Part : 7

1K 88 19
                                    

ကိုကိုက ငါ့ကိုဆို ဆူဖို့ပဲသိတယ် ..

လွမ်းနွေတို့ နှစ်ယောက် သင်္ကြန်ရက်တွေအတွက် ဝယ်စရာရှိသည်များကို ဝယ်ပြီးသည်နှင့် အိမ်သို့ပြန်လာခဲ့ကြ၏။

ကပ်စေးနှဲကို လက်ကကိုင်ကာ စားနေသည့် အန်ဒရီက အခုလိုကျပြန်တော့လည်း တကယ်ကလေးပေါက်စလေးအတိုင်းပါပဲ ..

ဟိုဟာလေးမြင်လိုက် လက်ညှိုးထိုးလိုက် ဒီဟာလေးမြင်လိုက် လက်ညှိုးထိုးလိုက်လုပ်နေသည့် အန်ဒရီ့ကို "မင်းက ကလေးလား" လို့ပြောလိုက်ပြီးတဲ့နောက်မှာတော့ အသံတိတ်ကျသွားတာက ဘေးမှာလူတောင် မပါလာတော့သည့်အတိုင်း။

အဲ့လိုစိတ်ဆိုးသွားပြန်တော့လည်း လွမ်းနွေက မနေတတ်။

"မင်း .. ဒီဟာလေး စားချင်လား"

စျေးအပေါက်ဝမှာ ရောင်းနေသည့် ကပ်စေးနှဲအသည်ကို လက်ညိုးထိုးပြလိုက်တော့ သကောင့်သားကလေးက မျက်လုံးစောင်းလို့ကြည့်လာသည်။

"ဘာလဲ .. ပြန်ချော့တာလား"

လွမ်းနွေက ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရင်း ..

"ပြန်ချော့တယ်ထင်ရင်လည်း ပြန်ချော့တယ်ပေါ့ကွာ .. စားမှာလား ပြီးတော့ ဘာစားချင်လဲ အကုန် တစ်ခါတည်း ဝယ်သွားမယ်လေ"

သူ့ကို နည်းနည်းလေးအာရုံစိုက်လာတော့မှ မျက်စောင်းထိုးကာ စိတ်ပြေသွားရှာသည့် အန်ဒရီက အခုမှပင် ရွှင်ရွှင်လန်းလန်း။ လွမ်းနွေမှာလည်း ဘာကြောင့်မှန်းမသိ ဒီကောင်လေး အသံတိတ်နေတာကို ကျင့်သားမရနိုင်တော့ပေ။

"သင်္ကြန်အတွင်းစားဖို့အတွက် မုန့်တွေ တစ်ခါတည်းဝယ်ခဲ့နော် အန်ဒရီ"

မုန့်တွေ ရွေးချယ်ယူနေတဲ့ အန်ဒရီ့ကိုကြည့်ရင်း အခုမှ သူက တကယ်ကို ညီလေးတစ်ယောက် ကောက်ရလိုက်သလို ခံစားချက်သာဖြစ်လေတော့သည်။

"အန်ဒရီ အဲ့လောက် အများကြီးယူပြီး ဘာလုပ်မှာလဲ"

တစ်စျေးလုံးမှာ ဒီတစ်ဆိုင်သာရှိပြီး ရှိသမျှ မုန့်တွေအကုန် ကျန်ကျောင်းအိတ်နဲ့ အပြည့် ထည့်နေပြန်တဲ့ ထိုကောင်လေးကို လွမ်းနွေ အော်ရပြန်သည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now