Part : 14

649 72 6
                                    

"ဒီအချိန် ခဏလေးမှာ ကျွန်တော်
အကြောက်ဆုံးအရာကို ရှာတွေ့သွားတာပဲ"
ကိုကို .. ခင်ဗျားကို အန္တရာယ် ကင်းစေချင်တယ်။

ကျောင်းတွေစဖွင့်လာတော့ အန်ဒရီနဲ့လွမ်းနွေဟာ တစ်အိမ်တည်းမှာရှိနေပေမယ့်လည်း ဝေးသည်ထက်ဝေးလာရတော့သည်။

ထိုနေ့မှစလို့ အန်ဒရီက လွမ်းနွေနှင့် မျက်နှာချင်းကို မဆိုင်တော့တာဖြစ်၏။ ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တယ်လို့ တွေးထင်ပြီး တော်တော်လေးမုန်းသွားပြီလား ဆိုသည့်စိတ်နှင့် ဖြတ်သန်းနေခဲ့ရသော နေ့တွေ၊ရက်တွေဟာ သူ့အတွက်တော့ မချိတင်ကဲခံစားနေရသည့် အချိန်များပင်ဖြစ်လေတော့သည်။

မိခင်ဖြစ်သူကတော့ ထုံးစံအတိုင်းမေး၏။ သို့သော်လည်း သားတို့နှစ်ယောက် ရန်ဖြစ်ထားကြပြန်ပြီလားဆိုသည့်စကားကို သူက ခေါင်းမညိတ်ခေါင်းမခါဘဲနေလေတော့ ထပ်ပြီး မေးမြန်းလာခြင်းမရှိတော့ချေ။

ကျောင်းတွေစဖွင့်နေပြီဖြစ်လို့ ယခင်အချိန်တွေဆို ကျောင်းလိုက်ချင်တယ်လို့ ချီကျ နေမှာမလွဲ။ ခုတော့ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်လေးတောင် အခန်းထဲက ထွက်မလာသည့် ဂျစ်ပွေးကောင်ကို လွမ်းနွေက စိတ်ဆိုးချင်လာသည်။ ဘယ်လိုပဲပြောပြော အိမ်ပြန်သွားရင်တောင် သူဒီလောက်ခံပြင်းနေမည်မဟုတ်။
တဆုံးဝေးသွားတော့လည်း တဆုံးလွမ်းပစ်လိုက်ရုံသာ .. ။

လွမ်းနွေဟာ မနေနိုင်သည့်အဆုံးမှာတော့ ..

"မေမေ .. ဟိုကလေးရော"

ဖိနပ်ချွတ်နေရင်းနှင့် အိမ်နောက်ဖေးမှ ထွက်လာသည့် မိခင်ဖြစ်သူကို လွမ်းနွေက အသံတိုးတိုးနှင့် မေးလိုက်သည်။ မေမေက အခန်းထဲကို မေးငေါ့ပြရင်း လွမ်းနွေကိုပြုံးကြည့်၏။

"ကလေးနဲ့ အပြိုင်စိတ်မကောက်ရဘူးလေ သားနွေရယ်၊ အန်ဒရီက ဧည့်သည်ပဲလေ အချိန်တန်လို့ အိမ်ပြန်သွားရင် အဲဒီအချိန်မှ ညီလေး လိုချင်လို့တော့ မရတော့ဘူးနော်"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now