Part : 3

1.4K 131 16
                                    

ငါမြင်ဖူးတဲ့ ပန်းတစ်မျိုးရှိသေးတယ်၊ ငါ့အတွက်တော့ အလှဆုံးပန်းလေးပဲ ..

"ဒီလိုလုပ်ပါလား၊ ဒီနေ့တော့ မေမေတို့ဆီမှာပဲ သူ့ကိုသိပ်လိုက်မယ်လေ၊ တစ်ဖက်အိမ်ကို လူခေါ်ရှင်းပေးပြီးမှ ဒီကောင်လေးကို လွှတ်ကြတာပေါ့ မဟုတ်ရင် ကလေးငယ်လေးတစ်ယောက်တည်း လူမနေတာကြာတဲ့ အိမ်ကြီးထဲ နေလို့ မသင့်တော်ပါဘူး"

"ဟုတ်ကဲ့ မေမေ၊ မေမေ့သဘောလေ ကျွန်တော်က ဘာဖြစ်ဖြစ်ရတယ်"

အိမ်ရှေ့မှာ ဟိုဟိုဒီဒီ ကြောင်စီစီနဲ့လိုက်ကြည့်နေတဲ့ ကောင်လေးကို လွမ်းနွေ လှမ်းကြည့်လိုက်မိသည်။ ဒီကောင်လေးက တကယ်ကို ဂျစ်ကန်ကန်လေး။

လွမ်းနွေရဲ့ ဘွဲ့ဓာတ်ပုံကို လက်လှမ်းနေတဲ့ထိုကောင်လေးကြောင့် သူ မေမေ့ရှေ့ကနေ အလျင်အမြန်ထွက်လာလိုက်ရင်း ..

"ဟိုတစ်ယောက် .. မင်း .. ပစ္စည်းတွေတော့ လျှောက်မထိနဲ့လေ"

လွမ်းနွေရဲ့ အသံကြောင့်ထင်သည်။ ဓာတ်ပုံဆီသို့ လှမ်းနေသည့် ထိုကောင်လေးရဲ့ လက်တွေက လေထဲမှာတင်ရပ်တန့်လျက်။ တားလိုက်ရသည့် အကြောင်းပြချက်က ရေရေရာရာမရှိခဲ့ပေမယ့်လည်း လွမ်းနွေရဲ့ အကျင့်က ထိုသို့သာဖြစ်သည်။ မိခင်ဖြစ်သူကတော့ ဇီဇာကြောင်တဲ့ လူပျိုကြီးလို့ သမုတ်တတ်သေး၏။

"ငါ့နာမည် အန်ဒရီရာ မာရစ်စတယ်လီယို"

ကျွန်တော်ပြောပါတယ် ဒီကောင်ကလေးဟာ ဂျစ်တစ်တစ်လေးပါလို့။ အခုလည်းကြည့် သူ့ကို ဟိုတစ်ယောက်လို့ခေါ်တာကို မကြိုက်ပုံပဲ။

"အိုခေ .. အန်ဒရီ"

လွမ်းနွေဟာ မှတ်ရအလွယ်ဆုံး စာလုံးကိုသာ သုံးနှုန်းဖြစ်လိုက်သည်။ ထိုအခါ အန်ဒရီ့ရဲ့ မျက်ဝန်းတွေက ပိုမိုဝိုင်းစက်သွားကာ ရွှင်မြူးရိပ်တွေကလည်းအထင်းသား။

"ငါ ကြိုက်တယ်"

ထူးထူးဆန်းဆန်း ရုတ်တရက်ကြီး ထပြောလာခြင်းကြောင့် လွမ်းနွေက ..

"ဘာကို .."

" အန်ဒရီလို့ခေါ်တာ ငါကြိုက်တယ်လို့ပြောတာလေ"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...जहाँ कहानियाँ रहती हैं। अभी खोजें