Chapter 83

285 41 0
                                    

အပိုင်း(၈၃)

"ကောင်းပြီ" 

ထန်ရှီးလန်က ချင်းရှင်းကို လက်ပြလိုက်ပြီး ချင်းရှင်းထက် ပိုဝေးသည့် အကွာအဝေးသို့ စမ်းမောင်းသွားခဲ့သည်။ 

ထန်ရှီးလန်က ငွေကြေးစီမံသူ ဖြစ်သဖြင့် ချင်းရှင်း၏ ပိုင်ဆိုင်မှုများကို အလဟဿ မဖြစ်စေရန် သေချာစိစစ် ရွေးချယ်နေခဲ့သည်။

ထန်ရှီးလန်က ရှောင်လီကိုကြည့်ပြီး "ကျွန်မ နောက်ထပ် ကားတစ်စီးကို စမ်းကြည့်ချင်တယ်" ဟုပြောလိုက်သည်။

"ကောင်းပါပြီ ခဏစောင့်ပေးပါ" 

ရှောင်လီက အလုပ်ခုံတန်းဆီသို့ တစ်ဖန်ပြေးသွားပြီး ကားသော့ကို ယူလိုက်သည်။

ရှောင်လီကို ကြည့်၍ လုပ်ဖော်ကိုင်ဖက်များက 

ခေါင်းခါပြီး "ဒီရှောင်လီကတော့ တော်‌တော်တုံးတာပဲ" ဟုရေရွတ်နေခဲ့ကြသည်။

ထန်ရှီးလန်က ကားများစွာကို ထပ်မံစမ်းသပ်ခဲ့ပြီး ရှောင်လီကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးနေခဲ့သည်။ 
နေ့လယ် (၁၂)အချိန်ရောက်မှ ထန်ရှီးလန်က သူမ လိုချင်သည့်ကားကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

"ဒီကားနဲ့ ခုနက မိန်းကလေးစမ်းခဲ့တဲ့ SUV နှစ်စီးဝယ်ချင်တယ်။ ကျွန်မကို စာချုပ်ချုပ်ဖို့ ကူညီပေးပါ" 

ထန်ရှီးလန်၏ စကားကို ရှောင်လီက မတုံ့ပြန်သဖြင့် ထန်ရှီးလန်က ထပ်ခါတလဲလဲ ပြောလိုက်ရသည်။

ရှောင်လီက အံ့အားသင့်စွာဖြင့် "အစ်မ ပြောတာက နှစ်စီးလုံး ဝယ်မှာလား" ဟုထပ်မံ မေးမြန်းလိုက်သည်။
"ဟုတ်တယ်လေ" 


ထန်ရှီးလန်၏ အတည်ပြုစကားကြောင့် ရှောင်လီက စာချုပ်ကို အလုပ်ခုံဆီသို့ လာယူသောအခါ သူမ၏ လုပ်ဖော်ကိုင်ဖက်များက အံ့သြစွာဖြင့် "အဲ့မိန်းကလေးက တကယ် ကားဝယ်မယ်တဲ့လား" ဟု‌ဝိုင်းဝန်း‌ မေးမြန်းကြတော့သည်။


"သူက ဘယ်ကားဝယ်မှာလဲ"
"ဝယ်ရင်လည်း စျေးအသက်သာဆုံးကားပဲ ဖြစ်ရမယ်"

လုပ်ဖော်ကိုင်ဖက်များ၏ စကားကြောင့် ရှောင်လီက "ဟိုကားနဲ့ ခုနက မိန်းကလေး စမ်းမောင်းသွားတဲ့ SUVကား နှစ်စီးဝယ်မှာ" ဟုကားများကို ညွှန်ပြ၍ ပြောလိုက်သည်။

"နှစ်စီးတောင် ဝယ်မှာလား" 

လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အံ့ဩတကြီး ထ

အော်လိုက်သဖြင့် ရှောင်လီက ခေါင်းညိတ်ပြကာ ထန်ရှီးလန်ဆီသို့ လျှောက်သွားခဲ့သည်။ 

...

ချင်းရှင်းက တက္ကစီစီး၍ ဈေးသို့ သွားပြီး ပါဝင်ပစ္စည်းများကို ဝယ်ကာ အိမ်သို့ ပြန်လာခဲ့သည်။

အိမ်သို့ ပြန်ရောက်‌သောအခါ ချင်းရှင်းက ဝယ်လာသော ငါးကို ထုတ်၍ ရေဆေးကာ ပါးဟက်များကို ဖယ်လိုက်သည်။

ထို့နောက် ကြက်သွန်မြိတ်များကို ရေဆေးပြီး မီးဖိုပေါ်ရှိ ပေါင်းအိုးထဲသို့ ဖြန့်ခင်းလိုက်သည်။ 

ပြီးနောက် ငါးကိုထည့်ပြီး အပေါ်ယံမှ ပဲငံပြာရည်နှင့် နှမ်းဆီကို သုတ်လိုက်သည်။

ချင်းရှင်းက ထိုနည်းအတိုင်း ငါးသုံးကောင်ကို ပေါင်းအိုးသုံးဆင့်ထဲသို့ ထည့်ကာ ရေနွေးငွေ့ဖြင့် ပေါင်းလိုက်သည်။ 

ထို့နောက် ချင်းရှင်းက ငါးတစ်ကောင်ကို ထုတ်၍ ယူမြည်းလိုက်သည်။ 

ကျန်သည့် ငါးများကို ချင်းရှင်းက စနစ်ထဲရှိ ရောင်းချသည့် နေရာသို့ ပို့လိုက်ပြီးနောက် ငရုတ်ဆီနှင့် ဝိုင်များကို ဆက်လက် ပြုလုပ်နေခဲ့သည်။

နေ့ခင်းဘက်တွင် ထန်ရှီးလန်က ချင်းရှင်း ဝယ်ထားသောကားကို မောင်းလာပြီး ခြံဝင်းထဲတွင် ရပ်ထားလိုက်သည်။ 

နှစ်ယောက်သား စကားစမြည်ပြောကြပြီးနောက် ထန်ရှီးလန်က ပြန်သွားခဲ့သည်။
ချင်းရှင်းက ညဥ့်နက်သည်အထိ အလုပ်များနေခဲ့ရာ လွတ်နေသောအိုးများ ပြန်ပြည့်သွားခဲ့သည်။

ထို့နောက် ချင်းရှင်းက အနားယူရန် ဒုတိယထပ်သို့ ပြန်လာခဲ့သည်။

...

နောက်တစ်နေ့ မနက်(၇)နာရီတွင် ချင်းရှင်းက နိုးလာခဲ့ပြီး အဝတ်အစားလဲ၍ ဈေးသို့ မောင်းသွားခဲ့သည်။ 

ချင်းရှင်းက ဈေးမှ လတ်ဆတ်သော ခရုများကို ဝယ်လာခဲ့သည်။ 

ပါဝင်ပစ္စည်းများကို ဝယ်ပြီးနောက် ချင်ရှင်းက အိမ်သို့ ပြန်မောင်းလာခဲ့သည်။
ကားကို ခြံဝင်းထဲသို့ မောင်းဝင်လာသောအခါ ချင်းရှင်းက တံခါးဝ၌ ရပ်စောင့်နေသော ကုဝူယွီကို တွေ့လိုက်ရသဖြင့် "ရှင်ဘယ်တုန်းက ရောက်နေတာလဲ" ဟုမေးလိုက်သည်။
ကုဝူယွီက ချင်းရှင်းဆီသို့ လျှောက်လာပြီး လက်ထဲမှ အထုပ်များကို ကူဆွဲပေးလိုက်ကာ "ကိုယ် အခုပဲရောက်တာ" ဟုပြန်ဖြေလိုက်သည်။

ချင်းရှင်းက တံခါးဖွင့်လိုက်ပြီး ကုဝူယွီက အထုပ်များကို မီးဖိုချောင်ထဲသို့ ပို့ပေးခဲ့သည်။ 

ချင်းရှင်းက "ရှင်အပြင်မှာ ခဏထိုင်စောင့်ဦးနော်" ဟု

ပြောလိုက်သဖြင့် ကုဝူယွီက ခေါင်းညိတ်ပြပြီး ချင်းရှင်း ချက်ပြုတ်နေသည်ကို အပြင်ဘက်မှ ရပ်ကြည့်နေခဲ့သည်။ 

ချင်းရှင်းက သူမဝယ်လာသော ခရုကို ရေစိမ်ပြီးနောက် ကြက်သားကို ထုတ်၍ ရေဆေးကာ အိုးတစ်လုံးထဲသို့ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို ထည့်ပြီး ပြုတ်လိုက်သည်။ 

ထို့နောက် ချင်းရှင်းက ခရုအတွင်းမှ အသားများကို ထုတ်ယူကာ ကြက်စွပ်ပြုတ်ထဲသို့ ထည့်လိုက်သည်။ 

ထို့နောက် ချင်းရှင်းက ခရုအသားကို ပါးပါးလှီးလိုက်သည်။ 

ပြီးနောက် လှီးထားသော ခရုများကို ပန်းကန်နှစ်လုံးထဲသို့ ထည့်လိုက်ပြီး အပေါ်မှ ကြက်ပြုတ်ရည်ကို ထည့်လိုက်ကာ ကုဝူယွီထံသို့ ပန်းကန်တစ်လုံး ကမ်းပေးလိုက်သည်။

ကုဝူယွီက ပါးပါးလှီးထားသော ခရုအသားနှင့် ကြက်ပြုတ်ရည် ပေါင်းစပ်ထားသော ဟင်းရည်တစ်ဇွန်းကို 

ယူသောက်လိုက်သောအခါ အကြီးကျယ်ဆုံး umami အရသာကို ခံစားလိုက်ရသဖြင့် ကျေနပ်သွားကာ "မင်းရဲ့ ဟင်းချက်စွမ်းရည်က ပိုတိုးတက်လာတယ်" ဟုချီးမွမ်းလိုက်သည်။

ကုဝူယွီက ချင်းရှင်း လုပ်ထားသော ကော်ပြန့်မုန့်ကို ပထမဆုံး စားခဲ့သည့်အချိန်ကို မှတ်မိနေခဲ့သေးသည်။ 

ထိုအချိန်က ကော်ပြန့်မုန့်၏ အရသာက စားနိုင်ရုံလောက်သာ ဖြစ်ပြီး ချင်းရှင်း၏ ခန္ဓာကိုယ်ရနံ့က အလွန်ဆွဲဆောင်မှု ရှိနေသောကြောင့်သာ ကုဝူယွီက မုန့်ကို ကုန်အောင်စားခဲ့ခြင်း ဖြစ်သည်။ 

ယခုအချိန်တွင် ချင်းရှင်း၏ လက်ရာက ပို၍တိုးတက်လာသည်မှာ သိသာထင်ရှားလာခဲ့သည်။

"တကယ်လား" 

စားသောက်ဆိုင် အသွင်ပြောင်းပြီး နောက်ပိုင်းမှစ၍ ချင်းရှင်းက နေ့တိုင်း ဟင်းချက်နည်းများကိုသာ 

လေ့လာပြီး လေ့ကျင့်နေခဲ့သည်။

ကုဝူယွီက "အင်း။ ကိုယ် ဒီလနှောင်းပိုင်းမှာ နိုင်ငံခြားသွားဖို့ စီစဉ်ထားတယ်" ဟုပြောလိုက်သဖြင့် ချင်းရှင်းက ကုဝူယွီက မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောသည်ကို နားမလည်သောကြောင့် အံ့ဩသွားခဲ့သည်။ 

ကုဝူယွီက ချင်းရှင်း၏ အမူအယာကို မြင်သွားပြီး “လက်ရှိမှာ ငရုတ်ဆီနဲ့ ဝိုင်တွေကို တစ်နိုင်ငံလုံးမှာ ရောင်းချနေတယ်။ ဒါပေမယ့် နောက်ပိုင်း နိုင်ငံခြားဈေးကွက်ကိုပါ ရောင်းချဖို့ စီစဉ်ထားတယ်” ဟုဆက်ပြောလိုက်သည်။

ချင်းရှင်းက သူမ လုပ်ထားသော အစားအစာများကို နိုင်ငံရပ်ခြားသို့ တင်ပို့ ရောင်းချရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် "ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲ" ဟုမေးလိုက်သည်။

"မလိုသေးဘူး။ ဒါပေမယ့် မနက်ဖြန် မင်းကိုယ်နဲ့ တစ်နေရာကို တူတူသွားလို့ရမလား"

"ဘယ်ကို သွားရမှာလဲ" 



ကုဝူယွီ ပြောချင်သည့် စကားက ပြီးသွားပုံရသဖြင့် ချင်းရှင်းက "ဒါနဲ့ ကျွန်မ ဟော့ပေါ့ဆိုင် ဖွင့်ချင်တယ်။ ရှင့်အနေနဲ့ ဘယ်လိုမြင်လဲ" ဟုမေးလိုက်သည်။

ကုဝူယွီက ခဏကြာ စဉ်းစားပြီးနောက် "ဒါက အကြံကောင်းပဲ။ ကုအုပ်စုရဲ့ စီးပွားရေး အဆောက်အအုံမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဆိုင်အတွက် ဘယ်လို အပြင်အဆင် ပုံစံမျိုးကို ကြိုက်လဲ" ဟုချင်းရှင်းကို မေးလိုက်သည်။

မမျှော်လင့်ဘဲ ကုဝူယွီက သူမ၏ ဆိုင်ဖွင့်ရန် အကြံအစည်ကို ပြင်ဆင်မှုများပါ စဉ်းစားပေးနေသဖြင့် ချင်းရှင်းက စိတ်ထဲ၌ အနည်းငယ် ထိရှသွားပြီး "ရပါတယ်၊ ဆောင်းရာသီမရောက်ခင် ဖွင့်လို့ရရင်တော့ အရမ်းကောင်းမှာပဲ" ဟုပြောလိုက်သည်။


"ကောင်းပြီ။ ဒါဆို ကိုယ်အရင်ပြန်လိုက်ဦးမယ်။ မနက်ဖြန် မနက်ကျရင် မင်းကိုလာခေါ်မယ်" ဟုပြောပြီး ကုဝူယွီက ပြန်ရန် ပြင်လိုက်သည်။

"အင်း"

ကုဝူယွီက ကုမ္ပဏီသို့ ပြန်လာပြီးနောက် လုယိမင်ကို အခန်းထဲသို့ ချက်ချင်း ခေါ်လိုက်သည်။

လုယိမင် "သူဌေး ဘာခိုင်းစရာ ရှိလို့လဲ" ဟုမေးလာသောအခါ ကုဝူယွီက "ဟော့ပေါ့ဆိုင် ဖွင့်ဖို့အတွက် ပရိုဂရမ် တစ်ခုကို သုံးရက်အတွင်း ပြင်ဆင်လာခဲ့" ဟုပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သူဌေး။ နောက်သုံးရက်ကြာရင် ကျွန်တော် သူဌေးကို ကျေနပ်လောက်မယ့် အစီအစဥ်တစ်ခု ပေးပါ့မယ်" ဟုပြောပြီး လုယိမင်က စီမံကိန်းအစီအစဥ်ကို ဆွေးနွေးရန် သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းတွေ့ဆုံခဲ့သည်။

...

ချင်းရှင်းက စနစ်ထဲသို့ ဝင်သွားပြီး သူမ၏ ကိုယ်ပိုင် အရည်အချင်းတန်ဖိုးကို ကြည့်လိုက်သည်။ 

ထိုတွင် ဟင်းချက်စွမ်းရည် ကော်လံက 100 ကို ပြသနေခဲ့သည်။ 

ချင်းရှင်းက ခရုဟင်းရည်ကို စနစ်ထဲတွင် ရောင်းချခဲ့ပြီး စာတိုများကို ဖတ်လိုက်သည်။ 

ပို့ထားသောစာများအရ အတော်များများက ဝက်သားနှပ်ဟင်းလျာကို စားချင်နေကြသည်။ 
ထို့ကြောင့် ဝက်သားနှပ် ဟင်းပွဲများကို ချက်ပြုတ်ရန်အတွက် စနစ်ထဲမှ ပြန်ထွက်လာပြီး ချင်းရှင်းက အလုပ်များနေခဲ့သည်။

ထို့နောက် ချင်းရှင်းက သူမကိုယ်တိုင်အတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်၍ စားပြီးနောက် အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။

အချိန်စောနေသေးသဖြင့် ချင်းရှင်းက သူမ၏ Weibo ကို ဖွင့်ကြည့်လိုက်ရာ ပရိတ်သတ် ၂၈ သန်း

အထိ ရှိနေပြီကို တွေ့လိုက်ရသည်။ 

ချင်းရှင်းက မှတ်ချက်များကို စစ်ဆေးခဲ့ပြီး မကြာမီတွင် #ရှင်းရှင်းရဲ့ ခြံဝင်းထဲကမြေအိုးများ# ဟူ‌သော ခေါင်းစဉ်ကို တွေ့လိုက်ရသည်။ 

သူမ၏ ပရိတ်သတ် အများစုက အိုးထဲ၌ မည်သည့်အရာများ ရှိနေသည်ကို သိချင်နေခဲ့ကြသည်။

ချင်းရှင်းက ခဏတာ စဉ်းစားပြီးနောက် Weibo ပေါ်၌ ပို့စ်တင်လိုက်သည်။
[ရှင်းရှင်းရဲ့ အစားအသောက်ကမ္ဘာ- #ရှင်းရှင်းရဲ့ ခြံဝင်းထဲကမြေအိုးများ# ဆိုတာကို ဖော်ပြဖို့အတွက် မနက်ဖြန် နေ့လည် ၃ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်]

ရှင်းရှင်းက Weibo ၌ ပို့စ်တင်ခဲ့ပြီးနောက် သူမ၏ ပရိသတ်များက ချက်ချင်း မှတ်ချက်ပေးခဲ့ကြသည်။

[ရှင်းရှင်းက နောက်ဆုံးတော့ Weibo မှာ ပို့စ်တင်ဖို့ အချိန်ရပြီပဲ]


[ရှင်းရှင်း နောက်ဆုံးတော့ မင်းရဲ့ စကားဝှက်ကို မှတ်မိပြီပေါ့]


ချင်းရှင်းက မှတ်ချက်အချို့ကို ရွေးချယ်၍  စာပြန်ပြီးနောက် အနားယူခဲ့သည်။

နောက်တစ်နေ့ မနက် အိပ်ယာနိုးလာသောအခါ ချင်းရှင်းက Weibo ၌ပို့စ်တင်ရန် ဝိုင်ပြုလုပ်နည်းကို ရိုက်ကူးလိုက်သည်။

ထို့နောက် ချင်းရှင်းက ချက်ထားသောဝိုင်များကို မြေအိုးထဲသို့ ထည့်ပြီး ခြံအနောက်ဘက်သို့ ရွှေ့ကာ မြေကြီးထဲသို့ မြှုပ်ထားလိုက်သည်။

မီးဖိုချောင်ထဲသို့ ပြန်ရောက်သောအခါ ကုဝူယွီက ခြံထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ချင်းရှင်းက တွေ့လိုက်ရသည်။

ချင်းရှင်းက သူမ၏ လက်ကိုဆေးကြောပြီးနောက် 

အိုးကြီးတစ်ခုထဲမှ မုန်လာဥများကို ထုတ်ကာ ခွက်
နှစ်ခုထဲသို့ ထည့်ပြီး ကျန်မုန်လာဥများကို စနစ်ထဲသို့ ထည့်လိုက်သည်။

!!.....!!
...…….................................
......................................... 

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now