Part : 18 (FINALE)

1.1K 99 31
                                    

ငါ့ရဲ့ တစ်ခဏတာ ဘဝအချိန်လေးမှာ ကိုကိုက တစ်ဘဝစာ အရာအားလုံးပါပဲ ..

ခက်ခက်ခဲခဲ ဆောက်တည်ထားခဲ့ရတဲ့ နှလုံးသားရပ်ဝန်းတစ်နေရာက နွေရက်တွေ ပြန်လည်ရောက်ရှိလာခဲ့အခါ တစ်ခါပြန်လို့ နွမ်းနယ်ရတာပါပဲ ..

ပြည်ဖုံးကားချလိုက်ရတဲ့ အတိတ်က နွေရက်တွေကို ကျော်ဖြတ်လာခဲ့တာဟာ လက်ချိုးရေလို့တောင် မတတ်နိုင်တော့တဲ့ ရက်၊လ၊နှစ်တွေ ကြာ​ညောင်းခဲ့လေပြီ။

"ကိုကြီးသားနွေရေ ကျွန်တော်တို့ကို ပိတောက်ပန်းလေးပေးပါအုံး"

ရပ်ကွက်ထဲက ကလေးတွေဟာ လွမ်းနွေကို အခေါ်အဝေါ်တွေပြောင်းလာကြ၏။ သူတို့ငယ်ငယ်ကလည်း လွမ်းနွေက ဒီရုပ်ကလေး၊ သူတို့အရွယ်ရောက်လာတော့လည်း ဒီရုပ်ကလေးက မပြောင်းလဲသည့် လွမ်းနွေဟာ သူတို့အတွက် ဦးတပ်ခေါ်ဖို့ အဆင်မပြေတော့သည့် အနေအထားလို့ပင် ပြောရမလို။

"ခူးသွားကြလေ မင်းတို့ မီသွားကြပြီမလား"

လွမ်းနွေက ပိတောက်တွေမြင်တိုင်း သူ့ကို သတိရစိတ်တစ်ခါတိုးရသည်။

"မီပြီပေါ့ဗျ ကိုကြီးသားနွေရ၊ ကျွန်တော်တို့က အကောင်ထွားလာပြီ ကိုကြီးကသာ အခုထိ ဒီတိုင်း ပုတုန်း၊ နုတုန်း"

လွမ်းနွေက သူ့ကို ပုတယ်ပြောလို့ဒေါသထွက်ရမလို၊ နုတယ်ပြောလို့ ကျေးဇူးတင်ရမလိုပါပဲ။

" အေးပါကွာ .. ခူးသွားကြ၊ လမ်းထဲကိုလည်း ဝေလိုက်ပါအုံးကွာ"

ပိတောက်ပန်း လာတောင်းကြသည့် ကလေးတွေကို ခြံထဲက သူ့ရဲ့ စာအုပ်အငှါးဆိုင်လေးမှ ထွက်ပြောရင်း အိမ်ထဲသို့သာ ပြန်ဝင်ခဲ့လိုက်တော့၏။

" မေမေ .. ဒီနှစ်လည်း ပိတောက်ပန်းတွေစောပွင့်နေတာပဲ"

အဲသည်နှစ်ကလည်း အခုလိုမျိုး ပိတောက်ပန်းတွေ ယခင်ကထက် စောပွင့်ခဲ့သည်မဟုတ်လား။

"ဟုတ်သားပဲ သားနွေရယ်၊ မေမေ ဘုရားကပ်ဖို့တောင် မယူထားရသေးဘူး မေ့နေတာကွယ် ကုန်ပြီလား အခု"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now