Part : 15

755 85 13
                                    

ကိုကို .. ငါ အိမ်မပြန်ချင်ဘူး

"ဘာ .."

လွမ်းနွေရဲ့ အသံဟာ သူတို့ရဲ့ ဧည့်ခန်းထဲမှာ ပဲ့တင်ထပ်လျက်။

လွမ်းနွေဟာ အန်ဒရီ့ဆီမှ .. နေ့စဉ်နေ့တိုင်း အပြင်ထွက်ရခြင်းမှာ သူ့ကျောင်းကို လိုက်လာခဲ့တာဖြစ်ကြောင်း၊ ကျောင်းဂိတ်ဝမှာ စောင့်ကြည့်နေပြီး လွမ်းနွေ အိမ်ပြန်လာတာကို စောင့်ကြည့်နေခဲ့တာဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ .. တုန်လှုပ်မှုတွေက ယခင်ထက် ပိုဆိုးရွားသွားခဲ့၏။

ဒီကောင်လေးဟာ သူ့ကို ဘယ်တော့မှ ပစ်မထားခဲ့။

"ပပ နဲ့ သတင်းနားထောင်လို့ ပပက ပြောပြရင် ကျွန်တော် ကိုကို့ကို စိတ်ပူလို့ပါ"

"..."

" ကျွန်တော် လိုက်လာတာ ကိုကို သိသွားရင် စိတ်ဆိုးမှာလည်း စိုးလို့ .."

"..."

"ငါ ကိုကို့ကို လိုက်နှောက်ယှက်တာမျိုး မဟုတ်ပါဘူး၊ အဲ့လိုမျိုးလည်း မဖြစ်ချင်ဘူး ဒါပေမယ့် ပပလည်း စိတ်ပူနေတာလေ .. ကိုကိုတို့ ကျောင်းဘက်က အခြေအနေမကောင်းဘူးဆိုလို့"

" အန်ဒရီ .. "

လွမ်းနွေက အန်ဒရီဆိုတဲ့ အသံလေး ထွက်လာအောင် မိမိကိုယ်ကိုယ် မနည်းထိန်းလိုက်ရသည်။ သူ့ရဲ့ နှလုံးသားတွေ အခုန်မြန်နေခဲ့တာဟာ အပြင်ကိုခုန်ထွက်လာတော့မလို ..

"ကိုကို ငါ့ကို စိတ်မဆိုးပါနဲ့နော် .. ငါ အိမ်မပြန်ချင်ဘူး .. ကိုကို မမြင်ချင်လို့ မမြင်အောင်နေပေးရမယ်ဆိုလည်း ရတယ်.. ငါ ဟိုဘက်အိမ်မှာ သွားနေမယ် ဒါပေမယ့် ငါ့ကို အိမ်မပြန်ခိုင်းနဲ့"

မျက်နှာငယ်လေးနှင့်ပြောနေရှာသည့်ကောင်ကလေးကို လွမ်းနွေမှာ ဂရုဏာသက်လျက် ပြောစရာစကားများပင် ပျောက်ဆုံးသွားခဲ့လေပြီ။

ဒီကောင်လေးဟာ အသက်ကလေးငယ်ငယ်ကလေးနဲ့ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရှိနေသေးသည် .. သူ့အတွက် အဲဒီလောက်ထိ မပျော်ဝင်နေသင့်ပါ။

လွမ်းနွေက အန်ဒရီ့ကို လျှော့တွက်မိတာ မှားသွားပုံရလေသည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now