်ချင်းတစ်ဖွဲ့ ၊ ဒေါက်တာချန်ဖေးနှင့် ကျွင့်ကျယ်တို့ တစ်ဖွဲ့သာရှိလေသည်။ လူကြီးငါးယောက်ခြောက်ယောက်သည်တော့ အိမ်အတွင်း ရေနွေးကြမ်းဝိုင်းဖြင့် စကားပြောနေကြပြီး ချန်ဖေးနှင့် ကျောင်မားမားသည် မီးဖိုချောင်တွင် ညစာအတွက်ပြင်ဆင်နေကြသည်။ တုန်းယွမ်နှင့်မန့်မန့်သည်တော့ မီးဖိုချောင်တွင် ကူညီနေသည်လော နှောက်ယှက်နေသည်လောမသိပေ။ လူငယ်တစ်သိုက်သည်လည်း ခြံဝန်းအတွင်း ဂိမ်းပေါင်းစုံအား မထပ်ရအောင်ကစားနေကြသည်။

         ကစားဖို့ရာအဖွဲ့၂ဖွဲ့ခွဲနေခိုက် ဝူချီသည် ဘယ်ချောင်မှရှာတွေ့လာမှန်းမသိသော ကျွင့်ကျယ်ကို ကစားဝိုင်းဆီ ခြေစုံကန်၏ဆွဲခေါ်လာသည်။ ကျွင့်ကျယ်က မလိုက်ချင်မှန်းသိသာနေသော်လည်း ဝူချီ၏အတင်းအဓမ္မဆွဲခေါ်မှာကြောင့် လိုက်ရခဲ့သည်။ ထို့နောက်သူနှင့် ကျောက်ကျောက်ကြားတွင်ကျွင့်ကျယ်ကို ထည့်ထားလိုက်သည်။ ဂိမ်းသည် တစ်ရှူး၅ရွက်အား ပါးစပ်ဖြင့်ကိုက်ကာ လက်ဆင့်ကမ်းခြင်းဖြစ်သည်။ ကျစ်ကွမ်းသည် ဂိမ်းများကို ကလေးကလားဟုဆိုကာ အနောက်ဘက်တွင်ရပ်နေခဲ့သော်လည်း ယခုကျွင့်ကျယ်ရောက်လာ၍ ဂနာမငြိမ်ဖြစ်သွားရသည်။ သို့သော်လည်း သူ့ထက်ဆိုးနေသည်မှာ ရုကျောင်ဖြစ်၏။ သူမမျက်မှောင်ကျုံ့ထားသည်မှာ မိုးပြိုတော့မည့်အတိုင်းပင်။ ကျစ်ကွမ်းသည် အနောက်ဘက်မှနေကာ ကျွင့်ကျယ်၏လှုပ်ရှားမှုမှန်သမျှကို မျက်တောင်မခတ်ကြည့်နေလေသည်။

       ပထမတစ်ရွက်၊............ 

       ဒုတိယတစ်ရွက်၊...........

       တတိတစ်ရွက်အရောက်တွက်တော့ ရုကျောင် သည်းမခံတော့ပေ။ အူတိုလွန်း၍ဆွေ့ဆွေ့ခုန်နေပေပြီ။ ရုကျောင်သည် အနားမှကျစ်ကွမ်းကို ကျွင့်ကျယ်နှင့်ကျောက်ကျောက်ကြားသို့ အားကုန်တွန်းထုတ်လိုက်တော့သည်။ တစ်နေရာကိုသာ အာရုံရနေသောကျစ်ကွမ်းသည် အထိန်းအကွပ်မရှိ ရှေ့သို့ရောက်သွားရာ ကျောက်ကျောက်ထံတစ်ရှူးကမ်းပေးဖို့လှည့်လာသော ကျွင့်ကျယ်မျက်နှာနှင့် ထိလုမတတ်ဖြစ်သွား၏။ ဤနေရာမျိုးတွင် မိန်းကလေးများသည် အဘယ်သို့ မြန်လိုက်လေကြသနည်း။ ဤတစ်စက္ကန့်လေးအတွင်း ကျောက်ကျောက်၏လက်သည် ကျစ်ကွမ်းကျောပြင်ပေါ်ရောက်သွားပြီး တွန်းလိုက်တော့သည်။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now