Chapter 79

248 38 0
                                    

အပိုင်း(၇၉)

မျှော်လင့်ထားသည့်အတိုင်း Sanpisi ဟင်းပွဲကို အမှတ် 100ဖြင့်သာ ရောင်းချနိုင်ခဲ့သည်။

စနစ်၏ အမှတ်များကိုကြည့်ရင်း ချင်းရှင်းက စနစ်ထဲမှ နောက်ထပ်ခြံတစ်ခြံကို မည်သည့်အချိန်၌ ဖွင့်နိုင်မည်ကို သိချင်နေမိသည်။

ချင်းရှင်း စနစ်ထဲမှ ထွက်လာပြီးနောက် ကုဝူယွီထံမှ "လင်းနန်လမ်းမှာ စားသောက်ဆိုင် အသစ်တစ်ခု ဖွင့်ထားတယ်။ ဆိုင်နာမည်က Southeast Asia လို့ခေါ်တယ်။ အွန်လိုင်းပေါ်မှာ‌တော့ တော်‌တော်နာမည်ကြီးတယ်။ သောကြာနေ့ကျရင် ကိုယ်တို့အဲ့မှာ သွားစားကြည့်ကြမလား" ဟူသောစာတိုကို လက်ခံရရှိခဲ့သည်။

ထိုစာကို မြင်လိုက်သောအခါ ချင်းရှင်းက အံ့သြသွားခဲ့သည်။ 

ချင်းရှင်းက အကြောင်းပြန်ရန် နှောင့်နှေး‌နေသဖြင့် ကုဝူယွီက လုယိမင်၏ ပြောစကားများကို သတိရ

သွားကာ "အဲ့မှာ ကိုယ်တို့ ဝိုင်နဲ့ ငရုတ်ဆီအကြောင်းလည်း ဆွေးနွေးကြမယ်" ဟုထပ်မံပို့လိုက်သည်။

ထိုအခါမှ ချင်းရှင်းက ခဏကြာစဉ်းစားပြီး သဘောတူလိုက်သည်။

ကုဝူယွီကို သဘောတူပြီးနောက် ချင်းရှင်းက မနက်ဖြန် နေ့လည်ပိုင်း ဆိုင်ပိတ်မည်ဟု LED ဖန်သားပြင်ပေါ်တွင် ကြာသပတေးနေ့၌ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

နေ့ခင်းပိုင်းတွင် နားမည်ဟု ထန်မန်ရင်းက ကြားလိုက်သောအခါ "ကိစ္စ တစ်ခုခုရှိလို့လား" ဟုချင်းရှင်းအား မေးမြန်းလိုက်သည်။

ချင်းရှင်းက "မစ္စတာကုက အတူတူထမင်းစားရင်း  အလုပ်ကိစ္စ ပြောဖို့ ချိန်းထားလို့" ဟုပြန်ဖြေခဲ့သည်။

ထန်မန်ရင်းက ကုဝူယွီ၏ မျက်လုံးများတွင် ချင်းရှင်းအပေါ်  မေတ္တာသက်ဝင်နေကြောင်းကို မြင်သော်လည်း ချင်းရှင်းက ထိုအရာကို ရိပ်မိပုံမရချေ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now