Chapter 44

633 68 0
                                    


အပိုင်း(၄၄)

စုရွှမ်က ချင်းရှင်းဟူသော အမည်ကို ကြားလိုက်ရသောအခါ အတန်း၏ အလှလေးမှန်း သိသွားသဖြင့် အံ့အားသင့်သွားသော်လည်း သူတို့ အချင်းချင်း အခေါ်အပြော သိပ်မရှိကြပေ။

ကျန်းရှုရန်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ပြီး လွီယာက ဂုဏ်ယူစွာ ပြုံးလိုက်သည်ကို မြင်လိုက်ရသောအခါ စုရွှမ်က လွီယာ လုပ်ချင်နေသည့် ရည်ရွယ်ချက်ကို နားမလည်နိုင်သဖြင့် ကျန်းရှုရန်ကို ကြည့်၍ "သွားရအောင်" ဟုပြောလိုက်သည်။

သို့သော် ကျန်းရှုရန်က သဘောမတူဘဲ "ငါသွားကြည့်ဦးမယ်" ဟုပြန်ပြောလိုက်သည်။

စုရွှမ်က ကျန်းရှုရန်၏ လက်မောင်းကို ဆွဲလိုက်ပြီး "ထားလိုက်ပါတော့" ဟုဖြောင်းဖျ ပြောဆိုလိုက်သည်။

"မင်းက အမြဲတမ်း ကြင်နာတတ်တယ်။ ငါ ကျန်းရှုရန် ကြိုက်တဲ့ မိန်းမကို ဘယ်သူမှ အပြစ်မတင်စေရ

ဘူး"

စုရွှမ်က သဘောမတူလေလေ ကျန်းရှုရန်က ဒေါသပိုထွက်လေလေဖြစ်ပြီး ဒေါသဖြင့် အခန်း 301 ဆီသို့ အလျင်စလို ထွက်သွားခဲ့သည်။

ကျန်းရှုရန် ထွက်သွားသည်ကို မြင်လိုက်သောအခါ လွီယာ၏ မျက်လုံးထဲ၌ အောင်မြင်သွားသဖြင့် ဂုဏ်ယူနေသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

စုရွှမ်က ကျန်းရှုရန်နောက်သို့ မလိုက်ခင်၌ လွီယာကိုလှည့်ကြည့်ကာ သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမသည် ကျန်းရှုရန်ကို စိတ်မဝင်စားသေးသော်လည်း ကျန်းရှုရန်ကို ဆွဲဆောင်ရန် အခြားသူများကို ခွင့်မပြုချင်ခဲ့ပေ။

...

အခန်း 301 ထဲ၌ ထန်ရှီးလန်က "ငါတို့ အရင်ပြန်ကြရအောင်။ ဒီကဟင်းတွေက တကယ် စားလို့ မ

ကောင်းဘူး" ဟုချင်းရှင်းကို ပြောလိုက်သည်။

ချင်းရှင်းက ခေါင်းညိတ်ပြီး "သွားကြမယ်" ဟုပြောလိုက်သည်။

နှစ်ယောက်သား ထိုင်ခုံမှ ထရပ်လိုက်သောအခါ  သီးသန့်အခန်းတံခါးကို ကန်ဖွင့်၍ ဝင်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအခါ စည်ကားနေသော သီးသန့်ခန်းထဲ၌ ရုတ်တရက် တိတ်ဆိတ်သွားပြီး အားလုံးက တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ကျန်းရှုရန်က ဒေါသသံဖြင့် "ချင်းရှင်းက ဘယ်သူလဲ" ဟုအော်ဟစ် မေးမြန်းလိုက်သည်။

ချင်းရှင်းက ကျန်းရှုရန်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေခဲ့ပြီး အတန်းဖော်များကလည်း ချင်းရှင်းက ကျန်းရှုရန်ကို မည်ကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို သိချင်နေကြသည့် ပုံစံဖြင့် ချင်းရှင်းကို ဝိုင်းကြည့်လိုက်ကြသည်။

ကျန်းရှုရန်က လူတိုင်း၏ အကြည့်များမှ တစ်ဆင့် ချင်းရှင်းကို သိသွားသည်။

"မင်းက ချင်းရှင်းမလား"

လိုက်လာသော စုရွှမ်ကလည်း ချင်းရှင်းကို ကြည့်လိုက်ပြီး ချင်းရှင်းက ယခင်ကထက် ပိုမိုလှပလာပြီး ချင်းရှင်း၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်ရှိသော အနံ့အသက်ကို စုရွှမ်က ခံစားလိုက်ရသည်။

ကျန်းရှုရန် ပေါ်လာသောအခါ အားလုံးက အံ့သြသွားခဲ့ကြသည်။

စုရွှမ်ပါ ထပ်ပေါ်လာသောအခါ အားလုံးက ပို၍ပင် အံ့သြသွားကြသည်။

"ကျန်းရှုရန် ရောက်နေတယ်၊ စုရွှမ်ကလည်း ဒီမှာဘဲ!"

"အိုး ဘုရားရေ... ဒါဆို ကောလဟာလတွေက တကယ်ပေါ့"

"စုရွှမ်က အရမ်းလှတာပဲ"

"မဟုတ်သေးဘူး။ ချင်းရှင်းက ဘာလုပ်ခဲ့တာလဲဆိုတာ မသိချင်ဘူးလား"

"ဟုတ်တယ် ကျန်းရှုရန်ကို မြူဆွယ်ခဲ့တာများလား"

...

ချင်းရှင်းကလည်း ကျန်းရှုရန်နှင့် စုရွှမ်တို့ နှစ်ယောက်ကို ကြည့်လိုက်ရာ စုရွှမ်က ယခုအချိန်၌ ငယ်ရွယ်နေသေးသည်ကို တွေ့လိုက်ရသည်။

ချင်းရှင်း၏ အရင်ဘဝ၌ ဘွဲ့ရပြီး နှစ်အနည်းငယ်အတွင်းတွင် စုရွှမ်၏ပုံစံက ထက်မြက် သန်မာသောအမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ချင်းရှင်းက သူတို့နှစ်ယောက်ကို ကြည့်၍ "ဘာကိစ္စ များလဲ" ဟုမေးမြန်းလိုက်သည်။

ကျန်းရှုရန်က ချင်းရှင်းကို ဤမျှ မျက်နှာ‌ပြောင် တိုက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လေသံက

ပိုအေးစက်လာကာ "မင်းနောက်ကွယ်မှာ တခြားသူတွေအကြောင်းကို မကောင်းပြောနေတာက လူကြီးလူကောင်းရဲ့ အပြုအမူ မဟုတ်ဘူး" ဟုပြောလိုက်သည်။

ထိုအခါ ချင်းရှင်း၏ ဘေးတွင် ရပ်နေသော ထန်ရှီးလန်က "ကျန်းရှုရန် ရှင့်ရဲ့ စကားကို ဘယ်လို သက်သေပြမှာလဲ။ ချင်းရှင်းက ဘယ်သူ့ကို မကောင်းပြောလို့လဲ" ဟုပြန်မေးလိုက်သည်။

ထန်ရှီးလန်က ချင်းရှင်းနှင့် အဆောင်ခန်းထဲတွင် အတူတူ နေထိုင်ခဲ့ဖူးသဖြင့် ချင်းရှင်းက တခြားလူတစ်ယောက်၏ အကြောင်းကို ပြောဆိုနေသည်ကို မမြင်ဖူးခဲ့ပေ။

လွီယာက ချင်းရှင်းအပေါ် မကောင်းသည့်အရာများ လုပ်ခဲ့သော်လည်း ချင်းရှင်းက နောက်ကွယ်၌ လွီယာအကြောင်း တစ်ခါမှ မပြောခဲ့ပေ။

"မင်းက စုရွှမ်ကို မကောင်း ပြောခဲ့တယ်"

"ရှင်မှားသိထားတာ ထင်တယ်။ အခုအချိန်ထိ စုရွှမ်ဆိုတဲ့ စကားလုံးကို ကျွန်မ တကယ် မပြောဖူးဘူး"


ချင်းရှင်း၏ မျက်လုံးများ၌ ပြတ်သားသော အမူအရာကို မြင်လိုက်ရသော စုရွှမ်က အနည်းငယ် ပဟေဠိ ဖြစ်သွားသော်လည်း ချင်းရှင်းအပေါ် အန္တရာယ်ရှိသည်ဟု ခံစားမိသော ခံစားချက်က စုရွှမ်အတွက် ချင်းရှင်းကို ရန်သူကဲ့သို့ မြင်စေခဲ့သည်။

ချင်းရှင်းက ကျန်းရှုရန်၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ "သခင်လေးကျန်း တစ်ချို့စကားတွေကို သေချာစဉ်းစားပြီးမှ ယုံပါ"ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် ကျန်းရှုရန်က စုရွှမ်ကို စိတ်ပူနေသောကြောင့် အခြားသူ၏ အသုံးချမှုကို ခံနေရသည်ကို ယခုအချိန်အထိ မသိသေးဘဲ အမူအရာက ပိုဆိုးလာခဲ့သည်။

ထိုအချိန်တွင် လွီယာက တံခါးမှ ဝင်လာပြီး "ချင်းရှင်းက စုရွှမ်အကြောင်း ပြောတာ ငါတို့ မကြားခဲ့ရပေမယ့် ဒီက အစားအသောက်တွေက အရသာမရှိဘူးလို့ ပြောခဲ့တာကိုတော့ ငါတို့ အတန်းဖော်တွေအားလုံး ကြားတယ်" ဟုပြောလိုက်သည်။


ချင်းရှင်းက အရသာမရှိဟု တိုက်ရိုက် မပြောခဲ့သော်လည်း ထန်ရှီးလန်က အရသာမရှိဘူးဟု ပြောဆိုလိုက်သည့် အချိန်၌ ချင်းရှင်းက သဘောတူခဲ့သည်။

ထန်ရှီးလန်က ဤတစ်ကြိမ်၌လည်း လွီယာ ပါဝင်နေသည်ကို သိသွားသောကြောင့် လွီယာကို စိတ်ထဲမှ အကြိမ်ပေါင်းများစွာ ဆဲဆိုနေခဲ့သည်။

လွီယာ၏ စကားကို အတန်းဖော်များက မချေပကြသည်ကို ကြည့်ပြီး ကျန်းရှုရန်က "ငါတို့ကျန်းမိသားစု ဟိုတယ်ရဲ့ အရသာက ဘာလို့ ဆိုးရမှာလဲ" ဟုချင်းရှင်းကို ပြောဆိုလိုက်သည်။

ထိုအခါ ချင်းရှင်းက "အဲ့ဒါတော့ ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီဟင်းပွဲတွေက တကယ် အရသာမရှိဘူး" ဟုပြန်ပြောလိုက်သည်။

ထန်ရှီးလန်ကလည်း "သခင်လေးကျန်း ကိုယ်တိုင် မြည်းကြည့်ပါလား" ဟုဝင်ပြောလိုက်သည်။

ကျန်းရှုရန်က တခြားသူများ စားထားသော အစားအစာကို မစားနိုင်သဖြင့် မျက်နှာ ချက်ချင်း ပျက်သွားတော့သည်။

လွီယာက "သခင်လေးကျန်း သိမလားတော့ မသိဘူး ကျွန်မတို့ရဲ့ အတန်းဖော် ချင်းရှင်းက မြို့တော် Tမှာ ဆိုင်ဖွင့်ထားတာ။ လက်ရာကောင်းလွန်းလို့ လူတော်တော်များများ တန်းစီပြီး ဝယ်ကြရ
တယ်" ဟုဝင်ပြောလိုက်သည်။

ထိုအခါ ကျန်းရှုရန်က "အိုး မင်းရဲ့ဆိုင်က ဘာဆုတွေ ရထားတာလဲ" ဟုမေးလိုက်သည်။

ဟိုတယ်ဝန်ထမ်းများက သူတို့၏ သခင်လေး ရောက်နေသည်ကို အချင်းချင်း လက်ဆင့်ကမ်း ပြောဆိုလိုက်ရာမှ ခဏအကြာတွင် သီးသန့်အခန်း 301 ၏ အတွင်းနှင့် အပြင်၌ ကြည့်ရှုသူများ ပြည့်သွားခဲ့သည်။

လွီယာက ချင်းရှင်း၏ အကြောင်းကို ကောင်းကောင်းသိနေသည့်ပုံနှင့် ကျန်းရှုရန်နှင့် ရောက်ရှိလာသူအားလုံးရှေ့၌ "ဆုတော့မရဖူးဘူး။ ချင်းရှင်းက မနက်

စာဆိုင် ဖွင့်ထားတာ" ဟုပြောလိုက်သည်။

"မနက်စာ ရောင်းတာ ဟုတ်လား"

လူအုပ်ထဲမှ တစ်ယောက်က ထိုသို့ ထပြောလိုက်သဖြင့် အားလုံးက ချင်းရှင်းကို လှောင်၍ ရယ်မောကြတော့သည်။

ကျန်းရှုရန်ကလည်း ချင်းရှင်းအပေါ် အထင်အမြင်သေးသွားခဲ့သည်။

"ကျန်းဟိုတယ်က အစားအသောက်တွေက တကယ် အရသာဆိုးတယ်"

ထိုအချိန်တွင် လူအုပ်၏ နောက်ကွယ်မှ အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အားလုံးက အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သောအခါ အရှိန်အဝါ ကြီးမားသော လူတစ်ယောက် က အခန်းထဲသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြီးက ထိုလူ၏ အသွင်အပြင်ကြောင့် ထိတ်လန့်သွားကာ ထိုလူကို လမ်းဖွင့်ပေးရန် ဘေးသို့ ကပ်ပေးလိုက်ကြသည်။

"အို ဘုရားရေ၊ ဒါက နာမည်ကြီးများလား"

"အရင်တုန်းက ကျန်းရှုရန်ကို ချောတယ်လို့ ထင်တာ။ ဒီလူက ပိုချောတယ်"

"သူက ကုဝူယွီလေ။ နင်တို့ မမြင်ဖူးဘူးလား"

"ဟုတ်တယ် ဟုတ်တယ် အဲ့ဒါကြောင့် ရင်းနှီးနေတာကို"

"သူက အပြင်မှာ ပိုချောတယ်"

ကုဝူယွီက ချင်းရှင်းဆီသို့ လျှောက်လာခဲ့ပြီး "ကျန်းအုပ်စုရဲ့ စားဖိုမှူးက ဒီအတန်းဖော်ဆီကနေ သင်ယူရဲရဲ့လား" ဟုအေးစက်စက် အသံဖြင့် ပြောလိုက်သည်။

အားလုံးက ကုဝူယွီ ချင်းရှင်းကို ကာကွယ်နေသည် ကို မြင်လိုက်ကြသဖြင့် "မဟုတ်သေးပါဘူး၊ ငါမြင်တာ မမှားဘူးဆိုရင် ကုဝူယွီက ချင်းရှင်းကို ကူညီနေ

တာထင်တယ်" ဟုပြောဆိုကြတော့သည်။

"အင်းနော်။ ချင်းရှင်းက ကံကောင်းလိုက်တာ။ ဒါနဲ့ ချင်းရှင်းနဲ့ ဘယ်လိုသိကြတာလဲ"

"ကုဝူယွီက ချင်းရှင်းကို ကာကွယ်နေတာလို့ မထင်ဘူး။ ကုအုပ်စု နဲ့ ကျန်းအုပ်စုက ပြိုင်ဘက်တွေလေ"

"သြော် သိပြီ။ ရန်သူရဲ့ ရန်သူက သူငယ်ချင်းပေါ့"

ကုဝူယွီ၏ စကားများသည် ကျန်းရှုရန်ကို အကျပ်ရိုက် စေခဲ့သည်။

"ဘာဖြစ်လို့လဲ ဟင်းချက်ပြိုင်ပွဲ လုပ်မယ်‌ဆိုတာကို သခင်လေးကျန်းက ကြောက်နေပြီလား" ဟုကုဝူယွီ က ဆက်ပြောလိုက်သည်။

ရန်စလိုက်သော ဗျူဟာက ကျန်းရှုရန်အပေါ်တွင် အသုံးဝင်သွားပြီး "ကြောက်တယ်လို့ ဘယ်သူပြောလဲ။ ငါက ဒီပြိုင်ပွဲမှာ အနိုင်ရရင် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေတာ" ဟုပြန်ပြောလိုက်သည်။

ထို့နောက် ကျန်းရှုရန်က စုရွှမ်ကို ကြည့်လိုက်ရာ စုရွှမ်က "နင်ရှုံးရင် ကျန်းအုပ်စုကို တောင်းပန်ပြီး မြို့တော် D ကို ဘယ်တော့မှ ပြန်မလာရဘူး" ဟုပြောလိုက်သည်။

ထိုအခါ နားထောင်နေသော လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ချင်းရှင်း၏ အိမ်က မြို့တော် D တွင်ဖြစ်သဖြင့် ဘယ်တော့မှ ပြန်မလာနဲ့ဟူသော စကားက ရက်စက်လွန်းရာ ကျနေခဲ့သည်။

ထို့ကြောင့် အားလုံးက စုရွှမ်အပေါ် အမြင်ပြောင်းသွားကြသည်။

အတန်းဖော် တော်တော်များများက စုရွှမ်ကို လူကောင်းတစ်ယောက်ဟု အစက ထင်ခဲ့ကြသော်လည် စုရွှမ်၏ စကားများက အမှန်တကယ်ပင် သွေးအေး ရက်စက်လွန်းသည်ဟု ခံစားလိုက်ရသည်။

စုရွှမ်ကိုယ်တိုင်ကလည်း အကြောင်းအရင်းကို မသိ

ဘဲ ချင်းရှင်းကို ရန်သူဟု ခံစားနေရသဖြင့် ချင်းရှင်းကို မြို့တော် Dနှင့် အဝေးဆုံးတွင် ထားချင်နေခဲ့သည်။

ထိုအခါ ချင်းရှင်းက "ကောင်းပြီ။ ငါသဘောတူတယ်" ဟုပြန်ပြောလိုက်သည်။

ချင်းရှင်းက မြို့တော် D သို့ ပြန်လာရန် အစီအစဉ်မရှိပေ။

ချင်းရှင်း၏ စကားက ကျန်းရှုရန်ကို အံ့အားသင့်စေခဲ့ပြီး ချင်းရှင်း၏ ဟင်းချက်စွမ်းရည်ကို သိချင်စေခဲ့သည်။

"ဒါဆို မင်းရှုံးရင် ဘာလုပ်ပေးမလဲ" ဟုကုဝူယွီ က ကျန်းရှုရန်ကို မေးလိုက်သည်။

ကျန်းရှုရန်က "တစ်သန်း ပေးမယ်" ဟုပြန်ဖြေလိုက်သည်။

"ဝိုး! တစ်သန်းတောင်လား"

"ချင်းရှင်းသာ နိုင်ခဲ့ရင် သူအလုပ်လုပ်စရာ မလိုတော့ဘူး"

ချင်းရှင်းက ထိုစကားကို ကြားလိုက်သောအခါ ပို၍ အားတက်သွားခဲ့သည်။

သူမ အလိုအပ်ဆုံးအရာမှာ ပိုက်ဆံဖြစ်သည်။

ထိုတစ်သန်းဖြင့် မြို့တော် Tတွင် အိမ်တစ်လုံး ဝယ်နိုင်မည် ဖြစ်သည်။

ကျန်းရှုရန်က ဟိုတယ်မှ ဝန်ထမ်းများကို ပြိုင်ပွဲစရန် ပြင်ဆင်ခိုင်းလိုက်ပြီး "ဒီပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်တွေကရော ဘယ်လိုလဲ" ဟုကုဝူယွီကို မေးလိုက်သည်။

"ဟင်းချက်ပြိုင်ပွဲတွေရဲ့ အကဲဖြတ် ဘုရင် ဒိုင်လူကြီးဝမ်လည်း ဒီနေ့ မြို့တော် D ကို ရောက်နေတယ်"

ကျောင်းသားတော်တော်များများက ပြိုင်ပွဲကို ကြည့်ချင်ကြသဖြင့် အားလုံးက သဘောတူလိုက်ကြသည်။

"ကောင်းတာပေါ့ ဝမ်လီရှင်း က အရမ်းဇီဇာကြောင်

တယ်!"

ကျန်းရှုရန်က နှုတ်ဆိတ်နေချိန်၌ ကုဝူယွီက "ဘာလို့လဲ၊ သခင်လေးကျန်းအတွက် အဆင်မပြေတာ ရှိလို့လား" ဟုမေးမြန်းလိုက်သည်။

"မရှိဘူး! အထွေထွေမန်နေဂျာ သူပြောသလို လုပ်လိုက်ပါ။ အကဲဖြတ်တွေက ဘယ်မှာလဲ။ သူတို့ကို သွားကြိုခိုင်းလိုက်မယ်" ဟုကျန်းရှုရန်က ပြန်ပြောလိုက်သည်။

ကုဝူယွီ၏ နောက်မှ လုယိမင်က ဖုန်းကို လှုပ်ပြလိုက်ပြီး "ကျွန်တော် အခုပဲ အကဲဖြတ်ဒိုင် တစ်ချို့ကို ဆက်သွယ်ပြီး ဟိုတယ်ကို ချက်ခြင်းလာခိုင်းထားတယ်" ဟုပြောလိုက်သည်။

ကျန်းရှုရန်က ကုဝူယွီကို ကြည့်ပြီး ထိုပြိုင်ပွဲကို ကုဝူယွီ ကြိုတင်စီစဉ်ထားသည်လားဟုပင် သံသယဝင်သွားတော့သည်။

!!.....!!
...…….................................

.........................................

အပိုင်း (၄၄) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now