Part : 10

767 80 6
                                    

ကိုကို နားမလည်ပါဘူး .. ငါက ကိုကို့ကို ဘယ်လောက်တောင်ချစ်ရသလဲ

အန်ဒရီ့ရဲ့ သင်္ကြန်အကျနေ့ တစ်နေ့လုံးက အခန်းထဲမှာနေလိုက်၊ လွမ်းနွေအနားကပ်လိုက်နှင့် ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့လေသည်။

အကြတ်နေ့အတွက်ကတော့ လွမ်းနွေနဲ့ အန်ဒရီတို့ အတူ မြို့ထဲ လည်ကြမယ့်နေ့ဖြစ်၏။ လွမ်းနွေက သူငယ်ချင်းတွေကို အကူအညီတောင်းကာ သူတို့နှစ်ယောက်ကို လာခေါ်ခိုင်းထားသည်။

သူငယ်ချင်းတွေမှာ လွမ်းနွေပါလိုက်မည်ဟု ပြောလေသောအခါ ထူးထူးဆန်းဆန်းကိုဖြစ်လို့ .. သူတို့နှင့် စခင်ကတည်းက လွမ်းနွေဟာ တစ်ကြိမ်တစ်ခါလေးတောင်မှ အခုလိုမျိုး သင်္ကြန်ကို ထွက်လည်တာမျိုး မရှိခဲ့တာကြောင့်ဖြစ်သည်။

လွမ်းနွေက ပုံမှန်ဆိုလျှင် လမ်းထဲက ကလေးတွေ ရေကစားနေတာကို သူတို့အိမ်ရှေ့ ပိတောက်ပင်အောက်ထိုင်ပြီးကြည့်လျှင်ကြည့်၊ သူတို့အိမ်က ဝေတဲ့ မုန့်တွေကို လမ်းမှာတွေ့သမျှ ကလေးတွေကို ပေးတာမျိုး၊ သူတို့ သူငယ်ချင်းတွေ လွမ်းနွေတို့အိမ်ဘက် ကားနှင့်လှည့်လာခဲ့ပြီး ရေလောင်းလျှင်တော့ ခဏတဖြုတ် အလောင်းခံသည်။ ရေလောင်းမယ့်သူသာမရှိလျှင် လွမ်းနွေအတွက်ကတော့ သင်္ကြန်လို့တောင် ခေါ်သေးရဲ့လား မပြောတတ်။ ဒါတောင် လွမ်းနွေက ပွဲတော်တွေထဲ သင်္ကြန်ကို သဘောအကျဆုံးပါဟု ပြောတတ်သေးသည်။

အဲ့လိုမျိုး နေလာတတ်တဲ့ သူဖြစ်တာကြောင့် သူတို့ကားနှင့် အလည်လိုက်မည်ပြောသည့် လွမ်းနွေကို သူငယ်ချင်းများက သိပ်ပြီး မယုံကြည်ရဲ။

ဂျစ်ကားလေးနှင့် ရောက်လာသည့် သူငယ်ချင်းတစ်စုမှာ လွမ်းနွေကိုမြင်သောအခါ ...

"တကယ်ကြီးပါလားကွာ .. မင်းယံ ကြည့်အုံး ငါတို့ဒီနှစ်သင်္ကြန်က သိကြားမင်း မဆင်းလို့ ဘုရားဖြစ်မဲ့ အုတ်နီခဲ ဒီလူပျိုကြီးက တိုင်းသူပြည်သားတွေကို လှည့်လည်ကြည့်ရှုတော့မှာများလားကွာ"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now