မူပိုင် အပိုင်း (၄) ။
ကြည့်မှန်အဝိုင်းထဲ ပုံရိပ်ပေါ်နေသော ကိုယ့်ကိုယ်ကို ငေးကြည့်ရင်း လည်ပင်းရှိ အရစ်လေးအား ခပ်ဖွဖွ ထိတွေ့နေမိသည်။ ဤအရစ်လေးသည် အချစ်၏ စွန့်စားခြင်း။
" ဒေါ်ဒေါ် "
" အလုပ်သွားတော့မှာလား ဒါလင် "
" အင်း ၊ အပြန်ကျ ငါးသံပုရာပေါင်း ဝယ်လာခဲ့မယ်နော်။ ပြီးတော့ အိမ်ကို မြန်မြန်ပြန်လာခဲ့မယ် "
" မြ စောင့်နေပါ့မယ် "
ဒေါ်မြရံခြယ်ရဲ့ နဖူးလေးကို ခပ်ဖွဖွ နမ်းပြီးနောက် အိမ်အောက်ထပ်သို့ မူပိုင် ဆင်းသွားလေသည်။ တစ်ဆက်တည်းမှာပဲ ဒေါ်မြရံခြယ် အခန်းထဲသို့ တီချယ် ဝင်လာခဲ့၏။
" ဒေါ်မြရံခြယ် "
" ဘာပြောဖို့လဲ မသိဘူး "
" ဒီကနေ ထွက်သွားပေးပါ "
" ဘယ်လို "
" ဘယ်အရပ်ကလာမှန်း မသိ ၊ ဘယ်လိုလူမှန်း မသိဘဲနဲ့ အိမ်ပေါ်ခေါ်တင်ထားဖို့ မလိုဘူး ထင်ပါတယ်။ ပိုင်လေးက အတိတ်ကနေ ရုန်းမထွန်နိုင်တဲ့သူမို့ ဘာမှမပြောပေမဲ့ အုပ်ထိန်းသူတစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ ပြောသင့်တာပြောရမှာပဲ "
" ဘယ်အရပ်ကလာမှန်း ၊ ဘယ်လိုလူမှန်းဆိုတာ မူပိုင်ကိုယ်တိုင်တောင် မမေးမြန်းတဲ့ ကိစ္စပါ။ အဲဒါကြောင့် ဘေးလူတွေကို ရှင်းပြနေဖို့ မလိုဘူး။ မြ ပြောတာကို နားလည်မယ် ထင်ပါရဲ့ "
" ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေတာလား ဒေါ်မြရံခြယ် "
" မြ ပြောတဲ့အထဲ စိတ်ဆိုးစရာ မပါလောက်ဘူး ထင်တယ်။ တကယ်လို့ မြ အကြောင်းကို သိချင်တယ်ဆိုရင် မူပိုင် ပြန်လာတဲ့အခါ သူ့ကိုမေးခိုင်းပါ။ သူသာမေးလာမယ်ဆို မြ ဖြေဖို့အသင့်ပါပဲ "
ဤစံအိမ်ကို ပြန်လာရသည့် အကြောင်းပြချက်ဟာ ရိုးရိုးကလေး။ မြ လောဘမကြီးပါ ၊ ချစ်ရသူရဲ့ မနီးမဝေးလေးတွင်သာ ရှင်သန်ချင်မိသည်။ မြကို မှတ်မိဖို့ ၊ မမှတ်မိဖို့ဆိုပြီး ရည်ရွယ်ချက်မျိုး မရှိ။ မူပိုင် မမှတ်မိလည်း မြ အချစ်ဟာ ဘယ်သောအခါမှ ပြောင်းလဲသွားမည် မဟုတ်ပေ။
YOU ARE READING
မူပိုင် [အတွဲ နှစ်]
Romance❝ ကျုပ်က ကျုပ်အပိုင်ကို မတွေ့တွေ့အောင် ပြန်ရှာနိုင်တယ် ❞