Chapter 31

904 99 1
                                    

Chapter 31
Myat ThiriNovember 17, 2023
အပိုင်း (၃၁)

"ဗီလိန်ကြီးပါလား"

ချင်းရှင်းက ကုဝူယွီကိုကြည့်ပြီး သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

ချင်းရှင်းက အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့ကို ရှောင်ရှားလိုသောကြောင့် အဝေးဆုံးနေရာ ဖြစ်သည့် မြို့တော်T သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အရေးကြီးဆုံးမှာ မြို့တော် T သို့ ရောက်ရှိလာပြီးနောက် ချင်းရှင်းက ကုဝူယွီနှင့် တွေ့ရလိမ့်မည်ဟု တစ်ခါမှ မခံစားမိခဲ့ချေ။

ကုဝူယွီက အစားအသောက်နှင့် ပတ်သက်ပြီး ချေးများသည့်အပြင် အလုပ်လုပ်နေလျှင် ရက်အတော်ကြာ အစားမစားဘဲ နေကြောင်းကို ချင်းရှင်းက သတိရသွားသည်။

ထိုအားနည်းချက်ကြောင့်ပင် အမျိုးသားနှင့်

အမျိုးသမီးဇာတ်ဆောင်က ကုဝူယွီကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ချင်းရှင်းက ကြောင်ရပ်နေချိန်၌ မေ့ကုန်းလန်ကလည်း မင်သက်နေခဲ့သည်။

မေ့ကုန်းလန်က ယခုအသက်အရွယ် ရောက်သည်အထိ ဤမျှ ခန့်ညားချောမောသော လူငယ်တစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ ထိုလူငယ်က ကိုယ်နေဟန်ထားပါ ကြည့်ကောင်းနေခဲ့သည်။

လုယိမင်က ချင်းရှင်းကို စိတ်ဝင်စားလျှင် မေ့ကုန်းလန်က ထောက်ခံပေးမည် မဟုတ်သော်လည်း ကားပေါ်ရှိလူသာ ချင်းရှင်းကို စိတ်ဝင်စားပါက မေ့ကုန်းလန်က အခိုင်အမာ ထောက်ခံပေးလိမ့်မည် ဖြစ်သည်။

သို့သော် ချင်းရှင်းသာ မေ့ကုန်းလန်၏ အတွေးများကို သိသွားပါက ခေါင်းကို ပြတ်ပြတ်သားသား ခါမိ

လိမ့်မည် ဖြစ်သည်။

.....

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now