မနေ့ ယနေ့ မနက်ဖြန်

75 23 1
                                    

Spring Storyteller အတွက် ၂၀၂၃ ခုနှစ် မတ်လတုန်းက ရေးပေးခဲ့တဲ့ ဇာတ်လမ်းကို ခွင့်ပြုချက်နဲ့ ပြန်လည်မျှဝေလိုက်ပါတယ်နော်၊ ဒီဇာတ်လမ်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးရန်ပုံငွေ အဝါရောင်လေညင်း ebook လေးကို ဝယ်ယူပံ့ပိုးခဲ့သူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Author

.....................................................

"မင်းနာမည်"

"ဖိုးကဲ"

"အဖေနာမည်"

"ဖေကြီး.."

"ဟမ်"

"ဖေကြီးလေ"

"မင်း အမေနာမည်ကရော"

"မေကြီး"

"ဟာကွာ.. မှတ်ပုံတင်ထဲက နာမည်ကိုမေးနေတာ"

"တိမှမတိတာ"

"မသိဘူးလား"

"မတိဘူး"

စာရင်းစာအုပ်တွင် ရေးမှတ်နေသူသည် မော့ကြည့်သည်။ မိမိရှေ့မှာ ရှိနေသူသည် ကလေးငယ်တစ်ဦးဖြစ်နေသည်ကို ယခုမှသိသွားသလို သြော်.. ဟူသည့် အာမေဋိတ်သံပြုသည်။ နေ့စဥ်နေ့တိုင်းလိုလို တွေ့ကြုံနေကြဖြစ်ရပ်မျိုးဖြစ်၍ အံ့သြဟန်တော့မရှိ။

"မင်းတစ်ယောက်တည်းလား"

ကလေးငယ်သည် မဖြေသေးခင် နောက်လှည့်ကြည့်သည်။ "အမ ပါသယ်" ဟု မပီကလာ ရေရွတ်ပြီးမှ ကိုယ့်စကားကို ကိုယ်တိုင်မယုံသလို မျက်တောင်ပုတ်ခတ်ကာ လိုက်ရှာသည်။ တန်းစီနေသူ မြောက်မြားစွာထဲက နောက်နားတွင် ညပ်ကျန်နေသည့် ညစ်ညစ်ပေပေ မိန်းကလေးတစ်ယောက်ရှိရာ လက်ညှိုးညွှန်ပြသည်။

"ဟိုမှာ"

"သူက မင်း အမလား"

"ဟုတ်သယ်"

"ကလေးမ.. ရှေ့ကိုလာခဲ့.."

စာရင်းမှတ်သူက လက်ယက်ခေါ်သည်။ မျက်လုံးဝိုင်းဝိုင်းနှင့် ၈ နှစ်အရွယ် ကလေးမလေးမှာ ကြောက်ရွံ့သလို တွေဝေနေပြီးမှ ရှေ့သို့တိုးလာသည်။ အဖြူစိမ်းဝတ်စုံမှာ စုတ်ပြဲညစ်ပတ်လျက်။ လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားသည်။ ဟောင်းလောင်းပေါက် လွယ်အိတ်ထဲ မည်သည့်စာအုပ်မှ မပါ။ ဒါကို ကလေးမသည် သတိထားမိဟန်မတူ။ ကျောင်းလွယ်အိတ်ကို ပျောက်မသွားရအောင် ဆုပ်ကိုင်ထားသည်။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now