Chapter 21

1K 112 0
                                    

Chapter 21
November 02, 2023
အပိုင်း(၂၁)

အိမ်ပြန်ရောက်ချိန်တွင် ချင်းရှင်း တစ်ယောက် ပျင်းရိမနေခဲ့ပေ။ အစားအသောက်လှည်းက အသစ်ဖြစ်သော်လည်း ချင်းရှင်းက အကုန်လုံးကို ဆေးကြောလိုက်သည်။ မီးဖိုချောင်သုံးပစ္စည်းတိုင်းကိုလည်း ပိုးသတ်လိုက်ပြီး အားသွင်းပလက်နှင့်ချိတ်ဆက်လိုက်ကာ အစ်မမေ့၏ ဆိုင်တွင် ဘယ်ရီသီးများထပ်ဝယ်ဖြည့်လိုက်ပြီး လှည်းကို ရေဖြည့်လိုက်သည်။

ဘယ်ရီသီးဖြည့်ရန်နှင့် ရေဖြည့်ရန်အတွက် အချိန်ကြာမည်ဖြစ်၍ ချင်းရှင်းက တတိယထပ်သို့ အရင်ပြန်လိုက်သည်။"ရှင်းရှင်း" ဟူသည့် ဆိုင်နာမည်ကိုစာရင်းသွင်းပြီးနောက်တွင်ချင်းရှင်းက လိုဂိုအပ်ရန်အတွက် တစ်ယောက်ယောက်ကို ရှာချင်နေခဲ့သည်။ အခြေအနေများက အကန့်အသတ်ရှိနေပါသော်လည်း ရှင်းချင်းက သူမ၏ အစားအသောက်အထုပ်များတွင် သူမ၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကို ထည့်ချင်နေသည်။

ချင်းရှင်းက ယခင်ဘဝမှ အနုပညာ ဒီဇိုင်နာ ရှောင်ဖန်းဟုခေါ်သည့် နာမည်ကြီး လိုဂို ဒီဇိုင်နာကို မှတ်မိနေဆဲဖြစ်သည်။

ချင်းရှင်းက တစ်ဖက်လူကို ဝေ့ပေါ်၌ အရင်ဆုံးဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဝေ့ပေါ်ထဲ ဝင်လိုက်သည်နှင့် သူမ၏ဝေ့ပေါ်အကောင့်အောက်တွင် ကောမန့်များစွာရှိနေကြောင်းတွေ့လိုက်ရသည်။ ချင်းရှင်းက အစားဘုရင် ပဲစေ့ကြောင့် ဖော်လိုဝါ ငါးသောင်းအထိ ရောက်နေပြီ ဖြစ်သော်လည်း လွန်ခဲ့သည့် ရက်များအတွင်း ဝေ့ပေါ်ထဲ မဝင်မိခဲ့ချိန်တွင် ဖော်လိုဝါက တစ်သိန်းအထိ တဖြေးဖြေးချင်း တိုးလာခဲ့လေသည်။

ချင်းရှင်း ထိုကောမန့်များကို ကြည့်လိုက်မိချိန်တွင် အများစုကမကောင်းသည့် မှတ်ချက်များသာ ဖြစ်နေသည်။

ချင်းရှင်း၏ ပြီးခဲ့သည့် ဝေ့ပေါ်ပို့စ်၏ အောက်တွင် လိုက်ခ်အများဆုံးရနေသည့် ကောမန့် တစ်ခုရှိနေသည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now